မန်ချက်စတာ

 

မျိုးဗီဇစမ်းသပ်စစ်ဆေးမှုက ရင်သားကင်ဆာကြောင့် ခွဲစိတ်ကာ ဖယ်ရှားသည့် အမျိုးသမီး အရေအတွက်ကို လျှော့ချပေးနိုင်ကြောင်း မန်ချက်စတာသုတေသီတို့က ပြောကြားခဲ့ကြသည်။  သွေး သို့မဟုတ် တံတွေးကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားစေသည့် မတူကွဲပြားသော မျိုးဗီဇ ၁၈ မျိုးကို ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

ချယ်ရီစိုးမြင့်

----------------

လူတိုင်းမှာစိတ်ဓာတ်ကျတယ်ဆိုတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်ကြပါတယ်။ စိတ်ဓာတ်ကျမှုဆိုတာ လူအတော်များများမှာ တစ်ခါတစ်ရံဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခုပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကတော့ ကမ္ဘာမှာလူဦးရေသန်းပေါင်း ၃၅ဝ ကျော် လောက်က စိတ်ဓာတ်ကျမှုကိုခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ လူအများစုကတော့ ဒီလက္ခဏာကို တခြားလူတွေရှေ့မှာ ထုတ်ဖော်ပြောပြဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။ ဒီလိုပြောလိုက်ရင် ငါ့ကိုအထင်သေးသွားမလား၊ တခြားလူတွေက ငါ့ကိုဘယ်လိုများမြင်တော့မလဲဆိုတဲ့အတွေးတွေနဲ့ စိုးရိမ်စိတ်တွေကြောင့် တော်တန်ရုံထုတ်ဖော်မှုမပြုတတ်ကြပါဘူး။ တကယ်တော့ စိတ်ဓာတ်ကျမှုဆိုတာနိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ၊ ဆင်းရဲ-ချမ်းသာ၊ ပညာတတ်ခြင်း၊ မတတ်ခြင်းဆိုတာတွေပေါ်မှာ အနည်း နဲ့အများကွာခြားမှုရှိနိုင်ပေမယ့် ဘယ်သူ့မှာတော့ မဖြစ်နိုင်ဘူးဆိုတာမရှိလို့ အားလုံးနဲ့သက်ဆိုင်ပြီး သတိထားရမယ့် ဝေဒနာတစ်မျိုးပါ။

 

Wednesday, 18 October 2017 13:44

ဈေးချိုနေ့ပွဲ

Written by

ဆူးငှက်

-----------

 

ကောင်းကင်တစ်ခုလုံး မိုးသားတိမ်လိပ်တွေနဲ့ ပိတ်ဖုံးနေတယ်။ ခြိုးခြိုးခြိမ့်ခြိမ့် မိုးခြိမ်းသံတွေလည်း ကောင်းကင်က နေရာအနှံ့...။ နေရောင်က ဘယ့်နှယ် လုပ်ဖြန့်ကြက်နိုင်မှာလဲ...။ မှောင်မည်းလုလု...။ မိုးတွေမည်း မိုးတွေထစ်ချုန်းနေသလောက် မိုးက တော့ ဝုန်းဒိုင်းကြဲ သဲသဲမဲမဲ မရွာသေးပါဘူး။ ခပ်ဖွဲဖွဲ လေးတော့ ကျနေပါသေးတယ်။ မနက်မလင်းခင်ကတည်းက ရွာနေတဲ့မိုးကြောင့် မန္တလေးဟာ ထုံးစံအတိုင်း ဘာအလုပ်မှမလုပ်တော့ဘူးပေါ့။ ကတ္တရာလမ်း ပေါ်မှာ မသွားမဖြစ်လူတွေ၊ စက်ဘီးတွေ၊ ဆိုက်ကား တွေ၊ မြင်းလှည်းတွေပဲရှိတယ်။ ကျွန်တော်တို့ အမှတ်(၁) အထက်တန်းကျောင်းကလည်း အတန်းပိုင် ဆရာမ ဒေါ်ခင်မြမြအေးက မိုးရွာပြီး ကျောင်းသားမစုံတော့ အတန်းဆင်းပေးလိုက်ပါပြီ။ ဒါကြောင့် ထမင်းစား ကျောင်းမှာ ကျွန်တော်တို့လည်း မိုးဖွဲဖွဲမှာ အိမ်ပြန်ကြ ရပါတော့တယ်။

