Main menu
HOT NEWS
adv
လိပ်ကျွန်းအမှု နောက်ဆုံးအဆင့် အယူခံတင်ရက် တစ်လ နောက်ဆုတ်ခွင့်ပြု

လိပ်ကျွန်းအမှု နောက်ဆုံးအဆင့် အယူခံတင်ရက် တစ်လ နောက်ဆုတ်ခွင့်ပြု

ရန်ကုန်၊ မေ ၁၇

လိပ်ကျွန်းအမှု နောက်ဆုံးအဆင့်အယူခံတင်သွင်းရမည့်ရက်ကို ထိုင်းတရားရုံးမှ အချိန်တစ်လထပ်မံနောက်ဆုတ်ခွင့်ပေးခဲ့ ကြောင်းသိရသည်။ အဆိုပါအမှုအတွက် လာမည့် မေ ၂၃ ရက်တွင် နောက်ဆုံးအဆင့်အယူခံလွှာတင်သွင်းရမည် ဖြစ် သော်လည်း အယူခံလွှာကိုစနစ်တကျပိုမိုပြင်ဆင်နိုင်ရန်အတွက် ထိုင်း ရှေ့နေများကောင်စီမှ ထိုင်းတရားရုံးသို့ အချိန်ထပ်မံတိုးမြှင့်ပေးရန် မေတ္တာရပ်ခံချက်ကြောင့် ယခင် မေ ၂၃ ရက်အစား ဇွန် ၂၃ ရက်နောက်ဆုံးထားအယူခံတင်ရန်အချိန် တစ်လထပ်မံနောက်ဆုတ်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


အယူခံတင်မည့်ရက်ထပ်မံ တိုးမြှင့်ပေးရန်အတွက် မေ ၁၆ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရတ်ဌာနီခရိုင်၊ ကော့စမွေတရားရုံးသို့ ယင်းဒေသခံရှေ့နေများမှ ထိုင်းရှေ့ နေများကောင်စီ၏လုပ်ပိုင်ခွင့်လွှဲ ပြောင်းစာနှင့်အတူသွားရောက် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း FED မှသိရသည်။  ''လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ဗဟိုတရားရုံးကိုအယူခံလွှာ တင်သွင်းရမဲ့နေ့က မေ၂၃ ရက်လို့ သတ်မှတ်ပေးထားခဲ့တယ်။ အယူခံ လွှာလည်း အဆင်သင့်ဖြစ်နေပြီ။ဒါ ပေမဲ့ နောက်ဆုံးအယူခံလွှာဖြစ်တဲ့ အတွက် စနစ်တကျပိုမိုပြင်ဆင်နိုင်ဖို့ ထိုင်းရှေ့နေများကောင်စီက အချိန်ထပ်တိုးပေးဖို့ မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။ အယူခံလွှာရက်တိုး တောင်းတဲ့ခွင့်ပြုမိန့်ကိုတော့ ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့အကျဉ်းကျခံနေရတဲ့နွန်ထပူရီခရိုင်မှာ ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်''ဟု FED ဒါရိုက်တာဦးထူးချစ်က ပြောသည်။


အယူခံတွင် မြန်မာအစိုးရဖွဲ့စည်းပေးထားသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနှင့်လည်း လိုအပ်ချက်များထပ်မံဖြည့်နိုင်ရန်အတွက် အချိန်တိုးမြှင့်ပေးရန် ထိုင်းရှေ့နေများကောင်စီမှတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း ဗဟိုတရားရုံးသို့တင်ရန် ထိုသို့အချိန်ထပ်မံတိုးမြှင့်တောင်းဆိုခြင်းသည် ယခုအကြိမ်အပါအ ဝင် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးထိုင်းနိုင်ငံရှိ ကော့တောင် ကျွန်း(လိပ်ကျွန်း)၌အသတ်ခံခဲ့ရပြီး နောက် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်က မြန်မာလုပ်သားကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်ဖမ်းဆီးခဲ့ကာ ယင်းနောက် အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှုစသည့်အမှုများထပ်မံဖြည့်စွက်၍ တရားစွဲဆိုခဲ့သည်။ ကော့စမွေ ခရိုင်တရားရုံးမှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်ချမှတ်ခဲ့ ခြင်းဖြစ်ပြီး ထိုင်းတရားစီရင်ရေးအရ အယူခံအဆင့်ဆင့်တက်နေခြင်းဖြစ် ပြီး ယခုဗဟိုတရားရုံးအဆင့်သည် နောက်ဆုံးအဆင့်ဖြစ်သည်။

 

ZCH

#democracytoday

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191