Main menu
HOT NEWS
adv
အူအတက် (Appendix)

အူအတက် (Appendix)

ကျွန်တော်လည်း တောင်ယမားချောင်းဘေးဇာတိပါ။ မူလတန်း အရွယ်တုန်းက ဆရာ့ပုလဲဆေးခန်းကို ရောက်ဖူးပါတယ်။ ဦးလေးတစ်ယောက် အူအတက်ပေါက်လို့ ဆရာ ခွဲပေးခဲ့တာပါ။ ကျေးဇူးမမေ့ပါခင်ဗျာ။

အတက်ရောဂါ ဘာလို့လာဖြစ်လဲ။ သူ့ကို လာပိတ်လို့ဖြစ်တယ်။ ပုံမှန် အစာဟောင်း၊ အစာထဲက မာတာတစ်ခုခု ဒါမှမဟုတ် ကင်ဆာကနေ ပိတ်တာကြောင့်ဖြစ်တယ်။ သန်ကောင်ကနေလည်း ဖြစ်နိုင်တယ်။ ဆို့နေတဲ့အစာက ကယ်လ်စီယမ်ဖြစ်စဉ် ဝင်လာတတ်တယ်။ ၁၅ ယောက်မှာ တစ်ယောက်လောက်ဖြစ်တယ်။ အရွယ်မရွေးဘူး။ နှစ်နှစ်အောက် ကလေးမှာဖြစ်တာ မရှိသလောက်ပဲ။

အူအတက် အခေါင်းပိတ်ရင် ရောင်မယ်။ သွေးကြောတွေ အဖိခံရမယ်။ သွေးပြန်ရည် လည်ပတ်တာကို ထိခိုက်မယ်။ ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ သက်သာသွားတာလည်းရှိမယ်။ သွေးမရတာ လည်း ဖြစ်နိုင်တယ်။ ပိုးဝင်လာနိုင်တယ်၊ ပြည်တည်လာနိုင်တယ်၊ ပေါက်ထွက်နိုင်တယ်။ ဗိုက်ခေါင်းကို ပိုးဝင်တာ ဆက်ဖြစ် နိုင်တယ်။ သက်သာရာကနေ အခဲဖြစ်ကျန် ရစ်မယ်။ နောက်တစ်ခါ ပြန်နာနိုင်တယ်။

အူအတက်ရှိတဲ့နေရာကို အပြင် ကနေ အတိအကျသိချင်ရင် စိတ်ကူးမျဉ်း ဆွဲရတယ်။ ချက်နဲ့ တင်ပါး ဆုံရိုးပြားထိပ် နေရာကို မျဉ်းတစ်ကြောင်းဆွဲပါ။ အဲဒီ နေရာဆိုတာက ခါးဘေးအောက်၊ ပေါင် အထက်မှာ လက်နဲ့စမ်းရင် အရိုးမာမာ ဘုကလေးလို ရှိနေတဲ့နေရာပါ။ ပိန်ပိန်၊ ဝဝ စမ်းလို့ရတယ်။ တင်ပါးမှာ ဆေးထိုး တဲ့အခါ  အဲဒီအရိုးစွန်းလေးကို လက်မနဲ့ စမ်းပြီးထိုးတာ ကောင်းတဲ့သင်ကြားမှုကို ရထားသူဖြစ်တယ်။ ဆွဲထားတဲ့မျဉ်းကို သုံးပိုင်းညီညီ စိတ်ထဲမှာပဲ ပိုင်းကြည့်လိုက် ပါ။ ချက်ဘက်က နှစ်ပိုင်းနဲ့ အရိုးစွန်းဘက် က တစ်ပိုင်းဆုံရာနေရာရဲ့ အောက်တည့် တည့်မှာ အူအတက်ကရှိနေတယ်။ အူ အတက်မှာ တစ်ခုခုဖြစ်ရင် အများဆုံး နာတာက အဲဒီပွိုင့်မှာ နာတာက အများ ဆုံးဖြစ်တယ်။ နည်းနည်းလွဲတာလည်း ရှိတာပေါ့။

