Thursday, 12 October 2017 11:26

နိုင်ငံသား အချင်းချင်း မေတ္တာတရားနှင့် လက်တွဲကာ ဒီမိုကရေစီ ခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ အနာဂတ်ကို ဖော်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်မှ မေတ္တာပို့ ဆုတောင်း

Written by မင်းဗညား
Rate this item
(0 votes)

ရန်ကုန်

 

နိုင်ငံသူနိုင်ငံသားအချင်းချင်း မေတ္တာတရားနှင့် လက်တွဲကာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အနာဂတ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဘာသာပေါင်းစုံ ဆု တောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေတ္တာပို့ဆုတောင်း ခဲ့သည်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်တိုင်း ဒေသကြီးမှ ကြီးမှူး၍ အောက်တိုဘာ ၁ဝ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

 


''ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို ကမ္ဘာကြီးက နားလည်နိုင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ကျွန် တော်တို့အားလုံး ကျွန်တော်တို့အချင်းချင်း မေတ္တာတရားနဲ့ လက်တွဲကြပါစို့။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ ဖော်ဆောင်ကြပါစို့''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေတ္တာပို့ဆုတောင်းခဲ့ကြောင်းသိရသည်။ အဆိုပါပွဲတွင် ဗုဒ္ဒဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာန၊ ခရစ်ယာန်ဘာသာများမှ ခေါင်းဆောင်ကြီးများမှ မိမိတို့ကိုးကွယ်ရာ ဘာသာတရားတော်များ လာတရားတော်နှင့်အညီ မေတ္တာပို့ဆုတောင်း စကားများ ပြောကြားဆုတောင်းခဲ့ကြောင်းသိရသည်။ ''ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ယနေ့ ဆုတောင်းမေတ္တာ ပို့သကြ ခြင်းဖြစ်ပါတယ်။ အခက်အခဲ ဖြစ်နေတဲ့သူ တွေ ဒုက္ခရောက်နေတဲ့လူတွေ အခက်အခဲ တွေကို ရင်ဆိုင်ကျော်လွှားနေတဲ့ လူတွေအတွက် မေတ္တာဟာခွန်အားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ပေးနိုင်တဲ့ စွမ်းအားတစ်ခု ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသူနိုင်ငံသားအားလုံးစုဝေးပြီး ဆုတောင်းမေတ္တာပို့သခြင်းပဲ ဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

 


အဆိုပါပွဲအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင်ဝန်ကြီးများ၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်ကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။ ''ဒီပွဲဟာ ကျွန်တော်တို့နိုင်ငံအတွင်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ တော်ကြီးအတွက် ကျွန်တော်တို့ နိုင်ငံတော်ကြီးကို ဦးဆောင်နေတဲ့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦး ဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်''ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။ အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသည့် ပြည်သူများမှ ငြိမ်းချမ်းရေး ဖယောင်းတိုင် ထွန်းညှိခြင်းများ၊ ဘာသာတရားနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆိုင်ရာ တရားတော်များ ဟောပြောခြင်းများအပြင် မေတ္တာ ပို့ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မင်းဗညား

#theyangontimes

Read 446 times
Login to post comments