Main menu
HOT NEWS
adv
ရေပူ စစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် မြွေမျိုးစုံကို ဖမ်းဆီးရမိ

ရေပူ စစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် မြွေမျိုးစုံကို ဖမ်းဆီးရမိ

လားရှိုး၊ ဧပြီ ၂၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ပို့ဆောင်မည့်မြွေမျိုးစုံကို ဧပြီလ၂၀ ရက်နေ့ နံနက်ပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှသိရသည်။ ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရေပူစစ်ဆေးရေးစခန်းနှင့် တစ်မိုင်အကွာခန့်၌ လမ်းဘေးတွင်ရပ်နားထားသည့် ပါဂျဲရိုးတစ်စီး၊ Toyota Wish တစ်စီးတို့ကို မသင်္ကာသဖြင့်သွားရောက်စစ်ဆေးခဲ့ရာမှ မြွေများသယ် ဆောင်လာသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းများနှင့် ယာဉ်နှင့်သက်ဆိုင်သူများကို မတွေ့ရှိခဲ့ရကြောင်း သိရသည်။

“လိုင်စင်မဲ့ကား(၂)စီးနဲ့တင်တာပါ။ မြွေတွေကိုတော့ မစစ်ရသေးပါဘူး။ မြွေဆရာကို သွားခေါ်နေပါတယ်။ လားရှိုးသစ်တောရုံးကိုအပ်မှာပါ။ ပြီးမှ ဘာမြွေတွေလဲ၊ ဘယ်နှစ်ကောင်လဲဆိုတာသိရမှာပါ။’’ဟု ရဲအရာရှိတစ်ဦးက ပြောသည်။ ပါဂျဲရိုးကားပေါ်တွင် မြွေများထည့်ထားသည့်သေတ္တာ(၁၅)လုံး၊ Wish ကားပေါ်တွင် မြွေများထည့်ထားသည့် သေတ္တာ(၁၀)လုံးတို့ကိုဖမ်းဆီးရမိခဲ့သည့်အပြင် ၎င်းယာဉ်(၂)စီးမှာလည်း လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း  စစ်ဆေးရေး စခန်းတာဝန်ခံ ဦးတက်ထွန်းအောင်ထံမှသိရသည်

 

“သင်္ကြန်တွင်းမှာ စစ်ဆေးမှုမရှိတာကို အခွင့်ကောင်းယူပြီးတော့ ဒီရက်တော့ လွတ်လောက်မယ်ထင်ပြီး သယ်လာတာဖြစ်မှာပါ။ ဒီနေ့တော့ မလုပ်လောက်သေးဘူးလို့ထင်ကြမှာပဲ’’ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစိုးကျော်က ပြောသည်။ လက်ရှိအချိန်၌ မြွေတင်ပို့သူများကို သိန္နီမြို့မရဲစခန်း၌ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၅(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့်မြွေများကို အမျိုးအစားခွဲ၍ ရေတွက်သွားမည်ဖြစ်ကြောင်း သိန္နီမြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးကျော်ဟန်က ပြောသည်။ မတ် ၂၄ ရက်နေ့ကလည်း မြွေများကိုဖမ်းဆီးရမိခဲ့သေးကြောင်း ရေပူစစ်ဆေး ရေးစခန်းမှ သိရသည်။

 

နောင်(မြစ်မခ) 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616