အူအတက်ရောဂါတွေမှာ Acute Appendicitis ရုတ်တရက် ရောင် တာရယ်၊ Sub-Acute Appendicitis ရက်ပိုကြာတာရယ်၊ Appendicular Abscess, Burst Appendix ပြည်တည်-ပေါက်ထွက်သွားတာရယ်၊ Appendicular Lump အစိုင်အခဲဖြစ်နေတာရယ်ဆိုပြီး ရှိတယ်။ ရုတ်တရက်ရောင်ရင် ချက်ချင်း ဖြစ်၊ ချက်ချင်း ဆရာဝန်ဆီရောက်၊ ချက် ချင်းခွဲစိတ်ရတာမျိုးဖြစ်တယ်။ နာရင်လည်း ခေတ်စကားနဲ့ဆို အသားကုန်နာတာပေါ့။ ပေါက်သွားရင် ရုတ်တရက် ရောင်တာ ထက် ပိုနာတယ်။

သိပ်မဆိုးလို့ ဆရာဝန်ဆီလည်း မရောက်၊ ပေါက်လည်းမထွက်သူတွေက ရက်နည်းနည်းရှိမှ ရောက်လာတတ်တယ်။ ချက်ချင်းခွဲစရာ မလိုဘူး။ ရက်နောက်ကျ မှလာသူတွေကို ပြောခဲ့တဲ့နေရာ သေချာ စမ်းရင် အစိုင်အခဲကို တွေ့နိုင်တယ်။ ဒီလို လူနာကိုလည်း ချက်ချင်းမခွဲဘူး။ နှစ်လ တန်သည်၊ သုံးလတန်သည် စောင့်ပြီး အေး အေးဆေးဆေး လူနာလည်းအား ဆရာ ဝန်လည်း အလုပ်မများချိန်မှာ ရက်ရွေး ပြီး ခွဲစိတ်ရတယ်။

 ပြောတဲ့နေရာမှာ နာတိုင်း အူအတက် ဟုတ်ချင်မှဟုတ်တယ်။ အူ အတက်ရောဂါဖြစ်တာကို ပိုသေချာအောင် စမ်းရမယ်။ ဆေးခန်းလက်ထောက်ဆရာမ တွေကို သင်ပေးသလို ရေးပါရစေ။ လူနာ ကို ပက်လက်ထား၊ ဗိုက်ကို လက်ဝါးပြင်နဲ့ အသာအယာစမ်းပါ။ အူအတက်ရှိတဲ့နေရာ ကို တစ်ခါတည်း သွားမစမ်းသေးနဲ့ဦး။ စမ်းတဲ့လက်နဲ့ လူနာ့ဗိုက် ရင်းနှီးကျွမ်းဝင် သွားအောင် စကားစမြည်ပြောရင်း စမ်း ပါ။ ပိုင်ပိုင်နိုင်နိုင်၊ ကိုယ့်လက်ဝါးနဲ့ သူ့ဗိုက် သားနဲ့ အမျိုးတော်နေသလို ဖြစ်အောင် လုပ်ပြီး စမ်းပါ။ ခဏနေမှ အူအတက်ရှိရာ တည့်တည့်ကို တစ်ပဲသားမှ လွဲမသွားအောင် စမ်းပါ။ နာ၊ မနာဆိုတာ သိဖို့ဖြစ်တယ်။ စမ်းနေရင်း လူနာကို နာသလား မေးစရာ မလိုသေးဘူး။ လူနာမျက်နှာကိုသာ ကြည့် နေပါ။ နာတာကို အမူအရာနဲ့ သိနိုင် တယ်။ မျက်နှာရှုံ့သွားမယ်။ လိုမှသာ နာ၊ မနာမေးပါ။

နာတာကို ဘာသာပြန်ရင် Pain ပေါ့။ အမှန်က ခံစားရသူကနေ နာတယ်ဆရာလို့ ဆရာဝန်က လက်နဲ့ မထိခင်ပြောတာကိုသာ အဲဒီလိုခေါ်တယ်။ စမ်းကြည့်တဲ့အခါ နာတာကို Tender-ness လို့ ခေါ်ရတယ်။ အူအတက်ရောင် ရင် Pain ရော၊ Tenderness ရောရှိတယ်။ လေနာသမားကိုစမ်းရင် Pain ရှိပေမယ့် စမ်းတဲ့လက်ကြောင့် အနာတောင် သက်သာနိုင်တယ်။

