HOT NEWS
Main menu
adv
၁ဝ တန်းစာမေးပွဲကျ၍ ကြွက်သတ်ဆေးမှုန့်သောက်ပြီး သေကြောင်းကြံသူ အမှုဖွင့် အရေးယူခံရ

၁ဝ တန်းစာမေးပွဲကျ၍ ကြွက်သတ်ဆေးမှုန့်သောက်ပြီး သေကြောင်းကြံသူ အမှုဖွင့် အရေးယူခံရ

စောလှနွယ် ၊ နတ်မောက်

နတ်မောက်မြို့နယ်တွင် ကျောင်းသူတစ်ဦး ၁ဝ တန်းစာမေးပွဲ မအောင်မြင်ခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက်ခဲ့မှု ဇွန် ၁၁ ရက် မွန်း လွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နတ်မောက် ပြည်သူ့ဆေးရုံမှ အဆိပ်သောက်သည့် အမျိုးသမီးတစ် ဦး ရောက်ရှိနေကြောင်း ဇွန် ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်က ဖုန်းဆက်အ ကြောင်းကြားချက်အရ နတ်မောက် မြို့မရဲစခန်းမှ ဒုရဲအုပ် ရဲဇော်ထိုက် သွားရောက်ပြီး စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိပ်သောက်သူမှာ နတ်မောက် မြို့ န/ကျားထူး ကျေးရွာနေ မစီစီသင်း (၁၈)နှစ် ၁ဝ တန်း နှစ်ကျ (အပြင်ဖြေ) ဖြစ်ကြောင်း သိရှိရပြီး ¤င်းသည် အ ဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် နေအိမ် ၌ရှိနေစဉ် (၁ဝ)တန်းစာမေးပွဲ ကျ ကြောင်း သိရှိရသဖြင့် ကြွက်သတ်ဆေး မှုန့်သောက်ခဲ့ရာ ခေါင်းမူးအော့အန် ခြင်းများဖြစ်ပြီး နတ်မောက်ဆေးရုံမှ တစ်ဆင့် မကွေးတိုင်းဒေသကြီး ပြည် သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ ကုသခဲ့ ရကြောင်း အမှုစစ်၏ စစ်ဆေးချက် အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိမိ ကိုယ်ကိုယ် သေစေရန် အဆိပ်သောက် သူ မစီစီသင်းအား အရေးယူပေးပါ ရန် ဒုရဲအုပ် ရဲဇော်ထိုက်က တရား လိုပြု တိုင်ကြားခဲ့သဖြင့် နတ်မောက် မြို့နယ် မြို့မရဲစခန်းမှ (ပ) ၃၆၅/ ၂ဝ၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၉ ဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိ ရသည်။

(Yangon Times Journal, 12-22)

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

FacebookG+TwitterRSS