 

လွမ်းရိပ်ဝေ(TU-မုံရွာ)

------------------------------

မကြာသေးခင်ကသတင်းစာဖတ်ရင်းတွေ့လိုက်ရသော သတင်းတစ်ခုကြောင့် ကျွန်တော်မူလတန်းကျောင်းသားဘဝက အ တွေ့အကြုံတစ်ခုကိုသွားသတိရမိသည်။ ဖတ်လိုက်ရသည့်သတင်းမှာ စာသင်ကျောင်းတစ် ကျောင်းတွင်ရန်ဖြစ်၍ဟုဆိုကာ ကျောင်းသား နှစ်ယောက်ကို ဆရာကရိုက်နှက်ဆုံးမရာ ထိုင်မရသည်အထိဒဏ်ရာရသောသတင်း ဖြစ်၍ ကျွန်တော်ဆက်စပ်သတိရမိသွားသည့်အကြောင်းက ကျွန်တော်မူလတန်း တုန်းက ကျွန်တော်တို့ရွာမူလတန်းကျောင်းမှာတာဝန်ကျသော ကျောင်းအုပ်ဆရာကြီး အကြောင်းဖြစ်သည်။ အဖြစ်အပျက်များသည် အလားသဏ္ဌာန်ချင်းတော့မတူပေ။ သို့သော် ဆရာများ၏တပည့်များအပေါ်လွဲမှားသော ဆက်ဆံရေးအကြောင်းကိုလှစ်ဟပြလိုခြင်း ဖြစ်သည်။ ထိုကျောင်းအုပ်ဆရာကြီး ကျွန်တော် တို့ရွာတွင်တာဝန်ကျစဉ်က ထိုကျောင်းအုပ် ဆရာကြီးအပါအဝင် အထွေထွေလုပ်သား ဆရာမတစ်ဦး၊ ရွာမှလုပ်အားပေးငှားထားသောဆရာမတစ်ဦးနှင့် စုစုပေါင်းမှ မူလတန်းအတန်းအားလုံးအတွက် ဆရာ၊ ဆရာမ သုံးဦးထိသာရှိသည်။

 

တက္ကသိုလ်သင်္ခ

----------------------

''သူများအကြောင်း ကောင်းသောဘက်မှ အကျင့်လုပ်၍ ပြောကြည့်ပါ။ သင်စိတ်ချမ်းသာပါမည်'' အထက်ပါပညာပေးစာတန်းလေးကို ဘတ်စ်ကားတစ်စီးတွင် ကျွန်တော်ဖတ်လိုက်ရပြီး သဘောကျသဖြင့် ပြန်လည်မျှဝေ ပေးခြင်းဖြစ်ပါ၏။ လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေရှိသည့်အတိုင်း လူတစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်း မတူညီကြပါ။ အချို့ က ''သင့်ရဲ့လက်ငါးချောင်းကို ထောင်ကြည့်ပါ။ လက်တစ်ချောင်းနဲ့တစ်ချောင်း အတို အရှည်မတူညီတာကိုတွေ့ရမယ်။ ဒီအတိုင်းပဲ လူတွေမှာလည်း စိတ်ကောင်းရှိသူတွေရှိသလို စိတ်ယုတ်၊ စိတ်ညံ့ ရှိသူတွေလည်း ရှိကြပါတယ်''ဟူ၍ ဥပမာပေး ပြောတတ်ကြ၏။ စိတ်ယုတ်စိတ်ညံ့ရှိသူသည် တစ်ဖတ်သားအပေါ် ဘယ်သော အခါမျှ အကောင်းမြင်စိတ်မထားတတ်ပေ။ မည်မျှကောင်းအောင် လုပ်ကိုင် ဆောင်ရွက်ထားပါစေ အနည်းဆုံးဖြစ်ဖြစ် အပြစ်ပြောလိုက်ရမှ ကျေနပ်သည်။ ထိုလူမျိုးသည် ''ကိုယ့်ထက်သာမနာလို၊ အကြံတူရန်သူ၊ အလုပ်တူငြူစူ''ဆိုသကဲ့သို့ မနာလိုဝန်တိုစိတ် ထားတတ်၏။

