Main menu
HOT NEWS
adv
မော်လမြိုင်တက္ကသိုလ် အထူးပြုဘာသာရပ် အလိုက် မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ကျင်းပ

မော်လမြိုင်တက္ကသိုလ် အထူးပြုဘာသာရပ် အလိုက် မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ကျင်းပ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇

မော်လမြိုင်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းမှ ဦးဆောင်၍ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် (၁၅)ကြိမ်မြောက်အထူးပြုဘာသာရပ်အလိုက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် မော်လမြိုင်တက္ကသိုလ် ဓမ္မာရုံဝင်းအတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

''မြန်မာ့ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းတတ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးပြီး ရိုင်းပင်းကူညီတတ်ဖို့၊ စည်းလုံးညီညွတ်ခြင်းရဲ့တန်ဖိုးကို သိရှိစေဖို့နဲ့ အတ္တထက်ပရလုပ်ငန်း တွေမှာ လိုလိုလားလားဆောင်ရွက်ဖို့စတဲ့ ရည်ရွယ်ချက်နဲ့ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါတယ်''ဟု ဒုတိယပါမောက္ခချုပ် ဒေါက်တာမီမီစိန်က ပြောကြားကြောင်းသိရသည်။


မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မော်လမြိုင်တက္ကသိုလ်ဒုတိယ ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ မီမီစိန်က အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင်တက္ကသိုလ်အထူးပြုဘာသာရပ် ၁၅ ခုမှအသင်း ၁၅ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆု ရူပဗေဒအသင်း၊ ဒုတိယဆု အင်္ဂလိပ်စာအသင်းနှင့် တတိယဆု ဘူမိဗေဒအသင်းတို့ကရရှိကြရာ ဆုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ 

 

AHO

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191