Main menu
HOT NEWS
adv
ရန်ကုန်မြို့တွင်း မီးပွိုင့်များ၌ စီစီတီဗွီတပ်ဆင် စောင့်ကြည့်မှု စတင်

ရန်ကုန်မြို့တွင်း မီးပွိုင့်များ၌ စီစီတီဗွီတပ်ဆင် စောင့်ကြည့်မှု စတင်

ရန်ကုန်

ရန်ကုန်မြို့တွင်း မီးပွိုင့်များ၌ စီစီတီဗွီကင်မရာများ တပ်ဆင်ကာ စည်းကမ်းလိုက်နာ ခြင်းမရှိသည့် မော်တော်ယာဉ်များအား စောင့်ကြည့်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

 

စီစီတီဗွီကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်းကို မေလ ၁၅ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ ''စီစီတီဗွီတွေစပြီး လည်ပတ်နေပြီဖြစ်တာကြောင့် ဝန်ထမ်းတွေလဲ စောင့်ကြည့်မှတ် တမ်းယူနေပါပြီ''ဟု၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ခုတွင် စီစီတီဗွီကင်မရာများ တပ်ဆင်ခြင်းဖြစ်ပြီး လက်ရှိတွင် မီးပွိုင့် ၁၄ဝ တွင်စီစီတီဗွီ ၂၂၈ လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ စီစီတီဗွီ မှတ်တမ်းများအား ပြည်သူ့ရင် ပြင်ရှိ ကွန်ထရိုးစင်တာမှ ထိန်းချုပ်မည်ဖြစ်ကာ ကျန်ရှိသည့် မီးပွိုင့် ၁၄ ခုတွင် စီစီတီဗွီ ကင်မရာများ ဆက်လက်တပ်ဆင်သွားမည် ဖြစ်သည်။ ယာဉ်မရပ်ရ သတ်မှတ်ထားသည့် နေရာ ၃ဝ၊ စစ်ဆေးရေးဂိတ် ၂ဝ၊ ယာဉ်ကြောကျပ်တည်းမှုများအား စောင့်ကြည့်ရန် နေရာ ၃ဝ တို့တွင် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


တပ်ဆင်ထားသည့် စီစီတီဗွီ ကင်မရာများမှာ ရုပ်ထွက်ကောင်းသည့် ကင်မရာများ ဖြစ်ကာ မှတ်တမ်းများအား ခြောက်လကြာ သိုလှောင်ထားနိုင်ပြီး စီမံကိန်းအတွက် ကုန်ကျငွေမှာ ၁၈ ဒသမ ၉၃ ဘီလီယံဖြစ်ကြောင်း သိရသည်။ မီးပွိုင့်များအား အဆင့်မြှင့်တင်ကာ စီစီတီဗွီတပ်ဆင်ခြင်းကို ၂ဝ၁၆ ခုနှစ် ဖေဖော် ဝါရီလမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် စတင် စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များအား ၂ဝ၁၅ ခုနှစ် မော် တော်ယာဉ်ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိန်းချုပ်ရေးစင်တာတွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် တာဝန်ကျဝန်ထမ်းများမှ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

 

အာကာထက်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191