နာတာသိရုံနဲ့ အူအတက်ကွလို့ ဆုံးဖြတ်ချက်ကို (ဂျမ့်ပ်)မလုပ်နဲ့ဦး။ ဆက်စမ်းရဦးမယ်။ နာပါတယ်ဆိုတဲ့ အူအတက်နေရာကို အသာအယာဖိပေးထားပြီး ရုတ်တရက် စမ်းတဲ့လက်ကို ၉ဝ ဒီဂရီ ပြန်မလိုက်ပါ။ အဲဒီအခါ လူနာမျက်နှာ တစ်ခါထပ်ရှုံ့လိမ့်မယ်။ မတတ်သာလို့ မရွှေတက် နှစ်ခါနာဖြစ်အောင် လုပ်ရတာ။ ဆောရီး၊ ပိုသေချာလာပြီ။ အဲဒီလူနာနား က မခွာနဲ့ဦး။

စမ်းတဲ့လက်ကို အူအတက်မရှိတဲ့ ဗိုက်အောက်ပိုင်း ဘယ်ဘက်ခြမ်းကို စမ်းပါ။ မေးရင် မနာဘူးပြောမယ်။ အဲဒီဘက်ကနေ အူအတက်ဆီ တွန်းပေးကြည့် လိုက်ပါ။ ရောင်နေတဲ့အူအတက်ဆီ တစ် ဖက်ကအူတွေကို တွန်းဖိပေးလို့ နာပြန်ရ တာဖြစ်တယ်။ မရွှေတက်ခင်မှာ တတိယမ္ပိ နာတယ် ပြောလိမ့်မယ်။ ဒုတိယမ္ပိ ဆော ရီး။

ပိုပိုသေချာလာပြီ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပူ တယ်မပြောလည်း အဖျားတိုင်းပါ။ အပူချိန် မြင့်နေရင် ပြောပေတော့။ ယူ့အပဲန်ဒစ် တစ်ခုခုဖြစ်နေပြီလို့။ တော်တော့ ဆရာက ဒါလောက်ပဲ သင်မယ်။ ကိုယ်သင်တဲ့ ဆရာမ အကုန်အစင် ရစေချင်တယ်။ ဆက် မေးစရာ၊ စမ်းစရာ၊ ကျန်သေးတယ်။ လူနာ တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အနာခံနိုင်တာ မတူကြသလို ပညာခံလည်း ကွာတယ်။ တချို့က သဲတယ်။ ပါလာတဲ့အမျိုး တွေရှေ့ ချွဲချင်လို့ ဟိုနေရာစမ်းလည်း နာတယ်၊ ဒီနေရာလည်း နာတယ် လုပ်တတ်တယ်။ တချို့က ပညာခံနည်းတော့ မပြောတတ်ဘူး။ တိတိပပ သိရအောင် လုပ်ရမယ်။ Sympathy ကို ခဏထားEmpathy နဲ့ စမ်းပါလေ။

လူနာက အမျိုးသမီးဆိုရင် ဆက်မေးစရာတွေ ရှိလာပြီ။ အဖြူဆင်း သလား မေးပါ။ ဆင်းရင် ယားသလား မေးပါ။ မွေးလမ်းကြောင်းရောင်တာလည်း ထည့်စဉ်းစားရမယ်။ သားအိမ်ြ>ွပန် ညာ ဘက်ရောင်နေရင် အူအတက်နေရာနဲ့ သိပ်နီးလို့ နာတဲ့နေရာတူတယ်။ အူအတက် က သူချည်းဖြစ်ရင် အဖြူမဆင်းဘူး။ ဘယ် ဘက်ပါ နာချင်နာနေမယ်။ ဒါဆို အူအတက် မဟုတ်နိုင်တော့ဘူး။ ရာသီ မှန်၊ မမှန် မေးပါ။ မမှန်ရင် ထိန်သလား။ အိမ်ထောင် ရှိရင် ကိုယ်ဝန်ရှိလား မေးပါ၊ စစ်ပါ။ ကိုယ် ဝန်နုတုန်း သားအိမ်ပြင်ပ ညာဘက်ြ>ွပန် မှာ ကိုယ်ဝန်တည်ရင် ဆင်တူနေပြန်တယ်။

