Main menu
HOT NEWS
adv
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် HID /AIDS ရောဂါ ပညာပေးပြပွဲ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် HID /AIDS ရောဂါ ပညာပေးပြပွဲ ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၁၁


အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် HID/AIDS ရောဂါပညာပေးပြပွဲကို ရန်ကုန်မြို့ရှိ Junction City ဈေးဝယ်စင်တာတွင် သြဂုတ် ၁၁ ရက်၊ မွန်းလွဲ(၂)နာရီက HIV / AIDS အသိပညာပေးလှုပ်ရှားသည့်အဖွဲ့ AHF Myanmar က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါပြပွဲတွင် HID /AIDS ရောဂါ ကာကွယ်နိုင်သည့်နည်းလမ်းများနှင့်ပတ်သက်၍ မေးခွန်းမေးခြင်း၊ ဖြေ ကြားခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


"မြန်မာပြည်မှာရှိတဲ့သူတွေ မှန်ကန်တဲ့ကျန်းမာရေးအသိပညာ ရစေချင်တဲ့ရည်ရွယ်ချက်နဲ့လုပ်တာပါ။ နောက်ပြီး လူငယ်တွေကြားထဲမှာ HID/AIDS ရောဂါဖြစ်ပွားမှုမြင့်တက်လာတာကို တွေ့ရပါတယ်။ မှန်ကန်တဲ့ဆေးကုသမှု မရတာကိုတွေ့ရပါတယ်။ ဒီလိုရောဂါတွေနဲ့ပတ်သက်ပြီး အသိလွဲ၊ အမြင်လွဲနေတာတွေကို တွေ့ရပါတယ်။ နောက်ပြီး လူငယ်တွေဟာ HID/AIDS ရောဂါတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုဘယ်လိုကာကွယ်ရမယ်၊ ဘယ် လိုတားဆီးနိုင်တယ်။ ရောဂါဖြစ်နေခဲ့ရင်လည်း ဘယ်လိုကာကွယ်ရမယ်ဆိုတာသိရှိစေချင်လို့ ဒီပွဲကိုကျင်းပတာ ပါ။"ဟု ပွဲကျင်းပရေးအဖွဲ့မှ Program Director ကိုကျော်ဇေယျာဆွေကပြောသည်။ ပြပွဲသို့ သီးသန့်လာရောက်ကြည့်ရှုသူနည်းသော်လည်း ဈေးဝယ်လာရင်း ဝင်ရောက်ကြည့်ရှုသူအချို့ရှိခဲ့ကြောင်း သိရသည်။


“ကျွန်တော်ကရန်ကုန်ကပါ။ ဒီကိုဈေးလာဝယ်တာ ဒီပွဲလေးကိုတွေ့လို့ ဝင်ကြည့်ဖြစ်သွားတာပါ။ လူငယ်တွေကို ဒီလိုအသိပညာပေးပွဲတွေ လုပ်ပေးတာကောင်းပါတယ်။ HIV/AIDS ရောဂါတွေက ကြောက်စရာလည်းကောင်းပါတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေလည်း လူငယ်တွေသိထားသင့်ပါတယ်။ နောက်လည်း လူငယ်တွေကို အသိပညာပေးပွဲတွေလုပ်ပေးစေချင်တယ်။"ဟု အဆိုပါပြပွဲသို့ဝင်ရောက်ကြည့်ရှုသူ ကိုရန်နိုင်စိုးက ပြောသည်။ HID / AIDS ကို အသက်(၁၅)နှစ်နှင့် (၂၅)နှစ်အကြားလူငယ်များတွင် အများဆုံးဖြစ်ပွားသည်ကို စစ်တမ်းများအရ တွေ့ရှိရကြောင်း ပွဲကျင်းပသူများထံမှသိရသည်။


အောင်မျိုးခိုင်(မြစ်မခ)
#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191