HOT NEWS
Main menu

ကွမ်းဆိုသော ကွမ်း

တံတားဦးက ကွမ်းနုဝါ
ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနှင့်
ကိုင်းထုံးဖြူ၊ ပြည်ရှား
သာဝါးလို့ထွေး။
          ''လူဦးမင်း''


ကွမ်းရွက်ညှာကြွေ၊ ရေစိမ်တဲ့ဆေး
သန်းခေါက်လှိုင်လှိုင်နဲ့
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်
အာပေါက်မှထွေး။
           ''ဖိုးသူတော်ဦးမင်း''


ကွမ်းအကြောင်းရေးဖွဲ့ထားသည့် ရှေးစာဆိုနှစ်ဦး၏ ကဗျာနှစ်ပုဒ်ဖြစ်ပါသည်။ လူဦးမင်း၏ ကဗျာသည် မင်းစိုးရာဇာတို့မှစားသုံးနိုင်သော တော်ဝင်ကွမ်းအကြောင်း  ရေးစပ်ထားခြင်းဖြစ်ပါသည်။ ဖိုးသူတော်ဦးမင်း၏ ကွမ်းကဗျာသည် လူဆင်းရဲများစားသော ကွမ်းအကြောင်း ဖြစ်ပါသည်။

Read more...

တိုင်းပြည်အတွက် ဒီချုပ်အစိုးရနှင့် နိုင်ငံရေးပါတီများ ဘယ်လိုစခန်းသွားသင့်သလဲ

နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော် ဝင် ရောက်ယှဉ်ပြိုင်ရသည့် အထွထွေ ရွေးကောက်ပွဲအလွန် ရက်ပေါင်း ၁၃ဝ ကျော်အကြာတွင်တော့ အနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ပါတီ၏ အစိုး ရအဖွဲ့သစ်ကို ပုံဖော်ခဲ့ပါပြီ။ အစိုးရဟောင်းထံမှ အာဏာကို စတင်လွှဲပြောင်းယူခဲ့သည့် မတ် ၃ဝ ရက်မှ စတင်ရေတွက်လျှင် အစိုးရသစ်၏ သက်တမ်းသည် တစ်လတင်းတင်း ပြည့်ခဲ့ပြီမို့ သူတို့၏ ရက်ပေါင်းတစ်ရာ ရည်မှန်းချက်အတွက် ရုပ်လုံးပေါ်ပေါ် ခရီးဆက်နေကြပြီ ဖြစ်ပါ သည်။

Read more...

နာတာရှည် လျှပ်စစ်မီးနှင့် အမှောင်ကြားက နိုင်ငံသားများ

လတ်တလော ကာလအတွင်းမှာ အလုပ်အရှုပ်ဆုံး အရာတစ် ခုကတော့ ဂက်စ်မီးဖိုတွေပါ။ လျှပ်စစ်မီးဖို တွေကတော့ သူတို့နဲ့ မသက်ဆိုင်သလို အေး အေးလူလူပါပဲ။ ရေခဲသေတ္တာထဲက အစားအသောက်တွေကတော့ ပုပ်သိုးလို့နေပါတယ်။ တီဗွီဆို တာက ပျက်နေတဲ့စက်ကြီးတစ်ခုလို ဧည့်ခန်းထဲမှာငုတ်တုတ်။ ရုပ်သံ လိုင်းတွေ မလာပါ။ ရေဒီယိုအသံလွှင့်ဌာန တွေ အလုပ်မလုပ်ပါ။ နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုဆိုတဲ့ နာတာ ရှည်ရောဂါဆိုးကြီးကို ပြည်သူလူထုက လူးလိမ့်ခံစားနေရဆဲ။ လျှပ်စစ်မီးမရှိတဲ့ နိုင်ငံမှာ ရေမရတဲ့ ပြဿနာကလည်း နိုင်ငံသား တွေကို ပိုပြီးတော့ ရောဂါကို တိုးစေပြန်ပါတယ်။   ''ကျွန်တော်တို့ ဒီအတိုင်း ဆက်လက် မနေထိုင်နိုင်ပါဘူး။ ကျွန်တော်တို့ ဗင်နီဇွဲလားပြည်သူတွေက ဒီထက်ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုနဲ့ ထိုက်တန်ပါတယ်''ဟု မြို့ခံ ဂက်စတာဗိုဒေ့ဇ်က ပြောပါတယ်။ ဇနီးနဲ့ သမီးသုံးယောက်ကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ဒေ့ဇ်က ''ဗင်နီဇွဲလား မှာမီးပျက်တာ ထူးခြားတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရရဲ့ အစီအစဉ်နဲ့ မီးဖြတ်မယ့် အစီအစဉ်ကို ကြေညာလိုက် တာကတော့ ပိုပြီး ဆိုးရွားပါတယ်''လို့ပြော ပါတယ်။ အခုလို နိုင်ငံရဲ့ လျှပ်စစ်မီးပြတ် တောက်တဲ့ ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့လည်း မရှိဘူးလို့ ဒေ့ဇ်က စိတ်ပျက်လက်ပျက် ပြောပါတယ်။

