Main menu
HOT NEWS
adv

မဲဆောက်ဒေသတွင် မြန်မာရွှေ့ ပြောင်း ကလေး ထက်ဝက်ခန့်သာ ပညာသင်ကြားနေရ

နေပြည်တော်၊ ဇူလိုင် ၈

ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင် ကျောင်းနေအရွယ် မြန်မာရွှေ့ပြောင်းကလေးငယ်ဦးရေ ၃ဝဝဝဝ ခန့်ရှိရာတွင် ကလေးငယ် ၁၅ဝဝဝ ခန့်သာ ပညာသင်ယူနိုင်မှုရှိနေကြောင်း မဲဆောက်ဒေသ အရုဏ်ဦးအခြေစိုက် စခန်း၊ ကျောင်း အုပ်ဦးကျော်ဆန်းထံမှသိရသည်။  နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဇူလိုင် ၆ ရက်ကကျင်းပသည့် Alternative Education Forum အခမ်းအနားတွင် နယ်စပ် ဒေသရှိ ရွှေ့ပြောင်း ကလေးများပညာ ရေးအခြေအနေနှင့်ပတ်သက်၍ ကျောင်းအုပ်ဦးကျော်ဆန်းက ယင်း ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

Read more...

ပညာရေး ကောလိပ်များကို နှစ်နှစ်သင်တန်းမှ လေးနှစ် သင်တန်းများအဖြစ် အဆင့် တိုးမြှင့်ပြီး ဒီပလိုမာ မှ BA. Edu ဘွဲ့ ပေးနိုင်ရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာတစ် နိုင်ငံလုံးရှိ ပညာရေးကောလိပ်များကို နှစ်နှစ်သင်တန်းမှ လေးနှစ် သင်တန်းများအဖြစ် အဆင့်တိုး မြှင့်ပြီး ဒီပလိုမာမှ BA.Edu ဘွဲ့ ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးလုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာနှစ်နှစ်သင် တန်းများမှ လေးနှစ်တက်ရောက် ရသော BA.Edu ဘွဲ့ပေးနိုင်သည့် သင်တန်းများအဖြစ် အဆင့်တိုး မြှင့်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်းလာမည့် သြဂုတ် ၁ ရက်တွင် ဆရာအတတ်ပညာဦးစီးဌာနမှ ယင်းနှင့်ပတ်သက်သော ဖိုရမ်တစ်ခုကို ကျင်းပပြီး သက်ဆိုင်ရာပညာရှင်များ၏ အကြံÓဏ်ကိုရယူကာ အဆိုပါသင်တန်းများ ဖွင့်လှစ်နိုင်ရန် အတည် ပြုဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ဆရာ အတတ်ပညာဦးစီးဌာနမှ သိရ သည်။

Read more...

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မင်းဘူး၊ မကွေးဒေသ ကျွန်းတောင်သူများ အခက်အခဲဖြစ်နေ

မင်းဘူး၊ ဇူလိုင် ၈

ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေအဆက်မပြတ် တိုးမြင့်လာမှုကြောင့် မကွေးမြို့နှင့် မင်းဘူးမြို့အနီးရှိကျွန်းစိုက်ခင်းများ၌ စိုက်ပျိုးထားသော သီးနှံများရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ရ သဖြင့် ကျွန်းစိုက်တောင်သူများ အခက်အခဲများနှင့်ကြုံတွေ့နေကြရကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ မထင်မှတ်ဘဲ လျှံတက်ခဲ့မှုကြောင့် ကျွန်းများပေါ် တွင် စိုက်ပျိုးထားသော နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ဖရဲနှင့် သခွားသီးနှံများပျက် စီးဆုံးရှုံးမှုဖြစ်ပေါ်နေ ကြရသည်။

Read more...

သထုံခရိုင် ဆေးရုံကြီးတွင် အစာအိမ် အူလမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် ရောဂါများ ကုသနိုင်တော့မည်

သထုံ၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ သထုံမြို့ သထုံခရိုင်ဆေးရုံကြီးတွင် အစာအိမ်အူလမ်းကြောင်းအတွင်းရှိ ရောဂါများကို နိုင်ငံတော်မှထောက်ပံ့ပေးသည့် အစာအိမ်အူလမ်းကြောင်းကြည့်မှန်ပြောင်းစက်ဖြင့် ဈေးနှုန်းချိုသာစွာ ကုသနိုင်တော့ မည်ဖြစ်ကြောင်း သထုံခရိုင်ဆေးရုံမှ သိရသည်။

Read more...

မြန်မာနိုင်ငံတွင် ကျောင်းဝင်ရောက်မှု မရှိသူများနှင့် စောစီးစွာ ကျောင်းထွက်သူများမှာ ၂ ဒသမ ၇ သန်းခန့် ရှိနေဟု ပညာရေး ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတွင် ကျောင်းဝင်ရောက်မှုမရှိသူများနှင့် စောစီးစွာကျောင်းထွက်သူများမှာ ၂ ဒသမ  ၇ သန်းခန့်ပင်ရှိနေပြီး အသက်အရွယ်အားဖြင့် ငါးနှစ်မှ ၁၆ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။''ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ယမန်နှစ်ပညာသင်နှစ်အထိ ကျောင်းသား၊ ကျောင်းသူတွေဟာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ပုဂ္ဂလိက ကျောင်းများအပါအဝင် အခြေခံပညာကျောင်းတွေမှာ ၉ ဒသမ ၂ သန်းတက်ရောက်သင်ယူလျက်ရှိ ပါတယ်။ ကျောင်းသား၊ ကျောင်းသူများရဲ့ကျောင်းထွက်နှုန်းကများနေပြီး အသားတင်ကျောင်းနေနှုန်းက နည်း ပါးနေတာကိုတွေ့ရှိရမှာဖြစ် ပါတယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616