Tuesday, 10 October 2017 16:09

အမြန်လမ်းတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်၊ တစ်ဦးသေ၊ ၃၅ ဦးဒဏ်ရာရ

Written by WYHW
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၉

 

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ခွဲခန့်တွင် တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်-၁၅၅/၇ ဖာလုံနှင့် ၁၅၆ အကြား၌ ရန်ကုန်မှ နေပြည် တော်သို့ မတ္တရာမြို့နယ်၊ ရွှေပြည်သာရပ်၊ ရေနံ့သာကျေးရွာနေ ယာဉ်မောင်းကိုဝေ လင်းသူမောင်းနှင်လာသော မန်းရွှေမြို့တော် Express ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုကျော်တက်ပြီး နောက်တစ်ဖက်ယာဉ်ကြောပေါ် ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရသည်။

 


ယင်းသို့တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါယာဉ်မောင်းအပါအဝင် ကျား ၁၉ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၄၃ ဦးအနက် မတစ်ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကျား ၁၈ ဦး၊ မ ၁၇ ဦးတို့မှာ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ငူဆေးရုံနှင့် ရေတာရှည်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရသည်။ အမြန်လမ်းရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ''ယာဉ်ကိုမဆင်မခြင်နဲ့ အရှိန်ပြင်းစွာမောင်းလို့ ယာဉ်တိမ်းမှောက်သွားတာ။ ယာဉ်ကတစ်ဖက်ယာဉ်ကြောမှာ တစ်စောင်းပုံစံနဲ့ တိမ်းမှောက်နေတာ။ သေဆုံးသူခရီးသည်တစ်ဦးပါ''ဟု ဒီမိုကရေစီတူဒေး သို့ အောက်တိုဘာ ၉ ရက်ကပြောသည်။

 


ယင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး မန်းရွှေမြို့တော် Express ယာဉ်လိုင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စက်ပိတ်ထားသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပေ။ ယာဉ်တိမ်းမှောက်မှုကြောင့် မန်း ရွှေမြို့တော် Express ယာဉ်မှာ စုစု ပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ယင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၆/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၃ဝ၄-က/၃၃၈/၃၃၇ ဖြင့် မန်းရွှေ မြို့တော် Express ယာဉ်မောင်း ကိုဝေလင်းသူကို အမှုဖွင့်အရေးယူထားသည်။

 


WYHW

#democracytoday

Read 431 times
Login to post comments