Main menu
HOT NEWS
adv

ဧပြီ ၂၈ ရက် ညနေပိုင်းမှ နောက်ထပ် သုံးရက် (၇၂) နာရီအတွင်း တိုင်းနှင့်ပြည်နယ် အချို့တွင် သဘာဝဘေး အချို့ကြုံတွေ့နိုင်ဟု မိုးဇလ သတိပေး

ရန်ကုန်၊ ဧပြီ ၂၈

ဧပြီ ၂၈ ရက် ညနေပိုင်းမှ နောက်ထပ်သုံးရက်(၇၂ နာရီ)အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးထစ်ချုန်းရွာသွန်းခြင်းတို့ကို အထူးသတိ ပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိ ပေးချက်ထုတ်ပြန်လိုက်သည်။

Read more...

တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးသည့် ဆရာ၊ ဆရာမများကို အဖြေလွှာ တစ်အုပ်ကို ကျပ် ၁ဝဝ ထိ တိုးမြှင့်ပေးမည်

ရန်ကုန်၊ ဧပြီ ၂၇

ယခုနှစ်မှစတင်ပြီး တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ် ဆေးသော ဆရာ၊ ဆရာမများကိုအ ဖြေလွှာတစ်အုပ်လျှင် ကျပ် ၁ဝဝ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ်တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများဖြေဆိုထားသော အဖြေလွှာများကိုစစ်ဆေး ရမည့်အခြေခံပညာမှ အထက်တန်း ပြဆရာ၊ ဆရာမများနှင့်တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများကိုစာ စစ်ချီးမြှင့်ငွေကို တစ်အုပ်လျှင် ကျပ် ၇ဝ မှ ကျပ် ၁ျဝဝ အထိ တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအဖြေလွှာစာအုပ်များကို စစ် ဆေးရသည့် အထက်တန်းပြများကိုလည်း ဘာသာရပ်ကိုက်ညီမှုများရှိ စေရန် ဆောင်ရွက်လျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း ကပြောကြားသည်။

Read more...

အခြေခံပညာ မူလတန်း ကျောင်းများတွင် နေ့စားလပေး မူလတန်းပြများကို မလွှဲမရှောင်သာမှ ခန့်ထားမည် ဟုဆို

ရန်ကုန်၊ ဧပြီ ၂၇

အခြေခံပညာမူလတန်းကျောင်းများတွင် နေ့စားလပေး မူလတန်းပြများကိုမလွှဲမရှောင်သာမှသာ ခန့်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဖြစ်သူကပြောကြားလိုက်သည်။  

Read more...

စစ်ကိုင်း ကောင်းမှုတော်စေတီ တော်ကြီးထီးတော်ကို ရွှေစင်ရွှေပြား ကပ်လှူပူဇော်မည်

စစ်ကိုင်း၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ ထီးတော်ကြီးအား ရွှေစင်ရွှေပြား ကပ်လှူခြင်းနှင့်အတူ ထီးတော်ကြီး အောက်ခြေပိုင်းအမြင့် ၁၂ ပေအား မျက်ပါးရပ်ရွှေဆိုင်းများဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

တပ်သိမ်းမြေပေါ်၌ စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိရေး ကန့်ဘလူမြို့နယ် တောင်သူ ၅ဝ ခန့် ဆန္ဒပြတောင်းဆို

ကန့်ဘလူ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်တွင် တပ်သိမ်းမြေပေါ်၌ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရေးအတွက် ဒေသခံ တောင်သူ ၅ဝ ခန့်က ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း တောင်သူများထံမှသိရသည်။  ယင်းဆန္ဒပြတောင်းဆိုမှုသည် တပ်မတော်မှ မူလမြေပိုင်ရှင်များအား ¤င်းမြေကို ပြန် လည်ပေးအပ်ခြင်းမရှိဘဲ တခြားတောင်သူများ ကိုသာ သီးစားချပေးလုပ်ကိုင်ခွင့်ပေးနေသည့် အတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616