Read more...

ကောယား မောင်းခမ်း လက်ဖက်စခန်း

သင်္ကြန်အကြိုရက်များက ချင်းတွင်းမြစ်အထက် ပိုင်း ဟုမ္မလင်းမြို့နယ် မောင်းခမ်းရွာကို ရောက်သွားသည်။ မောင်းခမ်းက အိမ်ခြေ ၄ဝဝ ကျော်ရှိသည်။ ရွာကိုတော့ ရွာမ၊ ရွာဦး၊ အင်း တော်ချောင်း၊ ဈေးတန်း၊ မှန်ကင်း၊ သရက်ခြံ၊ သဲကုန်းစသည်ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ ရွာမှာဘုန်းတော်ကြီးကျောင်းသုံးကျောင်းရှိသည်။ အထက်တန်းကျောင်း၊ ရဲကင်းစခန်း၊ တိုက်နယ်ဆေးခန်း၊ စာကြည့်တိုက်များရှိသည်။ နေ့စဉ် မောင်း ခမ်းမနက်ဈေး ရှိသည်။ ရွာခံတွေကတော့ ဈေးကို မိုးမလင်းဈေးဟုခေါ် ကြသည်။ မောင်းခမ်းက ဟုမ္မလင်းမြို့အထက်ချင်းတွင်းမြစ် ကမ်းဘေးရွာ၊ ဟုမ္မလင်းမြို့နှင့် ရေမိုင် ၂၇ မိုင် ကွာဝေး သည်။ မောင်းခမ်း-ဟုမ္မ လင်းနေ့စဉ်စက်လှေပြေးဆွဲသည်။ ဟုမ္မလင်း၊ ထမံသီ၊ ခန္တီး အစုန်အဆန်ရေယာဉ်များရပ် နားသည့် ဆိပ်ကမ်းရွာကြီးဖြစ်သည်။ မောင်းခမ်းက ဟုမ္မလင်းကို ရေလမ်းအတိုင်းသွားလျှင် ၁၃ မိုင်အကွာ ရှိ ကောယားရွာ၊ မိုင် ၂ဝ အကွာရှိ ခေါင်ခမ်းရွာကို စက်လှေတွေဆိုက်ကပ်လေ့ရှိသည်။

Read more...

သက်ကြီးရွယ်အိုတို့ရဲ့ ဘဝနေဝင်ချိန်

(တစ်)
၁၃၇၇ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းကိုဖြတ်ကျော်ပြီး ၁၃၇၈ ခုနှစ်ဆိုတဲ့ နှစ်သစ်ကို စတင်ဝင်ရောက်လာပါပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုရ ပြန်ပြီပေါ့။ အသက်အရွယ်နဲ့ကျတော့ ကုန်သွားတာက နုပျိုခြင်း၊ ကြုံရ တာ က အိုမင်းခြင်းပါပဲ။ မရဏာနုဿတိရှုထောင့်က ကြည့်တတ်ရင်တော့ လူ့ဘောင်လောကမှာ နေဖို့ ရှင်သန်ဖို့ တစ်နှစ်လျော့သွားတာပါပဲ။ ဇာတိက စခဲ့တဲ့ မွေးဖွားခြင်းနောက်မှာ ဇရာဆိုတဲ့အိုမင်းခြင်း၊ ဗျာဒိဆိုတဲ့ နာခြင်း၊ မရဏဆိုတဲ့သေခြင်း ဘဝဖြစ်စဉ်တွေဟာ သက်ရှိသတ္တဝါတိုင်း ရှောင်လို့ တိမ်းလို့မရတဲ့ သစ္စာတရား။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS