Wednesday, 11 October 2017 12:36

တောင်တရုတ်ပင်လယ် မုန်တိုင်းငယ်များ၏ ကြွင်းကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံဒေသအချို့ မိုးကြီးမည်၊ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထိ တက်လာနိုင် ဟုဆို

Written by TTHL
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေ သည့် မုန်တိုင်းငယ်များ၏ကြွင်းကျန်တိမ်တိုက်များကြောင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ဒေသအချို့ တွင် မိုးကြီးလာမည်ဖြစ်ပြီး စစ် တောင်းမြစ်သည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထိတက်လာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါတိမ်တိုက်များကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ဒေသအလိုက် မိုးကြီးမည် ဖြစ်သည်။

 


''လောလောဆယ် တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်းငယ် တွေရဲ့ အကြွင်းအကျန် တိမ်တိုက် တွေကြောင့် မြစ်ဝကျွန်းပေါ်ဒေသ တွေ၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။ မိုးကတော့ ဒီရက်ပိုင်းအတွင်း ကြီး လာနိုင်တယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၁ဝ ရက်တွင်ပြောသည်။ စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းတာချက်များအရ တောင်ငူမြို့၏ စိုးရိမ်ရေအမှတ်အောက် တစ်ပေခွဲခန့် ရောက်ရှိ နေပြီး နောက်နှစ်ရက်အတွင်း မြို့ ၏ စိုးရိမ်ရေမှတ်သို့ ရောက်မည်ဟု ယင်းဌာနမှ ထုတ်ပြန်ချက် ထုတ်ထားသည်။

 


''မြန်မာနိုင်ငံရဲ့ ဒေသအချို့ မှာ မိုးကြီးနိုင်တဲ့အတွက်လည်း စစ်တောင်းမြစ်မှာ မြစ်ရေတက် လာမယ်။ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထိ ရောက်လာမယ်လို့ခန့် မှန်းပြီး အခုထုတ်ပြန်လိုက်တာဖြစ်ပါတယ်''ဟု ၎င်းကဆက်လက်ပြောသည်။ မြစ်နားကမ်းနားတွင်နေထိုင်သူများ၊ တောင်ပေါ်ဒေသတွင် နေထိုင်သူများအနေဖြင့် အထူးသတိထားနေရန်နှင့် ရန်ကုန်မြို့တွင်လည်း နောက်နှစ်ရက်၊ သုံးရက်အတွင်း မုန်တိုင်းငယ်များ၏ ကြွင်း ကျန်တိမ်တိုက်များကြောင့် မိုးများရွာသွန်းနေဦးမည်ဖြစ်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 


TTHL

#democracytoday

Read 399 times
Login to post comments