HOT NEWS
Main menu
adv

(၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရန် မဟာဗန္ဓုလ ပန်းခြံတွင် လူထု ထောက်ခံကြိုဆိုပွဲ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကြာခင်ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူထုထောက်ခံကြိုဆိုပွဲကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။

Read more...

ရန်ကုန်ဆေးရုံကြီးတွင် ရက်ရှည် ကုသရမည့် လူနာများနှင့် လူနာစောင့်များ နေထိုင်ရေး အခက်အခဲကြောင့် သရက်တောတိုက် ဘုန်းကြီးကျောင်းများကို တည်းခိုပြီး ကုသလျက်ရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ရက်ရှည်လာရောက် ကုသနေရသောအနယ်နယ် အရပ်ရပ်မှလူနာများနှင့် လူနာစောင့်ရာချီခန့်သည် နေထိုင်ရေးအခက်အခဲ များကြောင့်ဆေးရုံအနီး သရက်တောတိုက်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် မှီခိုနေထိုင်ကြလျက်ရှိကြ ကြောင်းသိရသည်။ အဆိုပါ လူနာနှင့်လူနာစောင့်များကိုလည်း ယခုအခါရန်ကင်း Online ပရဟိတအဖွဲ့မှဖေဖော်ဝါရီ ၅ ရက်နေ့က အလှူငွေများသွား ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more...

မြို့ပြစနစ် တိုးချဲ့မှုကြောင့် ထိုင်းနိုင်ငံမှ ကရင်ရွာများ၏ ရိုးရာဓလေ့များ မှေးမှိန် ပျောက်ကွယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၆

မြို့ပြစနစ်တိုးချဲ့လာနေမှု (urbanisation)  ကြောင့် မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှ ကရင်ရွာများ၏ ရိုး ရာဓလေ့ထုံးတမ်းများ မှေးမှိန်ပျောက်ကွယ်စပြုလာနေပြီဟု ဖေဖော်ဝါရီ ၅ ရက် ဘန်ကောက်ပို့စ် သတင်းကဆိုသည်။  နယ်စပ်ဒေသများဖြစ်သော ထိုင်းနိုင်ငံ တက်ပြည်နယ်၏ မဲရမတ်၊ မဲဆောက်၊ ဖော့ဖရား၊ အမ်ဖန်းနှင့် သဆောင်ဟောင်ခရိုင်တို့တွင် လူဦးရေ၏ ၆ဝ ရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်ကြသည်။ ထိုဒေသများမှ ကရင်လူမျိုးစုများသည် စက်မှုလုပ်ငန်းများချဲ့ထွင်လာမှုကြောင့် ၎င်းတို့၏ ရိုးရာဓလေ့များကို စွန့်လွှတ်ရဖွယ်ရှိနေသည်။

Read more...

သေဆုံးသည်အထိ စစ်ဆေးခဲ့ပြီး အလောင်းဖျောက် ခဲ့သည့် ရဲဝန်ထမ်းများနှင့် ရွာသားများကို အမှုဖွင့်

မျိုးမြတ်(MMK)
ပဲခူး- ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရဲစခန်းတွင် မေးမြန်းစစ်ဆေး စဉ် အမျိုးသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြသည်ဟု ဆိုကာ တရားစွဲဆိုခံရသည့် ရဲဝန်ထမ်း ၁ဝ ဦးနှင့် အုပ်ချုပ်ရေးမှူးအပါ အဝင် ရွာသားသုံးဦးတို့အား ဖေဖော်ဝါရီ ၂ ရက်တွင် ပဲခူးခရိုင်တရား ရုံးအမှတ်(၄)၌ ဒုတိယအကြိမ် ရုံးချိန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။

Read more...

အလုပ်သမားခေါင်းဆောင် အလုပ်ပြန်ခန့်အပ်ရန် ဟန်ကျိုးပိုင်ရီအထည်ချုပ်အလုပ်သမားများ ဆန္ဒပြ

ကောင်းဇင်
လှိုင်သာယာ- ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှု ဇုန် ကင်းဝန်မင်းကြီးလမ်းတွင်ရှိသည့် ဟန်ကျိုးပိုင်ရီအထည်ချုပ်(မြန်မာ) စက်ရုံမှာ အလုပ်သမားခေါင်းဆောင် အလုပ်ပြန်လည်ခန့်အပ်ပေးရေးအ တွက် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ် သည်။ ဟန်ကျိုးပိုင်ရီအထည်ချုပ် အလုပ်သမားများ ဆန္ဒပြမှုသည် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ညအိပ်ပြီး ၅ ရက်ကြာ ဆန္ဒပြနေသော်လည်း လုပ်ငန်းရှင် ဘက်မှ ညှိနှိုင်းမှုမရှိသေးကြောင်း သိရသည်။

Read more...
adv

adv

FacebookG+TwitterRSS