ရန်ကုန်၊ အောက်တိုဘာ ၁၃

 

မြန်မာနိုင်ငံတွင် ကလေး ၈ဝဝ မွေးလျှင်တစ်ဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဖြစ်ပေါ်တတ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမျက်နှာ၊ ခံတွင်း၊ မေးရိုးနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာမိုးသူဇာက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။ ယင်းသို့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းမှာမျိုးရိုးလိုက်ခြင်းနှင့် မိခင်မှကိုယ်ဝန်ဆောင်စဉ် ပြင်း ထန်သောရောဂါတစ်ခုခုဖြစ်ပွားပါက ယင်းသို့ဖြစ်ပေါ်တတ်ကြောင်း ၎င်းကပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၂ - ရင်ခွင်ပိုက်ကလေးငယ်များကို အရင်းပြုပြီး တောင်းရမ်းနေမှု၊ စာသင်အရွယ်ကလေးငယ်များ တောင်းရမ်းနေမှုနှင့် သက်ကြီးရွယ်အိုများ တောင်းရမ်းနေမှုများကို တွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သို့ သတင်းပေးကြရန် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ကြောင်း သိရသည်။ အောက်တိုဘာ ၁၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး၏ "အရွယ်မရောက်သေး သော ရင်ခွင်ပိုက်ကလေးငယ်များကို အရင်းပြုတောင်း ရမ်းနေသူ များအား တားဆီးထိန်းသိမ်းရန် မည်သည့်ဌာနများတွင် တာဝန်ရှိ ပါသနည်း။

မည်သူ့ထံသို့ ဆက်သွယ်သတင်းပို့ရမည်၊ တာဝန်ရှိသူများ က မည်ကဲ့ သို့ထိန်း သိမ်းဆောင် ရွက်သွားမည် ကိုလည်း သိလိုပါ ကြောင်း၊ စာသင်အရွယ်ကလေးသူငယ်များ တောင်းရမ်းစားသောက် နေခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီးရွယ်အိုများအား တောင်းရမ်း ခိုင်းခြင်းများကို မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကို သိလိုကြောင်း " မေးခွန်းကို ရန်ကုန်မြို့တော် ၀န်က အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ "အကယ်၍ လိုအပ်တဲ့နေရာရှိရင် ကျွန်တော်တို့ကိုသတင်းပေးပါ။ ဒီတောင်းစားနေ မှုကို အချိန်မီ တားမှ အချိန်မီလုပ်နိုင်မှရပါလိမ့် မယ်။ တောင်းစားမှုမှာ အရမ်းသင့် ရင် ဒီထက်မြင့်ရင် လုစားမှုဖြစ်လာ ပါလိမ့်မယ်။ မြို့တော်စည်ပင်သာ ယာအနေနဲ့ကတော့ လှည့်လည်ပြီး တော့ ထိန်းသိမ်းစောင့်ရှောက်နေ ပါတယ်။ အဓိကကတော့ ကျွန် တော်တို့ကော်မတီအထဲမှာ တစ်ဦး ကိုတကယ့်ကို လူမှုရေးလုပ်ငန်းနဲ့ ပေးထားတာ ဒေါ်သန်းမြင့်အောင် ပါ။ ဒေါ်သန်းမြင့်အောင်ကိုဆက်ပါ။ သူဦးစီးတော့ လုပ်နေပါတယ်။ ဒါဟာပူးပေါင်းဆောင် ရွက်ရမယ့် လုပ်ငန်းဖြစ်နေလို့ပါ" ဟု မြို့တော် ၀န်က ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂- မြန် မာစာပေလောက၏ အားထားရ သည့် အမျိုးသားစာပေ တစ်သက် တာဆုရ ဦးဝင်းမွန် (တက္ကသိုလ် ၀င်းမွန်) သည် အောက်တိုဘာ ၁၀ ရက် အင်္ဂါနေ့ ည ၁၀ နာရီကျော် ခန့်က အမှတ် (၃၅)၊ ပန်းတနော် လမ်း၊ စမ်းချောင်းမြို့နယ် နေအိမ် တွင် ကွယ်လွန်ခဲ့ကြောင်း သိရ သည်။ ဦးဝင်းမွန်ကို အောက်တို ဘာ ၁၂ ရက် ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီမှာ ထိန်ပင်သုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ဖြစ်ကြောင်း သိရသည်။ ဆရာကြီးသည် မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဆောင်း ပါး၊ စာတမ်းများကို တက္ကသိုလ်ဝင်းမွန် ကလောင်အမည်ဖြင့် ရေးသား ခဲ့သလို ဂန္ထ၀င်ဝတ္ထု၊ စွန့်စားခန်းများ ကို အောင်ခန့်ကလောင်အမည်ဖြင့် မြန်မာပြန်ဆိုခဲ့ခြင်းဖြစ်သည်။ အသက် (၇၉) နှစ်အရွယ်ရှိ ဆရာကြီးသည် လေဖြန်းရောဂါဖြစ် ပွားခဲ့မှုရှိသလို အခြားရောဂါများ လည်း ရှိခြင်းကြောင့် ရုတ်တရက် အမောဖောက်ပြီး ဆုံးပါးသွားခြင်း ဖြစ်ကြောင်း ကွယ်လွန်သူ တက္ကသိုလ် ၀င်းမွန်၏ သမီးဖြစ်သူ ပါမောက္ခ  ဒေါက်တာလွင်လွင်မွန်ကပြောသည်။

