Main menu
HOT NEWS
adv
တေးဂီတနှင့်အတူ Zumba အကဖြင့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နိုင်မည့် Dancercise အစီအစဉ် SKY Net Health Channel တွင် နေ့စဉ်ထုတ်လွှင့်မည်

တေးဂီတနှင့်အတူ Zumba အကဖြင့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နိုင်မည့် Dancercise အစီအစဉ် SKY Net Health Channel တွင် နေ့စဉ်ထုတ်လွှင့်မည်

ရန်ကုန်၊ သြဂုတ် ၁ဝ

SKY Net ရုပ်သံလိုင်း၏ Health Channel တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် တေးဂီတနှင့်အတူ Zumba အကဖြင့် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နိုင်သည့် Dancercise အစီအစဉ်ကို နေ့စဉ်ထုတ်လွှင့် ပြသတော့မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ Dancercise (ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို အကများဖြင့် တင်ဆက်ခြင်း) အစီအစဉ်ကို Health Channel တွင် သြ ဂုတ် ၁၉ ရက်(စနေနေ့)နှင့် သြဂုတ် ၂ဝ ရက်(တနင်္ဂနွေနေ့)များတွင် ညနေ ၅ နာရီခွဲ၌လည်းကောင်း၊ သြဂုတ် ၂၁ ရက်(တနင်္လာနေ့)မှ ၂၅ ရက်(သော ကြာနေ့)အထိတွင် နံနက် ၇ နာရီခွဲ တို့၌လည်းကောင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဆက်လက်၍ အပတ်စဉ်တစ်ပတ်လျှင် သီချင်းတစ်ပုဒ်စီ ပြောင်းကာ အထက်ပါအချိန်များအတိုင်း ထုတ်လွှင့်သွားမည်ဟု သိရသည်။


''ဒီလိုမျိုး အစီအစဉ်ကို ပထမဦးဆုံးအနေနဲ့ ထုတ်လွှင့်ပြသမှာပါ။ ဒီအစီအစဉ်ကို ကြည့်တဲ့သူတွေအ နေနဲ့ Zumba အကအပြင် လေ့ကျင့် ခန်းပါ တစ်ခါတည်း လုပ်ပြီးသားဖြစ်သွားမှာပါ။ ဒီအစီအစဉ်က နေ့တိုင်းလည်း ထုတ်လွှင့်ပြသသွားမှာပါ။ ဒီတစ်ပတ်မှာ သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်မှာဖြစ်ပြီး နောက်တစ်ပတ်မှာလည်း သီချင်းနောက်တစ်ပုဒ်နဲ့ ထုတ်လွှင့်မှာပါ။ ထုတ်လွှင့်ပြသတဲ့အခါကျရင်လည်း ၁ဝ မိနစ်စာလောက်ပဲ ထုတ်လွှင့်ပြသမှာဆိုတော့ ၁ဝ မိနစ်ဆိုတဲ့ အချိန်က ခဏလေးပါ။ အဲဒီခဏ အချိန်လေးမှာ ဒီအစီအစဉ်ကို လိုက်ကြည့်ပြီးတော့ လေ့ကျင့်ခန်းလေးလိုက်လုပ်ကြည့်မယ်။ လိုက်ကကြည့် မယ်ဆိုရင် အကျိုးရလဒ်တွေ ရလာမှာပါ''ဟု Health Channel rS Channel Manager  ဒေါက်တာချမ်းမြေ့က ပြောသည်။


Dancercise အစီအစဉ်သည် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းများ ကို တသီးတသန့် မလုပ်ဖြစ်သောသူများအတွက် မြူးကြွသော တေးသီချင်းများ၏ စည်းချက်များနှင့်အတူ ပျော် ရွှင်စွာကခုန်နိုင်မည့် အစီအစဉ်ကောင်း တစ်ခုဖြစ်ကြောင်းသိရသည်။ Dancercise အစီအစဉ်ကို ကြည့်ရှုကာ ကိုယ်လက်လေ့ကျင့်ခန်း လုပ် ခြင်းကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေး ကောင်းကျိုးများအပြင် သီချင်းသံများဖြင့် ကခုန်ခြင်းကြောင့် စိတ်ဓာတ်တက်ကြွလန်းဆန်းစေပြီး ခန္ဓာ ကိုယ်မှာရှိတဲ့ အဆီများနှင့် စိတ်ဖိစီးမှုပါ လျော့ကျစေသည့် ကျန်းမာရေး အက အစီအစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။


ယင်းအစီအစဉ်တွင်ကပြမည့် အကဆရာမဒေါ်မိုးချစ်(Zumba Moe)က '' Dancercise အစီအစဉ် မှာ ကပြတဲ့အကက Zumba အကပါ။ Zumba အကဟာဆိုရင် ရိုးရိုးအက မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ကလေ့ရှိတဲ့ အကတစ်မျိုးပါ။နိုင်ငံတကာမှာတော့ ခေတ်စားပေမယ့် မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်းမှ တဖြည်းဖြည်း ပိုပြီးတော့ လူသိများလာတာပေါ့နော်။ ကျွန်မတို့ဆိုရင် Zumba အကကို ပြန်သင်နိုင်ဖို့အတွက် နိုင်ငံတကာက အသိအမှတ်ပြု လိုင်စင်ကို နိုင်ငံခြားမှာ သွားယူရတာပါ။ အဓိက ဒီအကကိုလိုက်ကခြင်း ဖြင့် ဝိတ်ကျချင်တဲ့ သူတွေအတွက်ကတော့ တော်တော်ကို အဆင်ပြေမှာပါ''ဟု ပြောသည်။


Zumba  အကကို လိုက်လံက ခြင်းဖြင့် ဝိတ်ကျခြင်း၊ ပျော်ရွှင်မှုရရှိ စေခြင်း၊ ကျန်းမာရေးအတွက် အကျိုး ရလဒ်များစွာရရှိခြင်း အစရှိသောများစွာသော အကျိုးရလဒ်များကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။ Dancercise အစီအစဉ်တွင် မည်သူမဆို အသက်ကြီးငယ်မရွေး၊ ယောက်ျား၊ မိန်းမမရွေး လိုက်လံက ခုန်ခြင်းဖြင့် ပျော်ရွှင်မှုကိုရရှိစေနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

NNE

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191