Thursday, 12 October 2017 12:57

အသက် ၆ဝ ကျော်တွင် ဝယ်ခြမ်းလာသည့် ပစ္စည်းများကို သယ်ဆောင်ခြင်းက အင်အားကို တိုးပွားစေနိုင်

Written by
Rate this item
(0 votes)

လန်ဒန်

 

အသက် ၆၅ နှစ်ကျော် သက်ကြီးရွယ်အို များအနေနှင့် ဈေးဝယ်ခြင်းကို သယ်ဆောင် ခြင်း၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်စိုက်ပျိုး ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့က ပိုမိုသက်ရှည်ကျန်းမာသည့်ဘဝကို ရရှိရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဗဟိဒ္ဓကုထုံးအရာတို့က ပြောကြားခဲ့သည်။ ထို့ပြင် အသက်အရွယ် ကြီးလာသူများသည် သူတို့၏ ကြံ့ခိုင်မှုအင်အား ကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ကျန်းမာ ရေးဘေးဥပဒ်များကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ဗဟိဒ္ဓဆရာတို့က သတိပေးပြောကြားခဲ့သည်။

 


အသက် ၆၅ နှစ်ကျော်အရွယ် လေးပုံတစ်ပုံခန့်သည် ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့် ခန်းများကို လုပ်ဆောင်ခြင်းမရှိဟု ဗဟိဒ္ဓကုထုံး အဖွဲ့အစည်းက ပြောကြားခဲ့သည်။ ၎င်းတို့က ဗြိတိန်နိုင်ငံရှိ သက်ကြီးရွယ်အို ၂ဝဝဝ ကျော်ကို လေ့လာဆန်းစစ်မှုပြုကာ သက်ကြီးရွယ်အို လေးပုံတစ်ပုံခန့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြံ့ခိုင်မှုလေ့ကျင့်ခန်းပြုလုပ်ကာ ကြံ့ခိုင်မှုအင် အားကို ထိန်းသိမ်းခြင်းသည် လိမ့်ကျခြင်းနှင့် အခြားသောနာမကျန်းရောဂါများမှ ကင်းဝေး စေသည်ဟု ဆိုသည်။

 


မဟိဒ္ဓကုထုံးဆရာတို့၏ အကြံပြုမှုအရ သက်ကြီးရွယ်အိုများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းပြု၍ ထိန်းသိမ်းသင့် ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုအတွက် ရိုးရှင်း သောလုပ်ဆောင်မှုများဖြစ်သည့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်းအပြင် ဈေးဝယ်ခြင်းကို သယ် ဆောင်ခြင်းတို့က သက်ရှည်ကျန်းမာဘဝကို ပိုင်ဆိုင်ခွင့်ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

Ref: BBC

 

Read 367 times
Login to post comments