HOT NEWS
Main menu
adv
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန အရေအတွက် တိုးမြှင့်မည်

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန အရေအတွက် တိုးမြှင့်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ယခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် စာစစ်ဌာနအရေအတွက်ကို ယခင်နှစ်ကထက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇ခုနှစ် မတ်လတွင်ဖြေဆို မည့်တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ခုနစ်သိန်းကျော်ဝင် ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အတွက် ယခင်နှစ်ကထက်တစ်သိန်းကျော် ပိုမိုများပြားနေကြောင်း၊ ယင်းအတွက် ယခင်နှစ်ကဖွင့်လှစ်ခဲ့ရ သောစာစစ်ဌာနအရေအတွက် ၁၄ဝဝ ကျော် ထက် ယခုနှစ်တွင်စာစစ်ဌာန အရေအတွက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။


''ကျောင်းသားအရေအတွက် တိုးလာတဲ့နေရာတွေကတော့ အခုချိန် အထိစာရင်းတွေပေးဆဲပါ။ ဒါကြောင့် အရေအတွက်ကတော့ တိုးနေတုန်းပဲ ရှိသေးတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ မနှစ်ကထက်တော့ တိုးမှာပါ။ အခုလည်းတိုးတောင်းထားတဲ့ နေရာတွေကိုလည်း ဖွင့်ခွင့်ပြုထားပါတယ်''ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ၁ဝရက်က ပြောသည်။ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနအ နေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ နိုင်ငံခြားစာစစ်ဌာနများ၊ မသန်စွမ်းစာစစ်ဌာနများဖွင့်လှစ်ပြီး စာမေး ပွဲဖြေဆိုရန်ဆောင် ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


''ဒီနှစ်က ပြင်ပဖြေတွေလည်း တိုးတယ်။ ကျောင်းဖြေတွေလည်းတိုးတယ်။ စုစုပေါင်းဆို ခုနစ်သိန်းခုနစ် သောင်းကျော်သွားပြီ''ဟု ယင်းက ဆက်လက်ပြောသည်။ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနများတွင် ဆရာ၊ ဆရာ မများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအာဏာပိုင်များကိုချထားမည့်အပြင် ရဲစခန်းများ၊ တပ်မတော်ဆေး ရုံများ၊ ဘဏ်များ၊ ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။ ၂ဝ၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၇ ခု၊ ဆေးရုံစာစစ်ဌာန ကိုးခု၊ အကျဉ်းထောင် စာစစ်ဌာနတစ်ခုတို့ ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။                 

ATK

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS