Main menu
HOT NEWS
adv
ဧရာဝတီမြစ်အတွင်းမှ ပုဂံနေဝင်ချိန် ညရှုခင်းကြည့် သင်္ဘော ယနေ့ စတင်ပြေးဆွဲမည်

ဧရာဝတီမြစ်အတွင်းမှ ပုဂံနေဝင်ချိန် ညရှုခင်းကြည့် သင်္ဘော ယနေ့ စတင်ပြေးဆွဲမည်

ညောင်ဦး၊ စက်တင်ဘာ ၁၃

၂ဝ၁၇ -၂ဝ၁၈ ခရီးသွားရာသီအတွက် ဧရာဝတီမြစ်အတွင်းမှ ညနေရှု ခင်းကြည့် ခရီးစဉ်သင်္ဘောဖြစ်သည့် Cruise de Bagan သည် စက်တင်ဘာ ၁၄ ရက်မှစတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ ပုဂံမြို့ဒေသလာရောက်လည် ပတ်သူများ ညနေပိုင်းအချိန်တွင် ဧရာဝတီမြစ်အတွင်းမှ နေဝင်ဆည်း ဆာရှုခင်းကြည့်ရှုနိုင်ရန်နှင့် အပန်း ဖြေနားနေနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။


''အစီအစဉ်ကတော့ အနည်းငယ်ပြောင်းလဲထားတယ်။ အရင်လို ညောင်ဦးမြို့သာယာဝတီဆိပ်ကမ်းက ထွက်ခွာမှာမဟုတ်ပဲ ပုဂံ မြို့ဟောင်းထဲက ဝါးကျောင်းတည့် တည့်မှာရှိတဲ့ တောင်ဘီဆိပ်ကမ်းက ထွက်ခွာမှာပါ။ ဒီနှစ်မှာ အရင်နှစ်ကလို သင်္ဘောပေါ်မှာအကြာ ကြီး မနေချင်သူတွေကို ညနေပိုင်း ပုဂံနေဝင်ချိန်ရှုခင်းကြည့်ပြီးတာနဲ့ ကမ်းပေါ်ပြန်တက်နိုင်အောင် စီစဉ် ပေးမယ်။ သင်္ဘောပေါ်မှာ နေချင် သေးသူများကိုလဲ မြစ်အတွင်းရေလယ်ကျွန်းမှာ သင်္ဘောရပ်နားပြီး ကြိုက်ရာမှာစား ကျသင့်ငွေရှင်းစနစ် နဲ့ ဆိုက်ကပ်ရပ်နားထားပေးမယ်''ဟု Cruise de Bagan အုပ်စုမှ ဒါရိုက်တာအဖွဲ့ဝင် ဦးစိုးစိုးကပြောသည်။ သင်္ဘောဖြင့် လိုက်ပါစီးနင်းလိုသူများအနေဖြင့် ညနေ ၄ နာရီခွဲ တောင်ဘီဆိပ်ကမ်းအရောက်လာရ မည်ဖြစ်ပြီး ညနေ ၅ နာရီမှာ ဆိပ်ကမ်းမှစတင်ထွက်ခွာကာ နေဝင်ပြီး ညနေ ၆ နာရီခွဲတွင် ဆိပ်ကမ်းမှာ ပြန်လည်ဆိုက်ကပ်ပေးမည်ဖြစ် ကြောင်း သိရသည်။


DW

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191