Main menu
HOT NEWS
adv
ရက္ခိုင့် တပ်မတော်ဖလား ခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့၍ ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေသခံများက ဆန္ဒထုတ်ဖော်

ရက္ခိုင့် တပ်မတော်ဖလား ခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့၍ ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေသခံများက ဆန္ဒထုတ်ဖော်

မြောက်ဦး ၊ ဧပြီ ၂၁

ရက္ခိုင့်တပ်မတော် ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပခဲ့၍ ဖမ်းဆီးခံထားရသူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို ဧပြီလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံထောင်ကျော် ပါဝင်ခဲ့သည်။

ဧပြီလ ဆယ်ရက်နေ့က ကျရောက်သည့် ရခိုင်တပ်ဖွဲ့ AA ၏ နှစ်ပတ်လည် နေ့အထိန်းအမှတ်အဖြစ် မြတန်ဆောင်းဘုန်းတော်ကြီး ပညာသင်ရေးကျောင်းတွင် ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက တားမြစ်ခဲ့ပြီး မြတန်ဆောင်း ဆရာတော် ဦးနန္ဒသာရနှင့် ခိုင်နီမင်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ပြန်လည်လွတ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုပွဲတွင် ဒေသခံများက မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့အား လွတ်ပေးရေးတောင်းဆိုချက် အပါအ၀င် စုစုပေါင်း အချက် ၆ ချက်ကို ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

 

ဆန္ဒပြသူများသည် မြတန်ဆောင်း(ဘက) ကျောင်းမှ နန်းရာကုန်း၊ ရှစ်သောင်းဘုရာထိ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။ ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မရဲစခန်းက ဧပြီလ ၁၀ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး မြောက်ဦးအခြေစိုက် ၅၄ဝ တပ်ရင်းက ပုဒ်မ ၁၇(၁)၊ ၁၇(၂) တရားစွဲဆိုထားသည်။ ရခိုင်အဖွဲ့ AA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားနေသော မတရားအသင်းကြေညာခံထားရသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

#credit - ye lwin

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616