HOT NEWS
Main menu
adv

မန်းရွှေစက်တော် ဘုရားပွဲကာလ အတွင်း တည်းခိုခ ဈေးနှုန်းများ သတ်မှတ်နှုန်းထက် မြင့်မားနေ

မန်းရွှေစက်တော် ဘုရားပွဲကာလအတွင်း လာရောက်တည်းခိုကြမည့် ဘုရားဖူးများအတွက် တည်းခိုခဈေးနှုန်းများကို ကျပ်သုံးသောင်းထက်မပိုရဟု သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ယင်း ဈေးနှုန်းထက် နှစ်ဆကျော် မြင့်မားလျက်ရှိကြောင်း သိရသည်။ ''ဘုရားပွဲဖွင့်တာ တစ်ပတ်ကျော်ပဲရှိပေမယ့် လာတဲ့သူတွေနဲ့ စည်ကားပါတယ်။ ကျွန်မတို့က အရင်နှစ်ကလဲ သွားခဲ့တယ်။ တည်းခိုခန်းခတွေ ဈေးကြီးတယ်။ ယခုနှစ် ဈေးနှုန်း ပုံသေသတ်မှတ်ထားတယ်ဆိုတော့ သက်သာမယ်ထင်တာ၊ တကယ်သွားတော့ ဟိုတယ်ခထက်တောင် ဈေးကြီးနေတယ်။ သူက ပြေစာ မပေးဘူး။ ပေးရင်လည်း သုံးသောင်းလို့ အထဲမှာ ရေးထားပြီး ပေးရတာက ခုနစ်သောင်းကြီးများတောင်ပဲ''ဟု ရန်ကုန်မှ ရွှေစက်တော်ဘုရားပွဲသို့ သွားရောက် ခဲ့သည့် မဝေမာက ပြောသည်။

Read more...

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန အရေအတွက် တိုးမြှင့်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ယခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် စာစစ်ဌာနအရေအတွက်ကို ယခင်နှစ်ကထက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇ခုနှစ် မတ်လတွင်ဖြေဆို မည့်တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ခုနစ်သိန်းကျော်ဝင် ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အတွက် ယခင်နှစ်ကထက်တစ်သိန်းကျော် ပိုမိုများပြားနေကြောင်း၊ ယင်းအတွက် ယခင်နှစ်ကဖွင့်လှစ်ခဲ့ရ သောစာစစ်ဌာနအရေအတွက် ၁၄ဝဝ ကျော် ထက် ယခုနှစ်တွင်စာစစ်ဌာန အရေအတွက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

Read more...

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မိကျောင်းကောင်ရေ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာ

ရန်ကုန်၊ သြဂုတ်

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောတွင် စုစုပေါင်း မိကျောင်း ကောင်ရေ ၁၆ဝ ခန့်ထိရှိပြီးတစ်နှစ် ထက်တစ်နှစ် ကောင်ရေပို တိုးလာ ကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မိကျောင်းများ၏ မျိုးဆက်ပြန့်ပွားမှုအခြေအ နေများကို သိရှိနိုင်ရန်အတွက် နှစ်စဉ် မိကျောင်းသိုက်များအား ကွင်းဆင်း ရှာဖွေ စစ်ဆေးခြင်း၊ ကောင်ရေ ကောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် အကွက်အမှတ် (၁၁)နှင့် (၁၂)ဧရိယာ တို့အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာ အရွယ်ရောက် မိကျောင်းကောင်ရေ ၆ဝ ကျော်ထိ ရှိ ပြီး တစ်ပေမှ ခြောက် ပေအတွင်း မိကျောင်းကောင်ရေ ၁ဝဝ ကျော်ထိရှိကြောင်း သိရသည်။

Read more...

ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် ကျွန်းတောင်သူများ၏ စိုက်ပျိုးသီးနှံများ ရေမြုပ်ပျက်စီး

မင်းဘူး၊ ဇွန် ၃

ဧရာဝတီမြစ်အတွင်းရှိ မြစ်လယ်ကျွန်းများပေါ်တွင် သီးနှံစိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်နေကြသည့် မကွေး၊ မင်းဘူးဒေသမှ ကျွန်းစိုက်တောင်သူများ၏ စိုက်ခင်းများတွင် ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ မြင့်တက် လာခြင်းကြောင့် ကျွန်းရေမြုပ်မှုနှင့် စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ကျွန်းစိုက်တောင်သူများထံမှသိရသည်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ် ရေမြင့်တက်လာကာ ကျွန်းပေါ်တွင် စိုက်ပျိုးထားသော သီးနှံများမြစ်ရေ ဝင်ရောက်ကာ ရေနစ်မြုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS