ထီးလင်း၊ ဒီဇင်ဘာ ၃

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပျူလူမျိုး (ခေါ်) တောင်သားလူမျိုးများ ပထမအကြိမ်တွေ့ဆုံပွဲကို မကွေးတိုင်း ဒေသကြီး ထီးလင်းမြို့နယ် ဝက်သက်ရွာမတွင် ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၃
 
နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့်ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်အား ငွေကျပ်သိန်း ၁၅၀ဝ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအတွင်းရေးမှူး ဦးဝင်းထိန်မှ ပြောကြားသည်။ ဒီဇင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)အစည်းအ ဝေးခန်းမ၌ကျင်းပသည့် နေပြည် တော် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖြစ်မြောက်ရေးဦးစီးကော်မတီနာယကများ၏ လမ်းညွှန်မှုခံယူပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၃

 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

မြိတ်၊ ဒီဇင်ဘာ ၂- မြိတ်ဒေသ ထွက်ဂွေးငါးပိသည် လက်ရှိမှာ ဂွေး ကောင်များ ဖမ်းဆီးရရှိမှုနည်းပါး လာ၍ ငါးပိများထွက်နှုန်းကျဆင်း လာကြောင်း ယင်းလုပ်ငန်းကို လုပ် ကိုင်သူများထံမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂- မြန်မာနိုင်ငံတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အပြည့်အဝရှုတ်ချရန်လိုအပ်ပြီး ပြဋ္ဌာန်းထား သည့် ရာဇသတ်ကြီးပုဒ်မတွင် အားနည်းချက်များရှိနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြော သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂- အခြေခံ ပညာမူလတန်းကျောင်းများအတွက် မူလတန်းပြရာထူးနေရာ တစ်သောင်း ဝန်းကျင်ကိုခန့်ထားရန် လိုအပ်နေ ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

ရန်ကုန်တက္ကသိုလ်တွင် လူငယ်ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးပွဲတော်ကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အနာ ဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များ၏ စွမ်းပကားကိုမြှင့် တင်ပေးရမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးပွဲတော်ကြီးကို ၂ဝ၁၇ ခုနှစ် ဒီ ဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ဝန်ကြီးဌာနငါးခုပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်တွင်ကျင်းပလျက်ရှိပြီး ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိသူနှစ်သိန်း ကျော်ရှိပြီး တစ်ရက်လျှင် လူဦးရေ ၃ဝခန့် အိတ်ခ်ျအိုင်ဗွီပိုးအသစ်ကူး စက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၏ပြောကြားချက်အရသိရသည်။ အဆိုပါအကြောင်းကို ဒီဇင်ဘာ ၁ရက်တွင် သူနာပြုတက္ကသိုလ်၌ပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

Page 4 of 30