Main menu
HOT NEWS
adv
စစ်ကိုင်း တိုင်းဒေသကြီးကို H1N1 သတိပေးချက် အဝါရောင်အဆင့် သတ်မှတ်

စစ်ကိုင်း တိုင်းဒေသကြီးကို H1N1 သတိပေးချက် အဝါရောင်အဆင့် သတ်မှတ်

ရန်ကုန်၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သြဂုတ် ၁၂ရက်တွင် H1N1  ဗိုင်းရပ်စ်ပိုး ကူးစက်မှုဆိုင်ရာ သတိပေးချက် အဝါရောင်အဆင့် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း တိုင်းကုသရေးဦးစီးဌာနမှသိရသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးကို ယင်းကဲ့သို့ ထုတ်ပြန်လိုက်သည့်အတွက် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်ကာ ဝန်ကြီးများနှင့် လွှတ် တော်ကိုယ်စားလှယ်များ နယ်မြေခွဲ ဖြန့်ကျက်ပြီး ပြည်သူများအကြားတွင် သတိပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။


''ဝန်ကြီးရုံးမှာ အစည်းအဝေး ခေါ်ပြီး ဖြစ်ပွားခဲ့တဲ့ နေရာတွေကို အဓိကထားပြီး ပညာပေးမှုတွေ၊ ရော ဂါကာကွယ်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြည်သူတွေကို အသိပညာပေးတာပါ။ သံသယရှိရင် အချိန်ဆွဲမနေဘဲ ဆေးခန်းကိုလာပြဖို့ လိုပါတယ်။ ရောဂါရှိတဲ့လူ တွေ့လာလို့ အဝါရောင်အဆင့် သတ်မှတ်လုပ် ဆောင်နေတာပါ''ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကုသမှုဦးစီးမှူး မုံရွာဆေး ရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက ဒီမို ကရေစီတူဒေးသို့ သြဂုတ် ၁၂ ရက် ကပြောသည်။ အဆိုပါဒေသတွင် သြဂုတ် ၁၁ ရက်အထိ H1N1  လူနာသုံးဦး တွေ့ရှိခဲ့ပြီး ဆားလင်းကြီးမြို့နယ် မြေဇွန်းရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ရွှေဘိုမြို့နှင့် တန့်ဆည်မြို့နယ်မှ အမျိုး သမီးနှစ်ဦး မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း တိုင်းကုသ ရေးဦးစီးဌာနမှ သိရသည်။


''အဝါရောင်အဆင့် ထုတ်လိုက် တယ်ဆိုတာဟုတ်ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရေး ပေါ် အစည်းအဝေးခေါ်တယ်။ သုံးဖွဲ့ခွဲပြီးတော့ လူထုကို ကျန်းမာရေး အသိပညာပေး ဟောပြောပါတယ်။ မနေ့က ကြားတာက တစ်ယောက်သေတယ်။ ရွှေဘိုမှာလည်း တစ်ယောက် တွေ့တယ်။ မနေ့ကတက်တဲ့သူလည်း ရောဂါကူးစက်ခံရထားတဲ့ အခြေအ နေရှိတယ်။ ဆေးရုံတက်နေတဲ့ သူ တွေလည်းရှိတယ်။ အရေအတွက် တော့ မပြောသွားလို့ ဘယ်လောက် ရှိလဲမသိပါဘူး''ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဒီမိုကရေစီတူဒေးသို့ ပြောသည်။


လက်ရှိတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ၊ ကျေးရွာများအထိ သွား ရောက် ပညာပေးခြင်း၊ ခုတင် ၅ဝဝ ဆံ့ မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 သီးသန့်ဆောင်များထားခြင်း၊ ကုသ ရန်ဆေးဝါးများ၊ N95 Mask များ ဖြန့်ဝေခြင်းများ၊ PPE ဝတ်စုံများ ဖြည့်တင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးပေးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။


KTS,TT

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191