Main menu
HOT NEWS
adv
၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အနီး ဗုံးဟုယူဆရသော အထုပ် တွေ့ရှိသဖြင့် ပြည်ထောင်စု လမ်းမကြီးကို တစ်နာရီခန့် ပိတ်လိုက်ရ

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အနီး ဗုံးဟုယူဆရသော အထုပ် တွေ့ရှိသဖြင့် ပြည်ထောင်စု လမ်းမကြီးကို တစ်နာရီခန့် ပိတ်လိုက်ရ

လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်အနီး မော်တောင်းကျေးရွာ ဝန်းကျင်တွင် ဗုံးဟုယူဆရသော ပစ္စည်းထုပ်ကို တွေ့ရှိရသဖြင့် ပြည် ထောင်စုလမ်းမကြီးကို တစ်နာရီခန့် ပိတ်ဆို့၍ ရှင်းလင်းလိုက်ရကြောင်းသိရသည်။ မော်တောင်းကျေးရွာ ကြက်ဆူစိုက်ခင်းအနီးတွင် ခြံပိုင်ရှင် တစ်ဦးက ဇူလိုင် ၁၃ ရက် ညနေပိုင်းက ခြံရှင်းနေစဉ် ဗုံးဟုယူဆရ သောပစ္စည်းကို တွေ့ရှိရခြင်းကြောင့် နယ်မြေရဲတပ်ဖွဲ့သို့ အကြောင်းကြား လာသဖြင့် နယ်မြေရဲတပ်ဖွဲ့နှင့် ပူး ပေါင်းအဖွဲ့များက ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။


''ခြံရှင်းနေရင်းနဲ့ ဗုံးလို့ ထင်ရတဲ့ဟာကို တွေ့တယ်ဆိုပြီး သတင်းပေးလို့ ကျွန်တော်တို့ ပူး ပေါင်းအဖွဲ့စုံတွေ သွားရောက်ပြီး တော့ တွေ့တဲ့အထုပ်ကို သေနတ် နဲ့ ပစ်ဖောက်ခဲ့ပါတယ်။ ပေါက်ကွဲမှု မရှိခဲ့ပါဘူး။ နာရီဝက်လောက် ရှင်းလင်းလိုက်ပါတယ်။ အေးဆေးဖြစ်သွားပါပြီ''ဟု ၁ဝ၅ မိုင် ရဲကင်းမှူး ရဲအုပ်ကျော်ဟန်ဆွေက ပြောသည်။ အဆိုပါမော်တောင်း ကျေးရွာ ကြက်ဆူစိုက်ခင်းအနီး၌ ဗုံးဟုယူဆရသောပစ္စည်းအား ရှင်း လင်းနေချိန်တွင် ပြည်ထောင်စုလမ်းမ ကြီးပေါ်၌ ယာဉ်အသွားအလာ တစ်နာရီခန့် ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။


''ကိုယ်က မူဆယ်က ပြန်လာတာပါ။ ဒီကြက်ဆူခင်းနား ရောက်တော့ တပ်မတော်သားတွေက ကားကိုတားလို့ ရပ်ပေးလိုက်တာ။ ချက်ချင်းတော့ ဘာဖြစ်မှန်းမသိဘူး၊ နောက်မှသိရတယ်။ ဗုံးတွေ့လို့ ကားတွေ ခဏရပ်ခိုင်းတာပါတဲ့။ တစ်နာရီလောက်တော့ကြာတယ်၊ ရပ်နေရတာ။ ပြီးတော့ ချက်ချင်းလမ်းဖွင့်ပေးပါတယ်။ ရှမ်းမြောက်မှာက ဗုံးဖောက်ခွဲမယ်လို့ သတင်း တွေ ထွက်ပေါ်နေတော့ နည်းနည်း တော့ လန့်သွားတာပေါ့''ဟု မော် တောင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။ ဗုံးဟုယူဆရသောအရာအား ရှင်းလင်းလိုက်သော်လည်း ပေါက်ကွဲမှုတစ်စုံတစ်ရာမရှိ၊ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရပြီး အဆိုပါနယ်မြေတစ်ဝိုက်တွင် တပ် မတော်က နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း ရဲကင်း မှူးက ပြောသည်။

 

နောင်( MMK )

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191