Main menu
HOT NEWS
adv
ဆိပ်ကြီးခနောင်တိုမြို့တွင် တံတားထိုးရန်အစီအစဉ်မရှိသေးဟုဆို

ဆိပ်ကြီးခနောင်တိုမြို့တွင် တံတားထိုးရန်အစီအစဉ်မရှိသေးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၃

ဆောင်ရွက်ဆဲဒလတံတားပြီးစီးပါက ဆက်သွယ်ရေး ပိုမိုလျင်မြန်လာမည်ဖြစ်သည့်အတွက် ဆက်စပ်မြို့နယ်ဖြစ်သည့် ဆိပ်ကြီးခနောင်တိုမြို့တွင်တံတားထိုးရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ပြောသည်။ စက်တင်ဘာ ၁၃ရက် တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ် စားလှယ်ဦးသန်းဆွေ၏ ''ဆိပ်ကြီး ခနောင်တိုမြို့ဘက်အခြမ်းနှင့် တွံ တေးမြို့ဘက်အခြမ်းတို့ကို ဆက်သွယ်မည့် တွံတေးတူးမြောင်းတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ကာလတွင် အဆင့်မြှင့်တင်ပေးမည်။ အစီစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်''ကို သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးဒေါ်နီ လာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။


''စီမံဆောင်ရွက်ဆဲ ဒလတံတား ပြီးစီးသွားပါက ပိုမိုလွယ်ကူလျင်မြန်စွာဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါတယ်''ဟု ဝန်ကြီးက ပြောသည်။ တံတားထိုးပါက တွံတေးတူး မြောင်းကို ဖြတ်ပြီးထိုးရမည်ဖြစ် ကြောင်း၊ တွံတေးတူးမြောင်းမှာအ ကျယ်ခန့်မှန်း ၈ဝဝပေခန့်ရှိပြီး တံ တားတည်ဆောက်မည်ဆိုပါက ခန့် မှန်းပေ၂ဝဝဝမှ၃ဝဝဝအကြား တည် ဆောက်ရမည်ဖြစ်သဖြင့် နိုင်ငံတော် စီမံကိန်းဝင်တံတားကြီးအဖြစ် ဘဏ္ဍာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံရ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။


''ဆိပ်ကြီးခနောင်တိုမြို့ဟာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းပါရှိပြီး တွံတေး မြို့မှာ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ်ပြင်ပတွင် တည် ရှိတဲ့စိုက်ပျိုးရေးအခြေခံတဲ့မြို့တွေ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ် ရေးအရ ဆိပ်ကြီးခနောင်တိုမြို့မှတွံတေးမြို့နှင့်ဒလမြို့သို့ ဆက်သွယ် မည်ဆိုပါက တွံတေးတူးမြောင်းကို စက်လှေဖြင့်ဖြတ်သန်းပြီး ¤င်းမှတစ် ဆင့် ရန်ကုန်ဘက်သို့သင်္ဘော၊ စက် လှေများဖြင့် ဆက်သွယ်သွားလာ လျက်ရှိပါတယ်။ ၎င်းအပြင် လှိုင်သာ ယာဘက်မှတစ်ဆင့် သွားရောက် နိုင်တဲ့ ကားလမ်းဖောက်လုပ်ထား ရှိပြီး ဆိပ်ကြီးခနောင်တိုလမ်းထိပ် မှ လှိုင်သာယာ တံတားထိပ်အဝိုင်း အထိ ခုနစ်မိုင်တစ်ဖာလုံသာကွာ ဝေး၍ မော်တော်ယာဉ်များ ရာသီ မရွေးဆက်သွယ်အသုံးပြုလျက်ရှိ ပါတယ်''ဟုဝန်ကြီးကပြောသည်။


ဆိပ်ကြီးခနောင်တိုမြို့မှဒလ မြို့နှင့်တွံတေးမြို့သို့ ဆက်သွယ်သောလမ်းသည် မြို့နယ်ချင်းဆက်လမ်း ဖြစ်ခြင်းလူနေသိပ်သည်းမှု၊ ဒေသ ဖွံ့ဖြိုးရေးအခြေအနေနှင့် လူမှုစီးပွားအခြေအနေ၊ နိုင်ငံဘဏ္ဍာသုံးစွဲရမည့် အခြေအနေများအပေါ်မူတည်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ ဖြင့် တွံတေးတူးမြောင်းဖြတ်တံတား ဆောက်လုပ်ခြင်းကို လတ်တလော ဦးစားပေးအစီအစဉ်တွေထဲတွင် ထည့်သွင်းထားခြင်းမရှိပါကြောင်း ၎င်းက ပြောသည်။


''ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်ဟာ ရေမြေတစ်ဆက်တည်းဖြစ်သော်လည်း တွံတေးတူး မြောင်းကြီး ဖောက်လုပ်ခဲ့ခြင်းကြောင့် လှေ၊ သမ္ဗန်များကိုသာအားကိုးပြီး ဒလမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ကူး သန်းသွားလာလျှက်ရှိပါတယ်။ ယခုအခါ ရန်ကုန်-ဒလတံတားကြီး မကြာမီနှစ်အတွင်း ပေါ်ထွန်းလာ ချိန်နှင့်အမီ ကျွန်တော်တို့ဆိပ်ကြီး ခနောင်တိုမြို့နယ်မှ တွံတေးတူး မြောင်းဖြတ် ကြိုးတံတားအတိုတစ်စင်းထိုးပေးရန် လိုအပ်လျက်ရှိသလို ပြည်သူများကလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့တွေ့ဆုံစဉ်က တောင်းဆိုမှုတွေရှိပါတယ်''ဟု ဆိပ်ကြီးခနောင် တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်း ဆွေကပြောသည်။ 

 

AL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191