မြဝတီ၊ အောက်တိုဘာ ၂ဝ

 

ထိုင်းနိုင်ငံသားခရီးသွားဧည့်သည်များသည် ၎င်းတို့၏ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် မြန်မာ ပြည်အတွင်းရှိ အထင်ကရနေရာများကိုလည်ပတ်ရန် အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီက မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့သို့ရောက်ရှိလာကြောင်းသိရသည်။ 

 

ရန်ကုန်၊ အောက်တိုဘာ၂ဝ

 

ပညာ ရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများအား ရာထူးတိုး မြှင့်ပေးရာတွင် တိကျမှန်စွာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောသည်။ အောက်တိုဘာ ၂ဝရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နှင်းသစ်က ပညာ ရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင် နေသော သရုပ်ပြအဆင့်မှ လက် ထောက်ကထိက၊ ကထိကနှင့်ပါမော က္ခအဆင့် ရာထူးတိုးမြှင့်ပေးရာတွင် ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျမျှတစွာဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ပြီး ယင်းသို့ ပြောခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၉

 

မြန်မာ-ထိုင်းနှစ်နိုင်ငံတို့မှ ဂက်စ်ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ဂက်စ်များထုတ်လုပ်မည့်စက်ရုံတစ်ရုံကို တောင်ဒဂုံမြို့နယ်ရှိ ကျန်စစ်သား ရိပ်မွန်စက်မှုဇုန်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ Yangon Industrial Gas ကုမ္ပဏီနှင့် ထိုင်းနိုင်ငံဘန်ကောက်မှ Bangkok Industrial Gas ကုမ္ပဏီတို့ပူးပေါင်းကာ နိုက်ထရို ဂျင်၊အောက်ဆီဂျင်၊ အာဂွန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်စသော ဂက်စ်များထုတ်လုပ်သွားမည်ဖြစ် ကြောင်း အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါစက်ရုံတည် ရှိရာနေရာတွင်ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲမှ သိရသည်။

 

မန္တလေး၊ အောက်တိုဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ပြုန်းကြီးကျေးရွာ မန္တလေး-မတ္တရာမီးရထားလမ်းပိုင်းရှိ လွန်တောင်းဘူတာမြေကို တရားမဝင်ရောင်းဝယ်မှုအား အရေးယူ ပေးရန် ဒီမိုကရက်တစ်ပါတီဝင်တချို့က အောက်တိုဘာ ၁၉ ရက် နံနက် ၁ဝ နာရီတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်း၊ (၃၃)လမ်းနှင့်(၃၄)လမ်းကြားရှိ ဒိုင်းမွန်းပလာဇာရှေ့တွင် ခွင့်ပြုမိန့် တင်ကာ တောင်းဆိုချက်များကို ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။

 

ကလေးဝ၊ အောက်တိုဘာ ၁၉

 

မြန်မာ-အိန္ဒိယနယ်စပ်ကုန်စည်ပို့ ဆောင်ရေးတွင် အဓိကကျပြီး တမူး-ကလေး-ကလေးဝ-မုံရွာ ဆက်သွယ်ရေးအတွင်း လမ်းကြောအနီးဆုံးဖြစ်သည့် ကလေးဝ-ယာကြီးလမ်း ၁၁၅ မိုင်ကို အိန္ဒိယနိုင်ငံ ချေးငွေဖြင့် အဆင့်မြှင့်တင်ပြုပြင် တော့မည်ဖြစ်ပြီး သုံးနှစ်နှင့်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးခရိုင်အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးကိုကိုနိုင်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။

 

ဌေးဌေး

---------

ရန်ကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အမျိုးသမီးယာဉ်မောင်းများ ခေါ်ယူခဲ့သည့် သတင်းမှာ ခဏတွင်းချင်း ပျံ့နှံ့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘတ်စ်ကားများကို အမျိုးသမီးယာဉ် မောင်းဟုမဆိုထားနှင့် အမျိုးသားများယာဉ် မောင်းသည်ကိုပင် အန္တရာယ်များလွန်းသော အလုပ်ဟုမှတ်ယူထားကြသောကြောင့် ဖြစ် ပေသည်။ အဆိုပါဝန်ထမ်းခေါ်ယူမှု ကြေညာချက်တွင် ယာဉ်မောင်းအတွေ့အကြုံ မရှိသေးသူများ၊ ယာဉ်လုံးဝမမောင်းတတ်သူများပါ လျှောက်ထားနိုင်ပြီး ၎င်းတို့အားသင်ကြားပေးသည့် သင်တန်းကာလအတောအတွင်း၌လည်း တစ်လလျှင် ကျပ်နှစ်သိန်းထောက်ပံ့ပေးသွားမည်ဟူသော အချက်များပါရှိခဲ့ရာ အလုပ်လက်မဲ့များသာမက သာမန်ရုံးဝန်ထမ်းအမျိုးသမီးများအတွက်ပါ မျက်စိကျစရာ ဖြစ်နေ လေသည်။

 

ကိုလံဘီယာ

 

လူများနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အတွင်း ၎င်းခန္ဓာကိုယ်နှင့် ဦးနှောက်တွင် ဘာတွေဖြစ်နေသည်ဟူသည့်အမေးကို ကိုလံဘီယာတက္ကသိုလ် ဆေးပညာဆိုင်ရာဌာနမှ ပါမောက္ခကားလ်ဘာဇီးလ်က အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်သည် နားနေခြင်းမရှိဘဲ အလွန်နိုးကြားဖျတ်လတ်စွာ အရေးပါသည့် အရာများကို လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

လန်ဒန်

 

ပြီးခဲ့သည့်နှစ်ပေါင်း ၄ဝ အတွင်း ကလေးငယ်နှင့် ဆယ်ကျော်သက်အရွယ်များ အဝလွန်မှုပမာဏမှာ ၁ဝ ဆခန့် မြင့်တက်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါပမာဏအရ ကမ္ဘာတစ်လွှားရှိ ယောက်ျားလေးနှင့် မိန်းကလေး ၁၂၄ သန်းမှာ အဝလွန်နေကြောင်း သုတေသနပြုမှုအသစ်တွင် ဖော်ပြထားကြောင်း သိရသည်။ သုတေသီတို့က နိုင်ငံပေါင်း ၂ဝဝ ကျော်ရှိ အဝလွန်နေသည့် ကလေးငယ်နှင့် ဆယ် ကျော်သက်တို့ကို လေ့လာဆန်းစစ်၍ ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

Page 2 of 11