Main menu
HOT NEWS
adv
ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်း ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက်မည်

ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်း ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက်မည်

ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်ပေါ်တွင် တည်ဆောက် နေပြီဖြစ်သည့် ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်း ဖလမ်း(ဆူရ်ဘုန်)လေဆိပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၂ဝ ပြည့်နှစ်၌ အပြီးတည်ဆောက်ရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ချင်းပြည်နယ်မှာ တောင်ပေါ် ကားလမ်းများဖြင့်သာ ဆက်သွယ်သွားလာနိုင်ရာ မိုးတွင်းကာလတွင် တောင်ပေါ် မြေပြိုကျ လမ်းပိတ်ခြင်း၊ မိုးများသဖြင့် လမ်းနေရာတချို့ ပျက်စီးခြင်းများကြောင့် သွားလာမှုခက်ခဲသည့် နေရာများရှိသည်။ အထူးသဖြင့် ချင်းပြည်နယ် မြောက်ပိုင်း မြို့များမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီးသို့ ဟားခါး- ဂန့်ဂေါလမ်းအတိုင်း မြေပြန့်ဒေသမြို့များအား ဆက်သွယ်သွားလာကြရသည်။


အစိုးရသစ်လက်ထက်တွင် ဒေသတွင်း အချက်အချာကျသည့် အ ပြင် တောင်ပေါ်၌ လေယာဉ်ကွင်း တည် ဆောက်ရန် နေရာအနေအထား ကောင်းမွန်သည့် ဖလမ်းမြို့မှ လေးမိုင်ခန့်အကွာ ရိဒ်ခေါဒါ သွားလမ်းပေါ်ရှိ ဆူရ်ဘုန်တောင်မှာ လေယာဉ်ကွင်းသစ် စတင်တည်ဆောက် ခြင်းဖြစ်သည်။ ဖလမ်းလေဆိပ်(ဆူရ်ဘုန်)ကို လေယာဉ်ပြေးလမ်း အလျားပေ ၆ဝဝဝ၊ အနံပေ ၁ဝဝ။ လေဆိပ်အဆောက်အအုံ ပေ ၂ဝဝ x ၈၆ ပေနှင့် ရေထုတ်မြောင်း Apron; Over Run နှင့် Control Tower  များဖြင့် နိုင်ငံတော်မှ ရန်ပုံငွေကျပ် ၂၅ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်လျက်ရှိရာ ယခုအခါ လေယာဉ်ကွင်းပြေး လမ်းအတွက် မြေသားလုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည်။


ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်သော ဖလမ်းလေဆိပ်(ဆူရ်ဘုန်)လေယာဉ်ကွင်း ပြီးစီးပါက ဆက်သွယ်သွားလာမှု ပိုမို အဆင်ပြေလာမည့်အပြင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်ရန်လွယ်ကူသဖြင့် ခရီးသွားလုပ်ငန်များပါ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၂ဝ ပြည့်နှစ် ပြီးစီးရန်ခန့်မှန်းထားကြောင်း သိရသည်။

 

လှိုင်ထွေးအောင်

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616