Main menu
HOT NEWS
adv
ချင်းတွင်းမြစ်ကမ်းနားကျေးရွာများ ရေဝင်ရောက်နေမှုကြောင့်  မြစ်အထက်ပိုင်းသွား အမြန်ရေယာဉ်များ အရှိန်လျှော့မောင်းရန် သတိပေး

ချင်းတွင်းမြစ်ကမ်းနားကျေးရွာများ ရေဝင်ရောက်နေမှုကြောင့် မြစ်အထက်ပိုင်းသွား အမြန်ရေယာဉ်များ အရှိန်လျှော့မောင်းရန် သတိပေး

မုံရွာ၊ သြဂုတ် ၁၅-မိုးရာသီကာလ ချင်းတွင်းမြစ်အထက်ပိုင်းရှိ  မြစ်ကမ်း နားကျေးရွာများတွင် မြစ်ရေဝင် ရောက်နေသည့်အပြင် မြစ်ကမ်း ပါးပြိုကျမှုများဖြစ်ပေါ်နေသည့်အ တွက် မုံရွာအခြေပြု ကလေးဝ-ဟုမ္မ လင်း-ခန္တီးသို့ပြေးဆွဲသည့် အမြန်ရေ ယာဉ်များအနေဖြင့် ချင်းတွင်းမြစ် ကမ်းနားကျေးရွာများအနီးဖြတ် သန်းမောင်းနှင်ချိန်တွင် အရှိန်လျှော့ မောင်းနှင်ကြရန် သတိပေးမှာကြား ထားကြောင်း မုံရွာမြို့ ပုဂ္ဂလိကရေ ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောသည်။

''မိုးရာသီရေကြီးရေလျှံမှုတွေရှိ ပြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက် မှာရှိတဲ့ ကျေးရွာတွေမှာ မြစ်ရေတွေ ဝင်နေတယ်။ အညာဆန်လူစီးအမြန် ရေယာဉ်တွေ ရွာနားကပ်အရှိန်မြှင့် တင်မောင်းနှင်လိုက်တဲ့အခါ ရေလှိုင်း ပုတ်ပြီး အိမ်ပြိုကျတာ၊ မြစ်ကမ်းပါး ပြိုကျတာတွေဖြစ်တယ်။ ဒါကြောင့် စက်ရှိန်လျှော့မောင်းကြဖို့၊ အရေး ကြီးလို့အမြန်မောင်းချင်တယ်ဆိုရင် ရေလယ်ကနေမောင်းနှင်ကြဖို့ သတိ ပေးထားပါတယ်'' ဟု ¤င်းက ဆက် လက်ပြောကြားသည်။

မုံရွာမြို့ ချင်းတွင်းဆိပ်ကမ်းကို အခြေပြု၍ ချင်းတွင်းအထက်ပိုင်း သို့ နေ့စဉ်ပြေးနေဆွဲသည့် လူစီးအမြန် ရေယာဉ်အသင်းပေါင်း ၁ဝ တွင် ရေယာဉ်အစင်း ၁၂၉ စင်းရှိပြီး ချင်းတွင်းအထက်ပိုင်း ကုန်စည်ပို့ ဆောင်ရေယာဉ်အသင်းပေါင်း ၁၈ သင်းတွင် ရေယာဉ်အစင်း ၅၄၄ စင်းရှိကြောင်း သိရသည်။

ယခုအခါ ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ်ပြန်လည်မြင့်တက်လာမှုကြောင့် ချင်းတွင်းမြစ်ဖျားပိုင်း ဒေသဖြစ်သည့် ခန္တီးမြို့တွင် ရေကြီး ရေလျှံမှုဖြစ်ပွားနေသောကြောင့်  ဒေသခံပြည်သူ ၁ဝဝဝဝ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင် နေကြရကြောင်း သိရသည်။

MOS, DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191