Main menu
HOT NEWS
adv
သက်တမ်းပြည့် တာဝန် ထမ်းဆောင်ခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ပေးအပ်

သက်တမ်းပြည့် တာဝန် ထမ်းဆောင်ခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ပေးအပ်

ငဖဲ၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင်း သက်တမ်းပြည့်တာဝန်ထမ်းဆောင်ခဲ့ကြသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်မှ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက အမှာစကားပြောကြားပြီး သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁) ဦးတို့အား တစ်ဦးလျှင် ကျပ် ၂၄၅ဝဝဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၇၅၉၅ဝဝဝ ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ချီးမြှင့်ငွေပေးအပ်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပထမလွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

   ZZ

#democracytdoay

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616