Main menu
HOT NEWS
adv

ပြည်သူများကို မေးခွင့်ပေးပါ

ပညာရေးအဆင့်အတန်းမြင့်မားသော နိုင်ငံများမှ ပညာရေးစနစ်တွင် ဆရာများ၏သင်ကြားပို့ချချိန်ထက် ကျောင်းသားများက မေးခွန်းများမေးမြန်းခြင်းကို ပိုမိုဦးစားပေးလေ့ရှိကြောင်း ဖတ်ရှုမှတ်သားခဲ့ဖူးသည်။ တစ်စုံ တစ်ယောက်၏ ပြောဆိုမှုများကို သဘောကျသည် ဖြစ်စေ မကျသည်ဖြစ်စေ နားထောင်နေရခြင်းထက် မိမိ၏ထင်မြင်ယူဆချက်များကို ဆွေးနွေးတင်ပြခြင်းသည်လည်းကောင်း၊ မသိမရှင်းလင်းသည်များ ကို မေးမြန်းခြင်း သည်လည်းကောင်း၊ အပြန်အလှန်စကားပြောဆိုကြခြင်းသည်လည်းကောင်း၊ အဝန်းအဝိုင်းတစ်ခုအတွင်းရှိ ပါဝင်ပတ်သက်နေကြသည့်သူများကို ပိုမိုသွက်လက် စေပြီး အကျိုးကျေးဇူးများစေသည့် သဘော ကို ဖော်ဆောင်ကြခြင်းဖြစ်သည်။ ဗုဒ္ဓသည်တရားဓမ္မများကို ပြဆိုရာတွင် အမှန်တရားကိုသိစေရာ၌ ဟောပြောနားချခြင်းထက် မေးခွန်းများမေးမြန်းခြင်းဖြင့် လိုရာကိုရောက်ရန်လမ်းပြခဲ့သလို ပြန်လည်မေးမြန်းမှုကို လည်းလက်ခံခဲ့သည်။ ထိုခေတ်ကာလက ဘာသာရေးခေါင်းဆောင်များသည် ငါပြောတာအမှန် ငါပြောတာကိုနားထောင်ကြလမ်းစဉ်တွင်သာရှိကြပြီး ယုံမှားသံသယဖြစ်ခွင့်ကို မနှစ်မြို့ကြပေ။ ထို့အတူ ထင် ရှားသောတွေးခေါ် ပညာရှင် ဆော့ ခရတ္တိသည် ပြဿနာများကို ချဉ်းကပ်ဖြေရှင်းရာတွင် မေးခွန်းများမေးမြန်းစိစစ်သောနည်းကိုပင် သုံးခဲ့သည်။

Read more...

လက်ရည် တစ်ပြင်တည်း

မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့အကောင်းဆုံး  နေရာကိုပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွှန်းဆိုရပေမည်။ တချို့ကလည်းမယ်ဥတောင်ဟုခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက်ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင်တည်ရှိသည်။ ရေမြေကလည်းအလွမ်း ရေမြေ။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥအလွမ်းဇာတ်သန္ဓေတည်ရှိရာရေမြေ။ ပတ်ဝန်းကျင်အနေအထားကလည်း ရိုးမရှိ၏။ လယ်တောရှိ၏။ ဗြိဇင်၊ တော သဇင်၊ တောစံပယ်ပန်းလေးများရှိ၏။ တန်ခူးကာလရောက်လျှင် ပင်လုံးကျွတ်မျှ ပွင့်တတ်သော သရဖီပင်ဝိုင်းရှိ၏။ မင်းလေး၏ စီးတော်ကျားတွင်းရှိ၏။ သစ်ရွက်ခြောက်လေးတွေသာ ရှပ်တိုက်ပြေးနေသော စောင်း တန်းအိုလေးလည်းရှိ၏။ စောင်းတန်းအတက်စမှာ ဦးခန္တီကောင်းမှု အာရုံခံသံဇရပ်ကြီးက လူသူကင်းမဲ့ငိုက်မျဉ်းနေတတ်ချေသေးသည်။ သို့သော်ဓားကိုယ်စီဖြင့် ရွှေဖျဉ်းညီနောင်က ကျားကိုယ်စီစီးလျက်မာန် ဝင့်နေသေး ၏။ ဒီအချိန်မှာပဲ တောင် ခြေအိမ်ကျယ်ရွာဆီက သီချင်းသံတစ်စ ပျံ့လွင့်လို့လာပါ ပြီကောလေ။

Read more...

