Main menu
HOT NEWS
adv

လုပ်ခပေးမည့်အပြင် နေ့လယ်စာပါကျွေးမည့် အထည်ချုပ် အခမဲ့သင်တန်း မကြာမီ ဖွင့်တော့မည်

ရန်ကုန်၊ သြဂုတ်-၁၈

လုပ်ခပေးမည့်အပြင် နေ့လယ်စာပါကျွေးမည့် အထည်ချုပ်သင်တန်းကိုဝန်ကြီးဌာန နှင့်ပျိုးပင်တို့ပူးပေါင်း၍ ပထမဆုံးအကြိမ်အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနပိုင် မြောက်ဒဂုံပင်လုံသင်တန်းကျောင်းတွင် ဖွင့် လှစ်မည်ဖြစ်ပြီး သင်တန်းစီမံကိန်း ၂၈ လတာကာလအတွင်း အထည်ချုပ်ကျွမ်းကျင်သင်တန်းသား ၅၅ဝဝ ကျော်မွေးထုတ်ပေးရန် ရွည်ရွယ်ထား ကြောင်း သြဂုတ် ၁၈ ရက်တွင်အထည်ချုပ်အလုပ်အကိုင်သင်တန်းများဖွင့်လှစ်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့်ပျိုးပင် program မှ တာဝန်ရှိသူတို့ MoU လက်မှတ်ရေးထိုးခဲ့ကာ အဆိုပါသင်တန်းကို စက်တင်ဘာ ၁၈ ရက်တွင်စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။

Read more...

တက္ကသိုလ် ဝင်ခွင့်စနစ် တစ်ခေတ် ပြောင်းတော့မှာလား

အောင်သက်ကို

===========


ယခင် အစိုးရအဆက်ဆက် ဗဟိုချုပ်ကိုင်မှုဖြင့် တက္ကသိုလ်များကို အုပ်ချုပ်စီမံလာခဲ့သည်မှာ ယခုပညာ သင်နှစ်အထိပင်ဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်မူ ပညာ ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စများကို ပြည်သူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှုများရှိလာခဲ့သလို ဖြေလျှော့သင့်သည့်ကိစ္စရပ် များကိုဖြေလျှော့ခြင်း၊ ပညာရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကို အထိုက်အလျောက်ဆောင်ရွက်လာခဲ့သည်ကိုတွေ့ရှိကြရမည်ဖြစ်သည်။

Read more...

ရွှေဝါရောင် သံဃာလှုပ်ရှားမှု (၁ဝ) နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူနိုင်ရန် စီစဉ်လျက်ရှိ

မန္တလေး၊ သြဂုတ် ၁၇

ရွှေဝါရောင် သံဃာလှုပ်ရှားမှု (၁ဝ) နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာတိုင်ကို မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် စိုက်ထူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဝါရောင်သံဃာကွန်ရက်မှ သိရသည်။

Read more...

သက်ဝင်စေချင်သည့် ဘွဲ့ဓာတ်ပုံလေးများ

စည်သူ(ရေနံချောင်း)

-------------------------------

'' ကျောင်းပြီရင် ဘာလုပ်မလဲမမေးနဲ့။ အခု ငါ ကွန်ပျူတာစာစီစာရိုက်ဆိုင်ဖွင့်ထားတယ်။ နောက်ဆို ဘယ်မှာပဲ ဖြစ်ဖြစ် ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့နည်းပညာတွေနဲ့ပဲ လုပ်ရကိုင်ရတော့မှာ။ အဲဒီတော့ အခုလုပ်နေတဲ့ အလုပ်ကို လေးလေးစားစားလုပ်မယ်။ နောက် ကွန်ပျူတာနဲ့ပတ်သက်တဲ့နည်းပညာတွေကို အခုထက်ပိုပြီ နားလည် အောင်လုပ်မယ်။ ဘာဖြစ်လဲကွာ။ ကျောင်းပြီးလို့ဘွဲ့ရတော့လည်း အမေစိတ်ချမ်းသာအောင် ဓာတ်ပုံလေးရိုက်ပြီး အိမ်မှာချိတ်ထားရတာပေါ့။ လူအထင်ကြီးတာပေါ့'' လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က အလှူအတန်းကိစ္စတစ်ခုအတွက် ဖိတ်စာအပ်ရန် ကွန်ပျူတာစာစီစာရိုက်ဆိုင်သို့သွားစဉ် ဆိုင်အတွင်းမှ အလုပ်အတူတူလုပ်နေကြသော ကောင်လေးနှစ်ဦး၊ သုံးဦး၏စကားဝိုင်းဆီမှ ထွက် ပေါ်လာသည့်စကားသံများဖြစ်သည်။ ထိုလူငယ်လေးများ၏စကားဝိုင်းအတွင်းသို့ ဝင်ရောက်မပြောဆိုမိခဲ့သော်ငြား အထက်ပါစကားများမှာ စာရေးသူမိမိ၏စိတ်၌ မှတ်မှတ်ထင်ထင်စွဲငြိခိုဝင်နေခဲ့သည့် စကားသံများဖြစ်နေခဲ့ပါသည်။ တစ်ဆက်တည်းဆိုသလိုပင် ကုန်ဆုံးခဲ့သည့်ရက်အနည်းငယ်ခန့်က စာရေးသူ သောက်နေကျ လက်ဖက်ရည်ဆိုင်လေးဆီသို့ အသစ်ရောက်ရှိလာ သည့် အသက်(၁၂)နှစ်၊ (၁၃)နှစ်ခန့်ရှိမည့် စားပွဲထိုး ကောင်လေး၏စကားသံများက ပဲ့တင်ထပ်လာပြန်ပါသည်။

Read more...

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျားအကောင်ရေ ၆ဝ မှ ၈ဝ အတွင်းသာ ကျန်ရှိတော့

ရန်ကုန်၊ သြဂုတ် ၁၇

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျားအကောင်ရေ ၆ဝ မှ ၈ဝ အတွင်းသာကျန်ရှိနိုင်တော့ကြောင်း သစ်တောဦးစီးဌာနမှ သြဂုတ် ၁၆ ရက် ထုတ်ပြန်ချက်များအရသိရသည်။ မြန်မာနိုင်ငံရှိသတ်မှတ်တည် ထောင်ပြီး သဘာဝနယ်မြေများ အနက်ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တော၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ထမံသီဘေးမဲ့ တောနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီကြိုးဝိုင်းတို့ကို ကျားထိန်းသိမ်းရေးနယ်မြေများ အဖြစ်သတ်မှတ်၍ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ယင်းနယ်မြေများအနက် ဟူးကောင်းချိုင့် ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာအားဖြင့်အကျယ်ဆုံး ဖြစ်ပြီး လေ့လာချက်များအရ အကောင် ရေအများဆုံးကျက်စားလျက်ရှိကြောင်း ခန့်မှန်းထားကြောင်းသိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191