Main menu
HOT NEWS
adv
သောင်ရင်းမြစ်ကိုဖြတ်ကျော်၍ မြဝတီမြို့တွင်းသို့ ARSA အကြမ်းဖက်သမားများ ဝင်ရောက်လာသည် ဆိုသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ ကောလာဟလသာဖြစ်ဟုဆို

သောင်ရင်းမြစ်ကိုဖြတ်ကျော်၍ မြဝတီမြို့တွင်းသို့ ARSA အကြမ်းဖက်သမားများ ဝင်ရောက်လာသည် ဆိုသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ ကောလာဟလသာဖြစ်ဟုဆို

မြဝတီ၊ စက်တင်ဘာ ၁၂- ARSA အစွန်းရောက်အကြမ်းဖက်သမားခြောက်ဦး ဓားကိုယ်စီကိုင်လျက် စက်တင်ဘာ ၁၁ ရက်ညပိုင်းက မြန်မာ-ထိုင်းနယ်စပ် ကရင် ပြည်နယ် မြဝတီမြို့ အမှတ်(၅) ရပ်ကွက် စားဖျော်ကုန်းတောတွင်း ရောက်ရှိနေကြောင်း သတင်းရရှိ ခဲ့မှုကြောင့် လုံခြုံရေးလှည့်ကင်း အဖွဲ့နှင့် ဒေသခံပြည်သူများ သွား ရောက်ရှင်းလင်းခဲ့ရာ အဆိုပါဖြစ်စဉ်မှာ ကောလာဟလသတင်းတစ် ခုသာဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ် (၅)ရပ်ကွက် ရေပူစမ်းကျေးရွာ အနောက်စားဖျော်ကုန်းတောတွင်း ၌ စက်တင်ဘာ ၁၁ ရက် ည ၁ဝ နာရီခန့်က ARSA အကြမ်းဖက် အဖွဲ့မှ အဖျက်လုပ်ငန်းများလုပ် ဆောင်ရန် လူခြောက်ဦးခန့် ဓား ကိုယ်စီကိုင်လျက် သောင်ရင်းမြစ် ကိုဖြတ်ကျော်ဝင်၍ မြဝတီမြို့တွင်း သို့ ရောက်လာကြောင်း ရေပူစမ်း ကျေးရွာနေပြည်သူတစ်ဦးမှ လှည့် ကင်းတာဝန်ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ် သတင်းပေးပို့ခဲ့ရာ မြို့တွင်း၌လှည့် ကင်းလုံခြုံရေးတာဝန်ထမ်းဆောင် နေသော မြဝတီခရိုင်ရဲမှူးကြီး အောင်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင် များ၊ မြဝတီတပ်နယ်မှ ဗိုလ်မှူးသန်း ထွန်းအောင်နှင့် တပ်မတော်သား များ၊ နယ်ခြားစောင့်တပ်မှ အရာ ရှိများနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါရေပူ စမ်းကျေးရွာအနောက်ရှိ စားဖျော် ကုန်းတောတွင်းသို့ ကျေးရွာမှ ပြည် သူ ၃ဝ ခန့်နှင့်အတူ ဝင်ရောက် ပိတ်ဆို့ရှင်းလင်းရာ ထူးခြားမှုတစ် စုံတစ်ရာမတွေ့ရှိရသဖြင့် အဆိုပါ သတင်းမှာ ကောလာဟလသတင်း တစ်ခုသာဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။

''တစ်ဖက်နိုင်ငံကနေတစ် ဆင့် အကြမ်းဖက်ခြောက်ဦး မြဝတီ မြို့တွင်းကို ဝင်ရောက်လာတယ်လို့ သတင်းပေးတာကြောင့် ကျွန်တော်တို့ လှည့်ကင်းတာဝန်ဆောင်ရွက် နေတဲ့ပူးပေါင်းအဖွဲ့က ချက်ချင်း လာရောက်ပြီး ရှင်းလင်းဆောင် ရွက်တာပါ။ ရေပူကျေးရွာ ပြည်သူ တွေအနေနဲ့ လုံခြုံရေးသတိရှိနေ ကြတာ ဝမ်းသာပါတယ်။ သတင်း က မှားနေတဲ့သတင်းဖြစ်ပေမယ့် မှားသည်၊ မှန်သည်က အရေးမကြီးပါဘူး။ ထူးခြားမှုဖြစ်တာနဲ့ ကျွန်တော်တို့ကို ချက်ချင်းအကြောင်းကြား ပေးကြပါ။ ကျွန်တော်တို့ ချက်ချင်း လာရောက်ကြမှာဖြစ်ပါတယ်''ဟု မြဝတီခရိုင်ရဲမှူးကြီးက ပြောသည်။

မြဝတီမြို့သည် ထိုင်းနိုင်ငံ မဲ ဆောက်မြို့နှင့် နယ်နိမိတ်ချင်းထိ စပ်နေသောကြောင့် မြဝတီမြို့တွင်း သို့ အကြမ်းဖက်သမားများမဝင် ရောက်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံ ခြုံရေးဆောင်ရွက်နေကြကြောင်း သိရသည်။

KKTM(MWD)

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191