Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Business » စင်ကာပူတွင် ငါးနှစ်အတွင်း နိုင်ငံခြားလုပ်သားလိုအပ်မှု လျော့နည်းလာမည်

Related News

မြန်မာသည် ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့သည့်နိုင်ငံ ပြန်ဖြစ်လာနိုင်
မြန်မာ့ပြောင်း တရုတ်သို့ လာမည့်နှစ်ကုန်အထိ ဆက်လက်တင်ပို့နိုင်မည်ဟုဆို
သီရိမင်္ဂလာဈေး ကုန်စိမ်းအ၀င်များလာသော်လည်း အပျက်အစီးများနေဟုဆို
က<ာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် အမှီအခိုကင်းကင်းဖြင့် တရုတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ
မြန်မာနိုင်ငံအပါအ၀င် CLMV လေးနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်သစ် မကြာမီစတင် နိုင်တော့မည်
ဆင်းရဲချမ်းသာကွာဟမှုအန္တရာယ်နှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်တို့က သတိပေးပြောကြား
ယွမ်ငွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေး တရုတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

စင်ကာပူတွင် ငါးနှစ်အတွင်း နိုင်ငံခြားလုပ်သားလိုအပ်မှု လျော့နည်းလာမည်

စင်ကာပူ
    စင်ကာပူနိုင်ငံအနေဖြင့် လာမည့်ငါးနှစ်အတွင်း လိုအပ်သည့်နိုင်ငံခြား လုပ်သားပမာဏ လျော့နည်းဖွယ်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့်နှစ်က နိုင်ငံခြားလုပ်သားစီးဝင်မှု လျှော့ချရေးကတိနှင့်ပတ်သက်၍ ၀န်ကြီးချုပ် ဟောင်း လီကွမ်ယုက ထိုကဲ့သို့ အချိန်အတိုင်းအတာကို ပြောကြားခဲ့ခြင်းဖြစ် သည်။ နိုင်ငံခြားလုပ်သားများ လိုအပ်မှုလျော့ကျရေး ဆောင်ရွက်ရန်အတွက် အစိုးရက လုပ်ငန်းခွင်အရည်အသွေးနှင့်ပတ်သက်၍ အဆင့်တိုးမြှင့်ရန်အတွက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မစ္စတာလီကွမ်ယုက ပြောကြားခဲ့သည်။
    စင်ကာပူနိုင်ငံသားများကို ပညာသင်ကြားရန်အတွက် အစိုးရက ပံ့ပိုးကူညီပေးမည်ဖြစ်သကဲ့သို့ ပညာဆက်လက်သင်ကြားရေးနှင့် လေ့ကျင့် သင်တန်းပေးခြင်းများအတွက်လည်း ကုန်ကျမည့်ငွေများကို အစိုးရနှင့်အလုပ် ရှင်တို့က ပူးပေါင်းအကုန်အကျခံသွားမည်ဖြစ်သည်။ ထို့ပြင် လုပ်သားတို့ အနေဖြင့် လေ့ကျင့်သင်ကြားနေစဉ် အတောအတွင်း လစာငွေများကိုပေး သွားကာ လုပ်သားတို့၏အရည်အချင်း တိုးတက်စေရန်လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မစ္စတာလီကွမ်ယုကပြောကြားခဲ့သည်။ လုပ်သားတို့၏ အလိုလောဘနှင့်ပတ်သက်၍ မေးမြန်းမှုကိုမူ မစ္စတာလီကွမ်ယုက လုပ် သားတို့ အလိုလောဘပြဿနာမှာ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ပြဿနာမျိုးဖြစ်ကြောင်း ဆွစ်ဇာလန်နှင့်ဖင်လန်ကဲ့သို့သော ချမ်းသာသည့် နိုင်ငံများမှာပင် ထိုကဲ့သို့ပြဿနာများရှိနေကြောင်း၊ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားစေရန် လိုအပ်မှုက အရည်အချင်းမြင့်မားခြင်းနှင့် ပညာတတ်ပေါ များသောလုပ်ငန်းခွင်တို့ကို ဖြည့်စွမ်းပေးမည်သာဖြစ်ကြောင်း၊ ယင်းသည် လုပ်သားတို့၏အရည်အချင်းနှင့် ပညာရေးတိုးတက်မှုကို ထိန်းသိမ်းမှုပြု စေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
[Ref: STRAITS TIMES]/KH
Source: YMG
Category: Business
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio