Main menu
HOT NEWS
adv
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ရန်ကုန်မြို့ ပြ အမွေအနှစ်အဖြစ်  သတ်မှတ်မည်

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ရန်ကုန်မြို့ ပြ အမွေအနှစ်အဖြစ် သတ်မှတ်မည်

ရန်ကုန်

ကိုလိုနီခေတ် အဆောက်အအုံ လက်ရာများနှင့် သက်တမ်းနှစ် ၁ဝဝ ကျော်ရှိသော ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ပြီး အပြာရောင် ကမ္ပည်းပြား တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှသိရသည်။ ''အပြာရောင်ကမ္ပည်းပြားတွေကိုကျန်တဲ့ ရှေးဟောင်း အဆောက်အအုံတွေ မှာတပ်မှာပါ။ လောလောဆယ် ဆွေး နွေးနေတာကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောက်အအုံကြီးကို တပ်ဖို့ရှိပါတယ်။ နှစ် ၁ဝဝ ကျော်လောက်ရှိပါပြီ''ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးအရာရှိ မသိင်္ဂီလင်းက ပြောသည်။


ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကို ဥက္ကဋ္ဌ ဦးသန့် မြင့်ဦးက တည်ထောင်ထားပြီး အမွေအနှစ်များအကြောင်း သိရှိရန်၊ အမွေအနှစ်များ ရှင်သန်ရန်နှင့် ရန်ကုန်မြို့လယ် ဧရိယာတွင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ''အထူးသဖြင့် နောင်လာ နောင်သားတွေကို အဆောက်အအုံသမိုင်း ကြောင်းတွေ သိရအောင်လုပ်ပေးတဲ့ သ ဘောပေါ့။ သူတို့အနေနဲ့ သိလာမယ်။ အဆောက်အအုံရဲ့ အရေးပါခဲ့ပုံဘဲ ဖြစ် ဖြစ် သမိုင်းကြောင်းတုန်းက ဘာတွေ အသုံးပြုခဲ့တာဘဲ ဖြစ်ဖြစ်။ ပိုပြီးတော့ စိတ်ဝင်စားလာကြမယ်။ တန်ဖိုးထားလာကြမယ်။ တန်ဖိုးထားတတ်လာမယ်ဆိုရင် ထိန်းသိမ်းချင်တဲ့ စိတ်တွေပိုများလာမှာ ပေါ့''ဟု အဖွဲ့၏ဒါရိုက်တာ ဒေါ်မိုးမိုးလွင်ကပြောသည်။


ယင်းအဖွဲ့၏ ၁၈ ခုမြောက် အပြာ ရောင်ကမ္ပည်းပြား တပ်ဆင်ပေးခဲ့သော ရန်ကုန် စတော့အိတ်ချိန်း အဆောက်အအုံသည် ပထမဆုံး မြန်မာကျပ်ငွေ ထုတ် ဝေသည့် နေရာဖြစ်သောကြောင့် သမိုင်းဝင် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်းနှင့် ၁၉ ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည့်နေရာကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ရွေးချယ်ထား ကြောင်း သိရသည်။

 

သူသူထက်လွင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616