Main menu
HOT NEWS
adv
ဘက်ထရီ ရှော့ခ်တိုက်သူများ ဗို့အားမြင့် အသုံးပြုလာသောကြောင့် လင်းပိုင်များပါ သေဆုံးနိုင်သဖြင့် ရေကြောင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖမ်းဆီးသွားမည်

ဘက်ထရီ ရှော့ခ်တိုက်သူများ ဗို့အားမြင့် အသုံးပြုလာသောကြောင့် လင်းပိုင်များပါ သေဆုံးနိုင်သဖြင့် ရေကြောင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖမ်းဆီးသွားမည်

ရန်ကုန်

ယခုနောက်ပိုင်းတွင် ဘက်ထရီရှော့ခ်တိုက်သူများ အသုံးပြုသည့် ဘက်ထရီဗို့အား မြင့်လာသောကြောင့် လင်းပိုင်များပါ သေဆုံးနိုင်သဖြင့် ရေကြောင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်း ဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ 

 

''ရှော့ခ်တိုက်ငါးဖမ်းတာ စပေါ်ကာစက ဗို့အားနည်းနည်းပဲ သုံးတော့ အခြားငါးတွေပဲသေတယ်။ အခုနောက်ပိုင်းမှာ ဗို့အားမြင့်တဲ့ဟာတွေ ပေါ်လာတော့ လင်းပိုင်တွေလဲ သေနိုင်တယ်။ အချို့ကျေးရွာမှ လူတွေပြောတာက ဘက်ထရီ ရှော့ခ်တိုက်တာကြောင့် လင်းပိုင်တွေ သေဆုံးတယ်လို့ ပြောထားတာတွေရှိပါတယ်''ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူးဦးဟန်ဝင်းက ပြောသည်။ ထို့ကြောင့် လင်းပိုင်များ သေဆုံးမှုကို ကာကွယ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် ရေကြောင်းရဲ တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ''မန္တလေး ရေကြောင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ပြီး ဘက်ထရီရှော့ခ်တိုက်တာ၊ တရားမဝင် ငါးဖမ်းတာတွေကို အရေးယူသွားမယ်။ ငါးဖမ်းပိုက်မှာ ငြိလို့လဲ အရင်လက လင်းပိုင်တစ်ကောင် သေဆုံးခဲ့ပါတယ်''ဟု ၎င်းကဆက်ပြောသည်။


ဧရာဝတီမြစ်အတွင်း လင်းပိုင်ကောင်ရေ ၆၉ ကောင်ရှိရာမှ တစ်ကောင် သေဆုံးသွား သော်လည်း သားပေါက်များ တိုးပွားမှုရှိလျက်ရှိသည်။ လက်ရှိအချိန်တွင် လင်းပိုင်များ ကျက်စား လေ့ရှိသော နေရာ၊ ဘက်ထရီ ရှော့ခ်တိုက်သူများ၊ ငါးဖမ်းသူများ ရှိသောနေရာများကို လေ့လာနိုင်ရန် Smart Dalta Base ထားရှိပြီး မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုရာသီသည် မြစ်ရေတိုးသောကြောင့် မြစ်ကြိုမြစ်ကြားရှိ ငါးဖမ်းပိုက်များတွင် လင်းပိုင်များ ငြိပြီး သေဆုံးတတ်သဖြင့် အထူးသတိ ပြုရန်လိုအပ်လျက်ရှိသည်။

 

သူသူထက်လွင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616