အရေးကြီးပြီ သွေးစည်းကြစို့

ကျွန်တော်က ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ မွေးတာဆိုတော့ ကျွန် တော့်ကိုမမွေးခင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါ ရီ ၁၂ ရက် နံနက် ၁ဝ နာရီမှာ 'ပင်လုံစာ ချုပ်' ချုပ်ဆိုခဲ့တာကို မမီခဲ့ပါဘူး။ ဒါပေမဲ့ ဒီ နေ့အထိ ကျန်း ကျန်းမာမာနဲ့ အသက်ရှင်နေ သေးတာ ဘာတစ်ခု အကျိုးရှိလဲဆိုတော့ 'ဒုတိယပင်လုံညီလာခံကြီး'ကို မျက်ဝါးထင် ထင် မြင်ရ တွေ့ရတော့မှာမို့လို့ပါပဲ။ သမိုင်းကြောင်းကို ပြန်ကြည့်တော့ ကျွန်တော်တို့ မမြင် မတွေ့ မမီလိုက်ရတဲ့ 'ပထမပင်လုံညီလာခံကြီး'ကို ကျင်းပသွားခဲ့တာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ အခု ဒုတိယပင်လုံညီလာခံကြီးကို လာမယ့်တစ်လ၊ နှစ်လအတွင်း ကျင်းပ မယ့် ဒေါ်အောင် ဆန်းစုကြည် ကလည်း အမျိုးသားခေါင်းဆောင်ပါ။ လူ ထုခေါင်းဆောင်၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပါ။ ကျေးဇူးရှင် မွေးသဖခင် ကြီးလက်ထက်မှာ ပထမပင်လုံညီလာခံကို ကျင်းပခဲ့တယ်။ အခု သမီးဖြစ်သူ ရဲ့ လက်ထက်မှာလည်း ဒုတိယပင်လုံညီလာခံကြီးကိုကျင်းပတော့မှာပါ။ ပထမပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့တာက မြန်မာပြည်မမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေနဲ့ တောင်တန်းဒေသက ခေါင်းဆောင်တွေဟာ ၁၉၄၇ ခုနှစ် ဖေ ဖော်ဝါရီလအထိ ဆွေးနွေးခဲ့ကြတယ်။ မြန် မာပြည်မနဲ့ ပူးပေါင်းပြီး အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်ကနေပြီး 'လွတ်လပ်ရေး' ကို ရအောင်ယူဖို့ သဘောတူခဲ့ကြတယ်။ အမျိုးသားခေါင်းဆောင် ဗိုလ် ချုပ်အောင် ဆန်းနဲ့အတူ တောင်တန်းဒေသ ခေါင်းဆောင် ကြီးတွေက တိုင်းရင်းသားအားလုံး မခွဲအတူ တူညီမျှတဲ့ သဘောထားတွေနဲ့ 'ပင်လုံစာ ချုပ်'ကို လက်မှတ် ရေးထိုးခဲ့ကြတာပါ။

Read more...

လူထုလက်ခံဖို့ ပြည်ခိုင်ဖြိုး ဘာတွေပြင်သင့်သလဲ

ပြီးခဲ့သည့်ရက်ပိုင်းကမှ သမ္မတ ဟောင်းဦးသိန်းစိန် ပြန်လည် ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိအခြေအနေအပေါ် မြန်မာ့နိုင်ငံ ရေးစောင့်ကြည့်လေ့လာသူ ဦးကျော်လင်းဦးကတော့ ''ငလျင်လှုပ်ပြီး အခုမှပြန် တည် ဆောက်နေရတဲ့သဘောပဲရှိသေးတယ်''ဟု ရှုမြင်ပါသည်။ ဆိုလိုသည်က လွန်ခဲ့သောငါး နှစ်အတွင်း ပါတီတွင်းပြဿနာပေါင်းများ စွာရှိခဲ့ခြင်းကြောင့် ပြန်လည်တည်ငြိမ်အောင် လုပ်နေရသည့်အခြေအနေဟု ၎င်းကရှင်း ပြသည်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျာက တော့ ''အခုဖြစ်နေတဲ့ပြဿနာက မျိုးစေ့မမှန်လို့ဖြစ်တဲ့ပြဿနာ''ဟု ရှုမြင်နေသည်။ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် များ၏ စေတနာနှင့်ရည်ရွယ်ချက်များကို ပြည်သူလူထုက သိရှိထားပြီးဖြစ်နေသောကြောင့် ဒီမိုကရေစီနည်းကျသာ တခြားပါတီများနှင့် ယှဉ်ပြိုင်ကြည့်ပါက အနိုင်ရရှိဖို့ဆိုသည်ထက် တိုးပင်တိုး၍မရနိုင်ကြောင်း ဦးမင်းဇေ ယျာ က သုံးသပ်သည်။

Read more...

လွမ်းဆွတ် တမ်းတမိလေသော ရသစာပေခေတ် တစ်ခေတ်

မကြာသေးမီက ဒီမိုကရေစီတူဒေးသတင်းစာတွင် ကဗျာကဏ္ဍတစ်ခုထပ်မံအားဖြည့်လာသည်ကို သတိပြုမိသည်။ ကဗျာကဏ္ဍကိုထပ်မံအားဖြည့်လိုက်ခြင်းမှာ ကဗျာချစ်သူတို့အတွက် လစ်လပ်နေသော ကွက်လပ် တစ်ခုကိုဖြည့်ဆည်းပေးလိုက်သကဲ့သို့ အင်္ဂါစုံပြီးသား သတင်းစာတစ်စောင်တွင် လှပသောအစိတ်အပိုင်းတစ်ခုထပ်မံတပ်ဆင်ပေးလိုက်သလိုလည်း ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် ၁ဝ စုနှစ်များအတွင်း နိုင် ငံရေး မတည်ငြိမ်မှုနှင့်အတူ စာရေးဆရာတို့၏အခန်းကဏ္ဍမှာလည်း အပြောင်းအလဲများနှင့်ရွေ့လျားလာသလိုရှိခဲ့သည်။ ဆိုရလျှင် စာရေးဆရာအများစုသည် သူတို့သန်ရာ ကလောင်ကိုကိုင်စွဲ လျက် နိုင်ငံအရေးတွင် ပါဝင် ပတ်သက်လာခဲ့ကြခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း စာနယ်ဇင်းစာမျက်နှာများပေါ်နှင့်စာအုပ်အ ရောင်းဆိုင်များမှ စာအုပ်စာပေများတွင်တွေ့ရသော စာ ရေးဆရာတို့၏လက်ရာများမှာ သုတရသနှင့်နိုင် ငံရေး စာပေများသာ အလေးကဲနေခြင်းက နိုင်ငံရေးတွင်ပါဝင် ပတ်သက်နေသော စာရေးဆရာတို့၏ အခန်းကဏ္ဍကို တွက်ဆမိနိုင်မည်ဖြစ်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191