Main menu
HOT NEWS
adv

တစ်ပတ်အတွင်း သင့်ကံကြမ္မာ(၂ဝ၁၇ ခုနှစ်၊ ဇွန်လ (၁၈) ရက်မှ (၂၄) ရက်အထိ)

တနင်္ဂနွေသားသမီးများ

          ဤရက်များအတွင်း၌ ထီပေါက်၊ မဲပေါက်၊ ရာထူးတိုးသလို အောင်မြင်မှု ကြီးများ ရရှိတတ်ပါသည်။ ငွေကြေးကိစ္စ၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး၊ ကြံ၊ ကွမ်း၊ အလှူပွဲ၊ မင်္ဂလာပွဲ စီစဉ်ခြင်းကိစ္စများ အထူးကောင်းပါသည်။ အိမ်ကိစ္စ၊ အဖွဲ့အစည်းကိစ္စ၊ မိသားစုရေးကိစ္စ၊ အဆောက်အအုံကိစ္စများတွင် စိတ် ရှုပ်ရတတ်ပါသည်။ အာရုံကြော၊ လေ၊ ဝမ်း ကျန်းမာရေး ဂရုစိုက်ပါ။ ၂ အစ၊ ၇ အစ ထီကိုထိုးပါ။

ကံအထောက်အပံ့ကောင်းရရှိရန် - ဂုဏ်တော် ၉ ပါး၊ ၉ ခေါက်ရွတ်ဆိုပါ။ ငွေ ၂ ဂဏန်း လှူဒါန်းပါလေ။

Read more...

မန္တလေးမြို့ မန္တလာတံခွန် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်း ရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ ကျင်းပ

မန္တလေး၊ ဇွန် ၁၇

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ ဘုရင့် နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြားရှိ မန္တလာတံခွန်ပန်းခြံတွင်ထားရှိသည့် (၁၃) ပေအမြင့်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကြေးသွန်းရုပ်တုနှင့် ရင်ပြင်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။ 

Read more...

စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်တွင် ဘုရားပွဲ နတ်ပွဲ အဖြစ်ကျင်းပသည့် တောင်တော်ကြို ပွဲတော် အထူးစည်ကား

ဆားလင်းကြီး၊ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တောင်တော်ကြိုပွဲတော်ကို ဘုရားပွဲနတ်ပွဲအဖြစ် နယုန်လပြည့်ကျော် ၅ ရက် (ဇွန် ၁၄) ရက်မှစတင်ကျင်း ပရာရပ်နီး ရပ်ဝေးမြို့ရွာများမှ တောင်သူသုံးပစ္စည်းလာရောက် ရောင်းချသူများသဖြင့် အထူးပင်စည်ကားကြောင်း သိရသည်။

Read more...

မြောက်ဦး ရှေးဟောင်းဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆောင်ရွက်နေပြီး သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှု ရှိလာပါက ထိန်းသိမ်း စောင့်ရှောက်မှုပေးမည်

ရန်ကုန်

၁၄ ရာစုနှင့် ၁၆ ရာစုကြားရှိ အမွေအနှစ်များ စုစည်းတည်ရှိ နေသည့် မြောက်ဦးရှေးဟောင်းဒေ သအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် မြေပုံများရေးဆွဲ ခြင်း၊ နယ်နိမိတ်ဇုန် ဧရိယာများ သတ်မှတ်နိုင်ရန် ဆောင်ရွက်နေပြီး သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိလာပါက ထိန်းသိမ်း စောင့်ရှောက်မှု ပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အဆိုပြုလွှာ မူကြမ်းတင်သွားမည် ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်တွင် အဆိုပြုလွှာ မူချော တင်သွားမည်ဖြစ်သည်။

Read more...

မိုးရွာသည့်အခါတိုင်း ရေကြီးရေလျှံသည့် သထုံမြို့နယ် ကျိုက္ကော်ရပ်ကွက်တွင် ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်မည်

သထုံ၊ ဇွန် ၁၆

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော် ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် သထုံမြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပေ ၁၁၉ဝ ကို တူးဖော်ဆယ်ယူရန် စီမံထားကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616