ကလေး-လူကြီး၊ အမျိုးသမီး- အမျိုးသား၊ သန်ကောင်ကိုလည်း ထည့် စဉ်းစားပါ။ Pain ပဲရှိမယ်။ Tenderness မရှိဘူး။ ဝမ်းကိုက်ဖူးတဲ့ရာဇဝင်လည်း မေးပါဦး။ (အမီးဗား)ဝမ်းကိုက်ပိုးက အူမ ကြီးအစပိုင်း အူအတက်ထွက်တဲ့နေရာ Caecum မှာ လာရောင်တတ်တယ်။ သူ ကလည်း ဖျားနိုင်တယ်။ အစိုင်အခဲလိုလို လည်း စမ်းလို့ရတယ်။ Appendicular Lump နဲ့ ခွဲသိရမယ်။ ဆီးလမ်းကြောင်း မှာ ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆင်းတဲ့  Ureter ဆီြး>ွပန်ညာဘက်ထဲမှာ ကျောက်က တစ်နေရင်လည်း နာတယ်။ နာတာက အူအတက်ထက်တောင် နာတယ်လို့ ပြောနိုင်တယ်။ ချွေးပြန်တဲ့အထိ။ သူနာတာကို Pain လို့ မခေါ်ဘူး၊ Agony လို့ ခေါ်မှ တိကျတယ်။

ဆရာရှင့် ကျွန်မ အူအတက်ဖြတ်လို့ ဗိုက်ခွဲထားတာ တစ်လပြည့်တဲ့နေ့ပါ။ အနာက အပေါက်မပိတ်သေးပါဘူး။ ဆန်စေ့လောက် ကျန်ပါသေးတယ်။ ခွဲထားတဲ့ဒဏ်ရာက နည်းနည်းနာနေပါတယ်။ မန်းရည်က နည်းနည်းထွက်သေးတယ်။ အထိုင်အထမှာပေါ့ ဆရာရယ်။ အဲဒါ ဆရာဝန်က ပြီးခဲ့တဲ့ ၃ ရက်ကစပြီး ဆေးမသောက် ခိုင်းတော့ဘူး။ အနာကို Spirit နဲ့သုတ် ပြီး Bioplacenton ပါးပါးပဲ လူးခိုင်းပါ တယ်။ ခွဲပြီးလို့ ခြောက်ပတ်ပြည့်မှ ခရီး ထွက်လို့ရပါမယ်။ ဒီကြားထဲ ချောင်းမဆိုး ရပါတဲ့။ မကုန်းရပါတဲ့။ ဒီတော့ ဆရာ ရယ် အနာနဲ့ပတ်သက်လို့ ဘာလုပ်ရမလဲ သိချင်ပါတယ်။ ပျောက်ချင်လှပါပြီ။ ဘာ လို့များ အခုထက်ထိ အနာမပိတ် မကျက် သေးတာလဲ ဆရာ။ ဆီးချို မရှိပါ။ ဖြေ ပေးပါဦး ဆရာရှင့်။ အနာမကျက်ရင် ရေမထိရဘူးဆိုတာ ဟုတ်ပါသလား။

မစိုးရိမ်ပါနဲ့။ ကြိုးစလေးထွက် စရာကျန်တာနဲ့ အနာကျက်ဖို့ လိုသေးတာဖြစ်မယ်။ ကြိုးစက ထွက်လာမယ်။ ရှိနေလို့ မထွက်သေးရင် ထုတ်ပေးလို့ရတယ်။ ဆေးကို အနာဘေးမှာသာ အရက် ပြန်သုတ်ပါ။ အထဲကို Betadine/Cip-ladine Cream လိမ်းတာ အကောင်းဆုံး ဖြစ်တယ်။ ဈေးမကြီးပါ။ ထိခိုက်ဒဏ်ရာ အနာမှန်သမျှအတွက် ကောင်းပါတယ်။ ကလေးမွေးစချက်ကိုပါ ထည့်လို့ရတယ်။ အိမ်တိုင်းမှာ ဆောင်ထားသင့်တယ်။ ၄-၆ ပတ်ဆိုရင် အထဲက အနာကောင်းကောင်း ကျက်နေပြီ။ အနာကျန်သေးရင် ပလတ် စတစ်အုပ်ပြီး ရေချိုးလို့ ရလောက်ပါပြီ။ ချိုးပြီးတာနဲ့ ဆေးထည့်ပါ။        

Flower News Journal

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616