Main menu
HOT NEWS
adv
စစ်ကိုင်း ညဈေးတန်းကို သွားလာရေး အဆင်ပြေသည့်  မင်းလမ်းရပ်ကွက်သို့ ပြောင်းရွှေ့ ဖွင့်လှစ်

စစ်ကိုင်း ညဈေးတန်းကို သွားလာရေး အဆင်ပြေသည့် မင်းလမ်းရပ်ကွက်သို့ ပြောင်းရွှေ့ ဖွင့်လှစ်

စစ်ကိုင်း

စစ်ကိုင်းမြို့ မြို့မဈေးတောင်ဘက်တွင် ဖွင့်လှစ်ရောင်းချနေသည့် ညဈေးတန်း ဆိုင်ခန်းများကို သွားလာရေးအဆင်ပြေသည့် မင်းလမ်းရပ်ကွက် လမ်းမတန်းနေရာသစ် သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

မေ ၁၄ ရက် ည ၆ နာရီခွဲက ညဈေးတန်းနေရာသစ် ပြောင်းရွှေ့ခြင်းအထိမ်းအမှတ်ဖွင့်ပွဲကို ဘူတာလမ်းထောင့်တွင် ကျင်းပရာ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်နှင့် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးထွန်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ စစ်ကိုင်းညဈေးတန်းအသစ်ကို ညနေ ၅ နာရီကျော် ၆ နာရီမှ နေ့စဉ် ည ၁၁ နာရီခန့်အထိ ရောင်းချမည်ဖြစ်ရာ ညပိုင်းရောင်းချရာတွင် လျှပ်စစ်မီး ရရှိရေးကိုပါ မြို့နယ်စည်ပင်မှ ဆောင်ရွက်ပေးထားသည်။


စစ်ကိုင်းညဈေးတန်းအသစ်ကို မင်းလမ်းရပ်ကွက် ဘူတာရုံမှ ဇေယျာသီရိရုပ်ရှင်ရုံ အကြားနှင့် ရွှေနှင်းဆီစာပေမှ အမှတ်(၂)အထက အရှေ့ဘက် ထူပါရုံလမ်းတစ်လျှောက် ပြောင်းရွှေ့နေရာချထားသည်။ ညဈေးတန်း ဖွင့်လှစ်ရောင်းချရန် မြို့နယ်စည်ပင်သို့ လာ ရောက်ဆက်သွယ်စာရင်းပေးထားသူ ၁ဝဝ ခန့်ရှိသော်လည်း ဖွင့်ပွဲနေ့တွင် ဈေးဆိုင်၅ဝ ခန့် လာရောက်ခင်းကျင်းရောင်းချသည်။ စစ်ကိုင်းညဈေးတန်းနေရာ၌ အမှိုက်ကင်းရှင်းရေး အတွက် မြို့နယ်စည်ပင်သန့်ရှင်းရေးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

လှိုင်ထွေးအောင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191