HOT NEWS
Main menu
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေး ဦးစီးဌာနမှ ဥပဒေအသစ် လေးခုရေးဆွဲနေဟု ဆို

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေး ဦးစီးဌာနမှ ဥပဒေအသစ် လေးခုရေးဆွဲနေဟု ဆို

နပြည်တော်၊ ဇန်န၀ါရီ ၁၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဥပဒေအသစ်လေးခု ရေးဆွဲနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသန်းထွဋ်က ပြောကြားသည်။ ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော် အစားအသောက်နှင့် ဆးဝါးကွပ်ကဲရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် USAIDS, Office of Public, Director, Ms. Karen Cavanaugh ISO/IEC 17025:2005 Accreditation Certification ပေးအပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။



"အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မိဘပြည်သူအပေါင်း အန္တရာယ်ကင်းရှင်းပြီးတော့ အရည်အသွေးပြည့်ဝတဲ့ အစားအသောက်တွေ၊ အလှကုန်တွေ၊ ဆေးဝါးတွေရရှိ အသုံးပြုနိုင်အောင် ဆောင် ရွက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့လမ်းညွှန်မှု၊ ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့မဟာဗျူဟာ နည်းဗျူဟာတွေချမှတ်ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော်တို့အလုပ်မှာ ဥပဒေတွေခိုင်မာမှ အလုပ်လုပ်လို့ တိတိ ကျကျလုပ်လို့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့က ဥပဒေလေးခုကို အသစ်ရေးဆွဲနေပါပြီ။ အစားအသောက်ဥပဒေရယ်၊ ဆေးပစ္စည်းဥပဒေရယ်၊ အရည်အသွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်း ဥပဒေရယ်၊ အလှကုန် ဆိုင်ရာဥပဒေတို့ကို အသစ်ရေးဆွဲနေပါတယ်။ ရေးဆွဲတဲ့နေရာမှာလည်း နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေ၊ ပြည်တွင်းမှာရှိတဲ့ပညာရှင်တွေအားလုံး ပါဝင်ရေးဆွဲကြမှာဖြစ်ပါတယ်။ လမ်းညွှန်ချက် မနေ့က ထုတ်ပေး တာကတော့ ခြောက်လအတွင်းပြီးအောင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ 
ဇွန်လမှာပြီးအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဥပဒေဘယ်လောက် ခိုင်မာသလဲဆိုရင် ကမ္ဘာမှာရော၊ မြန်မာမှာပါအားလုံးအသိ အမှတ်ပြုအောင် လုပ်နေပါတယ်"ဟု အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွဋ်က သတင်းထောက်များအား ပြောကြားသည်။

MP
#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS