Main menu
HOT NEWS
adv
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ နာမည်ကြီး ကျောင်းများတွင်  နယ်ကျော် ကျောင်းအပ်ခြင်းများကို လက်ခံတော့မည် မဟုတ် ဟုဆို

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ နာမည်ကြီး ကျောင်းများတွင် နယ်ကျော် ကျောင်းအပ်ခြင်းများကို လက်ခံတော့မည် မဟုတ် ဟုဆို

ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီးကျောင်းများတွင် နယ်ကျော်ကျောင်းအပ်ခြင်းများကို ကျောင်းများ၏ဝင်ဆံ့အင်အားအရ လက်ခံမည်မဟုတ်တော့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီးကျောင်းများတွင် နယ် မြေကျော်လွန်ပြီး လာရောက်အပ်နှံ သော ကျောင်းသား၊ ကျောင်းသူများကိုလက်ခံမည်မဟုတ်တော့ဘဲ နယ် မြေကျော်လွန်ပြီး လာရောက်အပ်နှံ ခြင်းများမရှိစေရန်ကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်မှစတင်ပြီး နယ်မြေအလိုက် ကျောင်းအပ်နှံခြင်းများကိုသာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သတ်မှတ်ချက်များအတိုင်းသာ ကျောင်းအပ်နှံခြင်းများကိုဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအခြေခံပညာဦးစီးဌာနမှ သိရသည်။


''နှစ်တိုင်းနာမည်ကြီးကျောင်း တွေမှာ တက်ချင်တာကြောင့် နယ် ကျော်ပြီးအပ်ကြတယ်။ ကျောင်းတွေ ကလက်ခံနိုင်တာက တစ်ထောင် လောက်ဆိုပေမယ့် ၁၃ဝဝ၊ ၁၄ဝဝ လောက်အထိဖြစ်သွားတော့ ကျောင်းရဲ့ဝင်ဆံ့အင်အားကျော်တယ်။ ဆရာ၊ ဆရာမမလုံလောက်တဲ့ ပြဿနာ၊ စာသင်ခန်းထဲမှာကျပ်ညပ်ပြီး ထိုင်ရတဲ့ ပြဿနာတွေဖြစ်လာတယ်။ ဒါကြောင့် နယ်ကျော်အပ်တာတွေကိုစိစစ်တော့မယ်''ဟု ရန်ကုန်တိုင်းအခြေခံပညာ ဦးစီးဌာနမှအရာရှိတစ်ဦးက မေ ၁၇ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြော ကြားသည်။ ကျောင်းအပ်နှံရာတွင် မိမိတို့နယ်မြေအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုဦးစားပေးလက် ခံရမည်ဖြစ်ပြီး နယ်မြေအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားလုံးလက်ခံပြီးမှသာ နယ်မြေကျော်လွန် ၍လာရောက်အပ်နှံသော ကျောင်းသားသစ်များကိုမြို့နယ်အတွင်းအနည်းဆုံးခြောက်လနေထိုင်သောသူ၊ ဝန်ကြီးဌာနများတွင် တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းသားသမီးများကို ဒုတိယဦးစားပေးအဖြစ်လက်ခံရန်အတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


''သတ်မှတ်ချက်အတိုင်း စိစစ်ဖို့အတွက် အဖွဲ့တွေလည်းဖွဲ့စည်းပြီးလက်ခံဖို့ပြောထားပြီးပါပြီ။ ကိုယ့်နယ် မြေအလိုက်ကိုပဲဦးစားပေးလက်ခံရမှာပါ''ဟု၎င်းက ဆက်လက်ပြောသည်။ ''အဲဒီလိုလက်ခံမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကျွန်မတို့ကဗဟန်းမှာနေတာ။ လွန်ခဲ့တဲ့နှစ်နှစ်ကဆိုရင် ကိုယ်နေတဲ့နေရာမှာ အပ်ခွင့်မရခဲ့ဘူး။ နယ်ကျော်တွေထက်ကိုယ့်နယ် မြေကလူတွေကို ပိုဦးစားပေးသင့်တာ ပေါ့''ဟု ဗဟန်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူဒေါ်သူဇာနွယ်ကပြောသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာကျောင်းပေါင်း သုံးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။ 

 

ATK

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191