Main menu
HOT NEWS
adv

ရွှေဘို ငလျင်ကြီး လှုပ်ပြီးနောက် စစ်ကိုင်းတိုင်းတွင် လေးနှစ်အတွင်း အကြိမ် ၆၀ ကျော် ငလျင်လှုပ်ခဲ့

စစ်ကိုင်း၊ စက်တင်ဘာ ၉

၂၀၁၂ ခုနှစ်က အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိ လှုပ်ခဲ့သော ရွှေဘိုငလျင်ကြီးပြီးနောက် စစ်ကိုင်းတိုင်း ဒေသကြီး နေရာအသီးသီးတွင် လေးနှစ်အတွင်း ငလျင်အကြိမ် ၆၀ ကျော်လှုပ်ခဲ့ကြောင်း တိုင်းဒေသ ကြီး မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ နောက်ဆက်တွဲငလျင်များတွင် ယခုနှစ်ဧပြီ ၁၃ ရက် ည ၈ နာရီ ၂၅ မိနစ်က ကလေးမြို့ အရှေ့တောင်ဘက် ၄၂ မိုင်ကို ဗဟို ပြုလှုပ်ခဲ့သော အင်အားရစ် ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ထိလှုပ် သော ငလျင်များလည်း ပါကြောင်း သိရသည်။

Read more...

ဗောဓိတစ်ထောင် သာသနာ့ နယ်မြေတွင် တည်ထားလျက်ရှိသော ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး လာမည့် နှစ်တွင် ပြီးစီးမည်

မုံရွာ၊ စက်တင်ဘာ ၉

မုံရွာမြို့နယ် ခတက္ကန်တောင်ရွာဗောဓိတစ်ထောင် သာသနာ့နယ်မြေ ဗန္ဓ၀ကုန်း ပေါ်တွင် တည်ထားလျက်ရှိသော ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ လာမည့်နှစ်တွင်ပြီးစီးနိုင်မည်ဖြစ်ေ ကြာင်း ဗောဓိတစ်ထောင်ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တက မိန့်ကြားသည်။ ယခုလက်ရှိတွင် ထိုင်တော်မူ ရုပ်ပွားတော်ကြီးမှာ ရာခိုင်နှုန်း ၆၀ ထိပြီး စီးနေပြီး နောက်ငါး လခန့်အကြာတွင် အပြီးသတ်တည်ထားနိုင် ရန်ခန့်မှန်းထားသည်။ "လာမယ့်တပို့တွဲလထဲ ဘုရားရုပ်လုံးပေါ်ဖို့ မှန်းထားတယ်" ဟု စက်တင်ဘာ ၈ ရက်နေ့တွင် ဆရာ တော်က မိန့်ကြားခဲ့သည်။

Read more...

ရေနွေးဖြူ မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

အသက် တစ်မနက်ဆိုသည့်အတိုင်း လူသားတို့အတွက် သောက်ရေဟာ မရှိမဖြစ်အရာပေမို့ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ သောက်ရေသန့်ကို နေ့စဉ် ခုနစ်ခွက်မှ ရှစ်ခွက်အထိ သောက်ပေးသင့်ကြောင်း ကျန်း မာရေးသု တေသီများကဆိုပါတယ်။ ဆက်လက်ပြီး ရေနွေးဖြူ(သို့မဟုတ်)ရေကျက်အေးလေးတွေက လူသားတို့ဘက်စုံကျန်းမာရေးအပြင် အသားအရေနှင့်ဆံပင်တို့အတွက် ကောင်းကျိုးပြုပုံကိုလည်း ကျန်းမာရေး သုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။

Read more...

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများအနက် ၃၆ ဆူအား အန္တရာယ်ရှိ သတ်မှတ်၍ ခရီးသွားများအား ပေးမဝင်

ရန်ကုန်

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများအနက် ၃၆ ဆူအား အန္တရာယ်ရှိသည်ဟု သတ်မှတ်၍ ခရီးသွားဧည့်သည်များအား ပေး၍ မဝင်တော့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာ န မှသိရသည်။ သြဂုတ် ၂၄ ရက်က အင်အား ရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံဒေသရှိ ဘုရား ၃၉၇ ဆူ ပျက်စီးခဲ့ပြီး ကနဦးအနေဖြင့် အန္တရာယ်ရှိ ဘုရား ၃၃ ဆူအား သတ်မှတ်ခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ထပ်တိုးဘုရား သုံးဆူကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

Read more...

ကျူးကျော်စာရင်း ကောက်ယူရာတွင် နည်းပညာ အခက်အခဲကြောင့် ကြန့်ကြာနေ

ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများစာရင်း ကောက် ယူရာတွင် နည်းပညာအခက်အခဲရှိမှုကြောင့် စာရင်းကောက်ယူမှုမှာ အခက်အခဲရှိနေ ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ ''ကျွန်တော်တို့အနေနဲ့ နေ့တိုင်းစာရင်း ကောက်ယူမှုတွေလုပ်နေပါတယ်။ တစ်ရက်မှ မနားသေးပါဘူး။ ဒါပေမဲ့ နည်းပညာအခက် အခဲလေးတွေကြောင့် စာရင်းကောက်ယူရာ မှာ ကြန့်ကြာမှုတွေရှိနေပါတယ်''ဟု ဦးညီညီ က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191