Main menu
HOT NEWS
adv
ကြားကား ပြေးဆွဲမှု မရှိစေရန် ဒိုင်နာနှင့် ဘီအမ်ယာဉ်များကို သတ်မှတ် စီးရေထက် ပိုမိုပြေးဆွဲခွင့် ပြုထားဟု ဆို

ကြားကား ပြေးဆွဲမှု မရှိစေရန် ဒိုင်နာနှင့် ဘီအမ်ယာဉ်များကို သတ်မှတ် စီးရေထက် ပိုမိုပြေးဆွဲခွင့် ပြုထားဟု ဆို

ရန်ကုန်

ကြားကားပြေးဆွဲမှုမရှိစေရန်အတွက် ဒိုင်နာနှင့် ဘီအမ်ယာဉ်များအား သတ်မှတ်စီးရေထက် ပိုမိုပြေးဆွဲခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ အဆိုပါ ဘီအမ်နှင့်ဒိုင်နာယာဉ်များအား ဧပြီ ၁၆ ရက်အထိ ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။ '' YBS မှာ စပြေးတုန်းက ကြားကား ပြေးတာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ခွင့် ပြုချက်မဲ့ကြားကား ပြေးဆွဲမရှိစေဖို့အတွက် ဘီအမ်နဲ့ဒိုင်နာယာဉ်တွေကို သတ်မှတ်စီးရေထက် ပိုပြီးပြေးဆွဲခွင့်ပြုထားတာ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှအတွင်းရေးမှူးက ပြောကြားသည်။


အဆိုပါ ဘီအမ်နှင့် ဒိုင်နာယာဉ်များမှာ သတ်မှတ်ကာလမတိုင်မီ ယာဉ်များအစားထိုး လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။ ''၁၉၉၅မော်ဒယ်အောက် ဒိုင်နာနဲ့ ဘီအမ်ယာဉ်တွေကို လေးလပိုင်း ၁၆ ရက်အထိ ပြေးခွင့်ပြုထားတယ်။ သတ်မှတ်ကာလကျော်လို့ ယာဉ်အသစ်လဲမထားရင် ပြေးခွင့်မပြုပါဘူး။ လက် ရှိလဲ မြို့ပြင်လမ်းကြောင်းတွေမှာပဲ ပြေးဆွဲခွင့်ပြုထားတာပါ''ဟု ယင်းကပြောသည်။ ယင်းကဲ့သို့ ကာလသတ်မှတ်ပြေးဆွဲခွင့် ပြုထားခြင်းမှာ ယာဉ်ပိုင်ရှင်များ အခက်အခဲ မတွေ့စေရန်အတွက်ဖြစ်ကြောင်း သိရသည်။ ''ပြေးဆွဲခွင့်ပြုထားတယ်။ ဒါပေမဲ့ အဲဒီ ကာလမှာ ယာဉ်လုပ်သားတွေ ပြဿနာမဖြစ် စေရဘူးဆိုတဲ့ ခံဝန်ထိုးခိုင်းထားတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။


စုပေါင်းပြေးဆွဲစနစ်တွင် ပါဝင်ပြေးဆွဲရန် ခွင့်ပြုချက်လျောက်ထားသည့် စီအင်န်ဂျီသုံး ဘီအမ်ခရီးတင်ယာဉ်၂၂၇ စီးနှင့် ဒိုင်နာခရီးသည်တင်ယာဉ် ၁၄၃ စီးရှိကြောင်းသိရသည်။ အများပိုင်ယာဉ်လိုင်းများမှာ ဇန်နဝါရီ ၁၅ ရက်က မထသဖျက်သိမ်းပြီးသည့်နောက်ပိုင်း ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့ ခြင်းဖြစ်ပြီး အများပိုင်ယာဉ်လိုင်းများပြေးဆွဲရာတွင် ပြေးဆွဲမည့် လမ်းကြောင်းအလိုက် အရောင်ခွဲခြားသတ်မှတ်ထားသည်။ အဆိုပါယာဉ်လိုင်းများအား နံနက် ၅ နာရီမှ ည ၉နာရီအထိ ပြေးဆွဲခွင့်ပြုထားကာ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်ပါက အရေး ပေါ် ဖုန်းနံပါတ် ဝ၉-၄၄၈၁၄၇၁၅၃၊ ဝ၉-၄၄၈၁၄၇၁၅၄၊ ဝ၉-၄၄၈၁၄၇၁၄၉၊ ဝ၉-၄၄၉၂၁၆၅၇၂ သို့ ဆက်သွယ်နိုင်သည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191