 

မိချမ်းဝေ

-------------

''ရိုးစင်းပွင့်လင်းသောနှလုံးသားထဲတွင် ယုံကြည် ခြင်းရောင်ခြည်သည် အတောက်ပဆုံးဖြစ်သည်'' ယုံကြည်ခြင်းဆိုင်ရာ အဆိုအမိန့်တစ်ခု နှလုံးအိမ်မှာ ချိတ်တွယ်ရှင်သန်နေသည်။ ရိုးစင်းပွင့်လင်း သောဟုသုံးထားသည့်အတွက် ရိုးသားပွင့်လင်းဖို့ တော့လိုသည်ပေါ့။ စက်တင်ဘာလ ၂၄ ရက်နေ့က စာရေးသူတို့ ရသစာဖတ်ဝိုင်းအစီအစဉ် (၂)၏ ပွဲစဉ် (၁၄) သည် ရန်ကုန် Book Plaza မှာကျင်းပပြီးစီး သွားခဲ့ပြီ။ ရသစာဖတ်ဝိုင်းတွေကို ကျွန်မတို့ဘာကြောင့် လုပ်နေရသလဲ။ လူထုကိုစာဖတ်ရှိန်မြှင့်တင်ရန် တစ်နည်းအားဖြင့် စာဖတ်ခြင်းမှာ ပြန်လည်ဝင်စားလာ စေရန် ရည်ရွယ်ပါသည်။ သည်ထက်မက လူစည် ကားရာနေရာ၊ မျက်မမြင်ကျောင်း၊ အမျိုးသမီးဂေဟာ စသည်ဖြင့် လူစုလူဝေးရှိရာနေရာများတွင်လည်း ပြုလုပ်သင့်လှသည်။ ပွင့်လင်းရာသီရောက်လျှင်ဖြင့် ထိုကိစ္စများ အကောင်အထည်ဖော်နိုင်ပေမည်။

 

မောင်ရင်ထွေး(မအူပင်)

 

သီရိလင်္ကာနိုင်ငံ၌ ပလတ်စတစ်အိတ်နှင့်အခြားသောပလတ်စတစ်အသုံးပြုတစ် ခါသုံးပစ္စည်းများသုံးစွဲခြင်းမပြုကြရန်ကို ယခုစက်တင်ဘာလ ၁ ရက်နေ့က အစိုးရမှတားမြစ်လိုက်သည့်သတင်းကိုနိုင်ငံတကာသတင်းမှာဖတ်လိုက်ရပါသည်။ သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုမြို့၏နေရာများစွာ၌ အမှိုက်များစွန့်ပစ်ခြင်းကြောင့် ဧပြီလအတွင်းအမှိုက်ပုံပြိုကျ၍ လူနေအိမ်ဒါဇင် ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးလူ ၃၂ ဦးသေဆုံးသွားခဲ့ရပါသည်။

 

မကွေး၊ အောက်တိုဘာ ၁၅

 

အပြည် ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ကို မကွေးတိုင်းဒေသကြီး မကွေးမြို့၌ အောက်တိုဘာ ၁၅ နံနက်ပိုင်းက ပြုလုပ်ရာတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မသန်စွမ်းသူ ၈ဝ ခန့် တက်ရောက်၍ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ လမ်းလျှောက်ပွဲကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း(မကွေးရုံးခွဲ)မှ ဦးစီးကျင်းပ ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးမြို့မှာ စည်ဖြိုးသူ ဖောင်ဒေးရှင်း၊ မကွေးပရဟိတသဒ္ဓါ ရှင်ကူညီမှုအသင်းများမှ လိုက်လံကူညီစောင့်ရှောက်ကူညီပံ့ပိုးပေးပြီး လမ်းလျှောက်သူများသည် မကွေးမြို့ အထက (၁) လမ်း ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်းတို့တွင် လမ်းလျှောက်ခဲ့ကြသည်။

 

Page 3 of 11