Main menu
HOT NEWS
adv
လှိုင်သာယာ စက်မှုဇုန်မှ စွန့်ပစ်ရေများကြောင့် ရေညစ်ညမ်းမှုနှင့် ရေသယံဇာတများ ထိခိုက်မှုရှိနေ

လှိုင်သာယာ စက်မှုဇုန်မှ စွန့်ပစ်ရေများကြောင့် ရေညစ်ညမ်းမှုနှင့် ရေသယံဇာတများ ထိခိုက်မှုရှိနေ

ရန်ကုန်၊ သြဂုတ် ၁၁

လှိုင်သာယာမြို့နယ်ရှိစက်မှုဇုန်များမှ စွန့်ပစ်ရေများကြောင့် ရေညစ်ညမ်းမှုနှင့် ရေသယံဇာတများထိခိုက်မှုရှိနေ ပြီးလှိုင်မြစ်အတွင်းတွင်လည်းသဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိနေကြောင်းလှိုင်သာယာစက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီမှ သိရှိရသည်။  “ငါးလုပ်ငန်း၊ ဓာတုဗေဒနဲ့သက်ဆိုင်တဲ့စက်ရုံ၊ ဆိုးဆေးစက်ရုံ၊ စားသောက်ကုန်လုပ်ငန်းတွေကနေရေဆိုးထုတ် လုပ်တယ်။ ပြီးတော့ သန့်စင်ပြီးစွန့်လွှတ်တဲ့အလေ့အထကလည်းမရှိတော့ ရေမြောင်းတွေကိုစွန့်လိုက်တယ်။ ရေဆိုးတွေဖြစ်ကုန်တယ်။ အရောင်ပြောင်းလာတယ်။ ဆိုးဆေးစက်ရုံရှေ့မှာလည်းအရောင်တွေပြောင်းလာတယ်။ အရင်ကငါးတွေရှိတယ်၊ အခုငါးတွေမရှိတော့ဘူး။ သားလည်းမပေါက်တော့ဘူး”ဟုလှိုင်သာယာစက်မှု မြို့စီမံခန့်ခွဲရေးကော်မတီဒုတိယဥက္ကဌဦးအုန်းဆိုင်ကပြောသည်။


စက်ရုံလုပ်ငန်းရှင်များအနေဖြင့်လည်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီးထိန်းသိမ်းမှုများမပြုလုပ်ပါကသက်ရှိသတ္တဝါများပျက်စီးနိုင်ကာလူသားများအတွက်လည်းကျန်းမာရေးထိခိုက်လာနိုင်မည်ဖြစ်သည့်အပြင် စက်မှု ဇုန်အနီးရှိလှိုင်မြစ်ကိုလည်းထိခိုက်မှုများရှိလာနိုင်ကြောင်းဦးအုန်းဆိုင်ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သြဂုတ် ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်းလှိုင်သာယာမြို့နယ်အတွင်းရှိစက်မှု ဇုန်များမှ စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးမှုများပြုလုပ်ပြီးစွန့်ပစ်ရေများနှင့် ပတ်သက်၍ စစ်တမ်းတစ်ခုကောက်ယူနိုင်ရန် JICA နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်


“Data တွေ ယူပြီးလုပ်မှပဲ။ လှိုင်မြစ်ကတော့ စက်ရုံကထွက်တဲ့ရေတွေ၊ စိုက်ပျိုးရေကထွက်တဲ့ ရေကြောင့်ပါ တယ်။ တော်တော်လေးတော့ ညစ်ညမ်းနေတယ်။ အခုနောက်ပိုင်း ပြန်လည်တိုင်းတာပြီးတွေ့ရှိချက်အပေါ် မူတည်ပြီးတော့ အဖြေကိုထုတ်ပြီးပြောသွားမယ်။”ဟုရန်ကုန်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင်ကပြောသည်။ စက်မှုဇုန်များတွင် စွန့်ပစ်ရေများနှင့် ပတ်သက်၍ ဆန်းစစ်မှုများနှင့် အသိပညာပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာစည်းကမ်းလိုက်နာမှု မရှိပါကအရေးယူသွားမည်ဖြစ်ပြီး မြစ်အနီးရှိစက်မှုဇုန်များကိုဆန်းစစ်မှုများပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်းဒေါ်ခင်သီတာတင်ကဆက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်(၂၉)ဇုန်ရှိပြီးစွန့်ပစ်ရေကိစ္စများအပြင် ကျူးကျော်အရေးများဖြေရှင်းရန် လိုအပ်နေကာရန်ကုန်တိုင်းအစိုးရအနေဖြင့်လည်းရန်ကုန်မြို့ရှိစက်မှုဇုန်များကိုစနစ်တကျ အဆင့်မြှင့်တင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ပိုင်ထက် (မြစ်မခ)
#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191