Main menu
HOT NEWS
adv
ရေးမြို့နယ် ကျောင်းရွာ ကျေးရွာရှိ ချောင်းနှစ်ခွသို့  နေ့စဉ် လူဦးရေ ရာနှင့်ချီကာ လာရောက် လည်ပတ်နေ

ရေးမြို့နယ် ကျောင်းရွာ ကျေးရွာရှိ ချောင်းနှစ်ခွသို့ နေ့စဉ် လူဦးရေ ရာနှင့်ချီကာ လာရောက် လည်ပတ်နေ

ရေး

ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုရှိ ရေးမြစ်နှင့် မင်းလှချောင်းဆုံရာဒေသနှင့် ကျောင်းရွာကျေးရွာအနီး စီးဆင်းနေသည့် ရေးမြစ်အတွင်း ဘုရားဖူးလာသူများနှင့် ရေလာရောက်ရေချိုးကြသူများ နေ့စဉ် ရာနှင့်ချီကာ လည်ပတ်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

မြစ်နှင့် ချောင်းနှစ်ခွဆုံရာအရပ်တွင် တည်ထားသည့်စေတီတော်ကို လှေဖြင့်သွား ရောက်ဖူးမြော်ကြခြင်းနှင့် ချောင်းအတွင်း ရေချိုးကာ မြစ်ကမ်းအနီး စားသောက်ဆိုင်များတွင် အပန်းဖြေကြသူများ နေ့စဉ် ၅ဝဝ အထက် ရှိကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်သန်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။ ''အခါကြီးရက်ကြီးဆို ကားရပ်စရာနေရာ တောင်မရှိဘူး။ နောက်တစ်ခုက ရေးမြစ်အတွင်းကို စီးဝင်တဲ့ မင်းလှချောင်းက ဆေးတောင် ကနေစီးဆင်းလာတဲ့ရေတွေဖြစ်တော့ ဒီကရေ ကို ချိုးရရင် ရောဂါဝေဒနာတွေ ပျောက်ကင်းတယ်၊ လှပစေတယ်လို့ ယုံကြည်ပြီး လာကြတဲ့သူတွေလဲရှိတယ်။ သမိုင်းကြောင်းလဲ အဲဒီလိုပဲ ရှေးလူကြီးတွေ ပြောခဲ့ဖူးတယ်''ဟု ၎င်းက ပြောသည်။


ရေးမြို့မှ ကျောင်းရွာကျေးရွာသို့ ကတ္တရာလမ်းအတိုင်း မိနစ် ၃ဝ ခန့် သွားလာနိုင်ပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားများနှင့် နိုင်ငံ ခြားသားများ လာရောက်လည်ပတ်မှု များပြားလာမှုနှင့်အတူ ပြေးဆွဲနေသည့်လှေများ စည်းကမ်းတကျဖြစ်စေရေး၊ ကားပါကင်နှင့် ဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်ရေးနှင့် နေရာတကျဖြစ် စေရေးတို့အတွက် စီစဉ်ဆောင်ရွက်မည်ဖြစ် ကြောင်း ယင်းကျေးရွာစီမံရေးရာကော်မတီဝင် ဦးကျော်ဝင်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။ ''ကမ်းပါးကို ကျောက်စီနံရံလုပ်မယ်။ ဆိုင်ခန်းတွေကို စနစ်တကျနဲ့ နေရာချမယ်။ လှေစီးတဲ့သူတွေကို သက်ကယ်အင်္ကျီတွေ စီစဉ်မယ်။ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ကဆို ကား အစီးရေ ၂ဝဝ ကျော်၊ လူက ၁ဝဝဝ ကျော် လာ ရောက်ခဲ့ကြတယ်''ဟု ဦးကျော်ဝင်းကဆိုသည်။ ရေးမြို့နယ်အတွင်း ကမ္ဘာ့အကြီးဆုံး လေးဆူထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်နှင့် တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းကျုံးတော်ကြီး၊ ကဗျာဝကမ်းခြေ၊ အနောက်ပင်လယ်ဝ၊ ကျောင်းရွာချောင်းနှစ်ခွ စသည့်နေရာများရှိပြီး အခါ ကြီးရက်ကြီးများတွင် ယင်းနေရာများသို့ လူဦးရေ ထောင်နှင့်ချီကာ လာရောက်လည်ပတ် လျက်ရှိသည်ဟု သိရသည်။

 

ဝင်းနိုင်သက်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191