Wednesday, 11 October 2017 13:00

ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်အတွင်း ကက်သလစ် ဘာသာဝင် လူငယ်များနှင့်တွေ့ဆုံမည်

Written by HWA
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင် ဘာ၃ဝရက်၌ စိန့်မေရီဘုရားကျောင်းတွင် ကက်သလစ်ဘာသာဝင်လူငယ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ပထမဆုံးအကြိမ်လာ ရောက်မည်ဖြစ်ရာ ခရီးစဉ်အတွင်း နိုဝင်ဘာ၃ဝရက်တွင် ကက်သလစ် ဘာသာဝင်လူငယ်များနှင့် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့် မေရီဘုရားကျောင်းတွင် တွေ့ဆုံသွားမည်ဖြစ်ပြီး ဆုတောင်းပွဲကိုပါကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ဗဟိုဆက်သွယ်ရေးရုံးမှ ဒါရိုက်တာ Fr. Mariano Soe Naing က ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁ဝရက်တွင်ပြောသည်။

 


ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ရက်မှ ၃ဝရက်အထိ မြန်မာနိုင်ငံ၌ လေးရက်တာသီတင်းသုံးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ ဆုံသွားမည်ဖြစ်ကာ နိုဝင်ဘာ ၂၉ ရက်တွင် လူထုတွေ့ဆုံပွဲနှင့်ဆုတောင်းပွဲကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''သူရောက်မှာကတော့ နိုဝင်ဘာ ၂၇ရက်ပေါ့နော်။ ရောက်ရင် တော့ အရင်ဆုံးနိုင်ငံတော်အကြီး အကဲတွေနဲ့ တွေ့ဆုံသွားမယ်''ဟု Fr. Mariano Soe Naing က ပြောသည်။ ပုပ်ရဟန်းမင်းကြီးသည် ရန်ကုန်နှင့် နေပြည်တော်သို့ြ<ွကရောက်မည် ဖြစ်ကာ ခရီးစဉ်အတွင်း အစိုးရခေါင်း ဆောင်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ လူငယ်များနှင့်တွေ့ဆုံ လိမ့်မည်ဟုမျှော်လင့်ကြောင်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 


ပုပ်ရဟန်းမင်းကြီးဖန်ရန်စစ်သည် မြန်မာနိုင်ငံတွင် လေးရက်ကြာ သီတင်းသုံးပြီးနောက် နိုဝင်ဘာ၃ဝရက်မှ ဒီဇင်ဘာ ၂ရက်အထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့သွားရောက် မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ ထုတ်ပြန် ကြေညာချက်တွင် ယဉ်ကျေးမှု၊ ဘာ သာတရားခြားနားသော်လည်း ယှဉ်တွဲနေထိုင်လျက်ရှိနေသော ဤနိုင်ငံသို့ ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ် ကြွလာတော်မူခြင်းအား ဖြင့် မင်္ဂလာအပေါင်း ခညောင်းပြီး စည်းလုံးညီညာ ငြိမ်းချမ်းသာယာ သောနိုင်ငံအဖြစ်သို့ အလျင်အမြန် ရောက်ရှိတော့မည့် နိမိတ်လက္ခဏာ ဖြစ်မည်ဟုယုံကြည်ကြောင်း၊ ခရီး စဉ် အထမြောက်အောင်မြင်ရေးအတွက် ဆု တောင်းမေတ္တာပို့သပါရန် အားလုံးကို မေတ္တာရပ်ခံကြောင်း၊ ခရီးစဉ်အသေးစိတ်အစီအစဉ်များ ကို အလျဉ်းသင့်သလို ထပ်မံထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း စသည် ဖြင့် ပါဝင်သည်။

 


ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အာဂျင်တီးနားနိုင်ငံဘွယ်နော့စ်အိုင်း ရက်မြို့တွင် ၁၉၃၆ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်ကဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ ဟောဟဲမာရီယိုဘယ်ဂေါ်လီယို ဖြစ်သည်။ စက်မှုကျောင်းမှ ဓာတု ဗေဒအထူးပြုဖြင့် အောင်မြင်ခဲ့ပြီး ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၉ခုနှစ် ဒီဇင်ဘာ၁၃ရက်တွင်ကက်သလစ်ရဟန်းတစ်ပါးအဖြစ် ရဟန်းသိက္ခာခံယူသည်။ ၁၉၈၈ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ ဘွယ်နော့စ်အိုင်းရက်မြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၁ခုနှစ် ဖေ ဖော်ဝါရီ၂၁ရက်တွင် ရဟန်းမင်းကြီးအမတ်(ကာဒီနယ်)အဖြစ် တင်မြှောက်ခံရသည်။ ၂ဝဝ၅ခုနှစ်မှ ၂ဝ၁၁ခုနှစ် ထိ အာဂျင်တီးနားနိုင်ငံဆရာတော် ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂ဝ၁၃ခုနှစ် မတ်၁၃ရက်တွင် ရိုမင်ကက်သလစ်အသင်းတော်၏ ၂၆၆ပါးမြောက် ရဟန်းမင်းကြီးအ ဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။ ရဟန်း မင်းကြီးအဖြစ်ခန့်အပ်ခံရစဉ် အီတလီနိုင်ငံ အစီစီမြို့သား ရဟန္တာဖရန်စစ် အစီစီကို စံနမူနာပြုကာ ''ဖရန်စစ်'' ဟု ဘွဲ့နာမယူခဲ့သည်။

 


HWA

#democracytoday

Read 1406 times
Login to post comments