Main menu
HOT NEWS
adv
ရန်ကုန်မြို့ ကုက္ကိုင်း ခုံးကျော်တံတား ဝန်းကျင် ခုနစ်နာရီကြာ ခန့် ယာဉ်ကြော ကျပ်မှုဖြစ်ပေါ်ခဲ့

ရန်ကုန်မြို့ ကုက္ကိုင်း ခုံးကျော်တံတား ဝန်းကျင် ခုနစ်နာရီကြာ ခန့် ယာဉ်ကြော ကျပ်မှုဖြစ်ပေါ်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၉

တရုတ်နှစ်သစ် ကူးပွဲတော်ကျင်းပနေခြင်းကြောင့် ကမ္ဘာအေးဘုရားလမ်းမပေါ် ကုက္ကိုင်း တံတားအနီးတစ်ဝိုက်တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ ယာဉ်ကြောကျပ်တည်းမှုများဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အမှတ် (၄၆) တပ်ဖွဲ့စုမှူးရုံးဗဟန်းမြို့နယ်မှ တာဝန်ရှိသူနှင့်ဝန်ထမ်းများက ယာဉ် ကြောရှင်းလင်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်ကြော ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့သည့် ယာဉ်ထိန်းရဲဝန်ထမ်းတစ်ဦး က ဇန်နဝါရီ ၂၈ ရက်တွင် ဒီမိုက ရေစီတူဒေးသို့ပြောသည်။


''လှည်းတန်းဘက်ကနေ မြန်မာပလာဇာဘက်ကွေ့တဲ့ကားတွေကို ကွေ့ခွင့်ပေးထားပေမယ့် တရုတ်နှစ် ကူးလုပ်တဲ့အခါကျတော့ ကားတွေကို အောက်ကြောကိုထည့်လို့မရဘူးဖြစ် သွားတော့ ယာဉ်ကြောစီးဆင်းမှုက မရှိတော့ဘူးဖြစ်သွားတယ်။ တစ်စီးချင်းသွားနေရသလိုဖြစ်သွားတော့ ယာဉ်ကြောကျပ်သွားတယ်။ နံနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီခွဲ လောက်ထိ ယာဉ်ကြောရှင်းလင်းရေး တွေဆောင်ရွက်ရပါတယ်''ဟု ¤င်းက ပြောသည်။  တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ် သည့် ဇန်နဝါရီ ၂၈ ရက်တွင် လှည်း တန်းဘက်မှလာပြီး မြန်မာပလာဇာ ဘက်ကွေ့သည့်ကားများ များပြားခဲ့ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်းပေါ် သထုံလမ်းအနီးမှ ကုက္ကိုင်းလမ်းဆုံ ဝန်းကျင်အထိ ယာဉ်ကြောပိတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ပြည်လမ်းမပေါ်မှ အင်းစိန်ဘက်သို့သွားသည့် ခရီးသည်တစ်ဦးက''လှည်းတန်းခုံး ကျော်တံတားပေါ်မှာ ကားတွေတန်း စီပြီးပိတ်နေတာ ခါတိုင်းဆိုရင် မွန်လွဲ ၂ နာရီလောက်ဆို အဲဒီလောက်မ ပိတ်ဘူး''ဟုပြောသည်။ တရုတ်သစ်ကူးပွဲတော်ကျင်းပ နေသည့်အတွက် ရန်ကုန်မြို့ရှိအဓိက လမ်းမကြီးအချို့တွင် ယာယီယာဉ် ကြောကျပ်တည်းမှုများဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616