မန္တလေး၊ အောက်တိုဘာ ၁၂- ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းသို့ပေးအပ် လှူဒါန်းနိုင်ရန် ဒုတိယအကြိမ်မြောက် မန္တလေးဂီတသဘင် အနု ပညာရပ်ဝန်းမှ ရန်ပုံငွေပဒေသာကပွဲကို အောက်တိုဘာ ၁၇ ရက် ညတွင် မန္တလေးမြို့တော်ခန်းမ (၁)၌ ဖျော်ဖြေ တင်ဆက် ကပြမည် ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေပဒေသာကပွဲတွင် မန္တလေးမြို့ဂုဏ်ဆောင်မြို့မတူရိယာအသင်း၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (မန္တလေး တိုင်းဒေသကြီး)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)နှင့် မန္တလေး မြို့မှအနု ပညာရှင် များ ပူးပေါင်း ပါ ၀င်သီဆိုကပြဖျော်ဖြေကြမည်ဖြစ် သည်။

လန်ဒန်

 

အသက် ၆၅ နှစ်ကျော် သက်ကြီးရွယ်အို များအနေနှင့် ဈေးဝယ်ခြင်းကို သယ်ဆောင် ခြင်း၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်စိုက်ပျိုး ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့က ပိုမိုသက်ရှည်ကျန်းမာသည့်ဘဝကို ရရှိရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဗဟိဒ္ဓကုထုံးအရာတို့က ပြောကြားခဲ့သည်။ ထို့ပြင် အသက်အရွယ် ကြီးလာသူများသည် သူတို့၏ ကြံ့ခိုင်မှုအင်အား ကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ကျန်းမာ ရေးဘေးဥပဒ်များကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ဗဟိဒ္ဓဆရာတို့က သတိပေးပြောကြားခဲ့သည်။

 

စစ်ကိုင်း

 

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး ဝါတွင်းကာလနောက်ဆုံး ဘုရားစဉ်ဆွမ်းတော် ကြီးကပ်လှူပွဲတန်းရှည်လှည့်လည်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေကပြသည့်အဖွဲ့များ ပြန်လည်ခေတ်စားလာသဖြင့် စစ်ကိုင်းမြို့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ် လာကြောင်း လက်တစ်ကမ်းအလင်းလူငယ် အဖွဲ့မှ ကိုမင်းဇင်အောင်က ပြောသည်။ 

 

ရန်ကုန်

 

နိုင်ငံသူနိုင်ငံသားအချင်းချင်း မေတ္တာတရားနှင့် လက်တွဲကာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အနာဂတ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဘာသာပေါင်းစုံ ဆု တောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေတ္တာပို့ဆုတောင်း ခဲ့သည်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်တိုင်း ဒေသကြီးမှ ကြီးမှူး၍ အောက်တိုဘာ ၁ဝ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင် ဘာ၃ဝရက်၌ စိန့်မေရီဘုရားကျောင်းတွင် ကက်သလစ်ဘာသာဝင်လူငယ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလနောက်ဆုံးပတ်တွင် ပထမဆုံးအကြိမ်လာ ရောက်မည်ဖြစ်ရာ ခရီးစဉ်အတွင်း နိုဝင်ဘာ၃ဝရက်တွင် ကက်သလစ် ဘာသာဝင်လူငယ်များနှင့် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့် မေရီဘုရားကျောင်းတွင် တွေ့ဆုံသွားမည်ဖြစ်ပြီး ဆုတောင်းပွဲကိုပါကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ဗဟိုဆက်သွယ်ရေးရုံးမှ ဒါရိုက်တာ Fr. Mariano Soe Naing က ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁ဝရက်တွင်ပြောသည်။

 

Page 5 of 11