Main menu
HOT NEWS
adv
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် ကလေး-ကလေးဝ လမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ပြု ပြင်မည်

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် ကလေး-ကလေးဝ လမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ပြု ပြင်မည်

ကလေး၊ ဒီဇင်ဘာ ၆

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ အစိတ်အပိုင်း ကလေး၊ ချင်းတောင် ဒေသနှင့် ချင်းတွင်းရေလမ်းခရီး၊ နယ်စပ်ကုန်စည် ပို့ဆောင်ရေးတွင် အဓိကကျသည့် ကလေး-ကျီကုန်း-ကလေးဝ ကားလမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။

ကလေး-ကျီကုန်းလမ်း မြစ်သာမြစ်ကမ်းပါး မြေထိန်းနံရံတည် ဆောက်ရေးနှင့် လမ်းသားအဆင့် မြှင့်တင်တည်ဆောက်ရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က နိုဝင်ဘာ ၁၈ ရက်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ရာ လာမည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ရန် လျာထားသတ်မှတ်မှုရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။


''ကလေးမြို့-ကလေးဝ လမ်းဟာ ၂၄ မိုင်ရှိပါတယ်။  ပြီးခဲ့တဲ့နှစ်က ရေကြီးရေလျှံမှုဖြစ်သွားတဲ့အတွက် လမ်းပျက်စီးမှုကြီးမားခဲ့တယ်။ လာမယ့်နှစ်မှာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့စစ်ဆေးပြီး အ ကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ရှိနေပါတယ်''ဟု ခရိုင်ဆောက်လုပ် ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုဘဏ္ဍာနှစ်တွင် ကလေးဝ-ကျီကုန်းလမ်းပိုင်းကို ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေမှကျပ် ၉၉၆ ဒသမ ၈၆၁ သန်းဖြင့် ကတ္တရာ၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်စီရေမြောင်း ဖောက်လုပ်ခြင်းလုပ်ငန်း ကို ၃ဝ၃၅ ပေ အထိဆောင်ရွက်ပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။            

MOS

#democrachtoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616