Main menu
HOT NEWS
adv
ဟင်္သာတမြို့နယ်မှ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

ဟင်္သာတမြို့နယ်မှ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

ဟင်္သာတ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဇူလိုင် ၁ဝ ရက်မှစတင် ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျံမှုများ ဖြစ် ပေါ်နေကြောင်းသိရသည်။ ဟင်္သာတမြို့၏ စိုးရိမ် ရေမှတ်သည် ၄၄ ပေဖြစ်ပြီး ဇူလိုင် ၁၂ ရက်တွင် ဧရာဝတီမြစ်ရေသည် ၄၂ ဒသမ ၃ ပေအထိ ရှိလာသဖြင့် မြို့နယ်အတွင်းရှိ တာငုတ်၊ သဲရိုး စသည့်ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း ဟင်္သာတမြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။


''ရေကြီးတာလောက် တော့ မဖြစ်သေးပါဘူး။ စိုးရိမ်ရေ မှတ်လောက်ရောက်မှ ရေလျှံတာ လောက် ဖြစ်တာဆိုတော့ ကြိုတင် ပြင်ဆင်ထားတာတွေ ဌာနကလဲလုပ်တယ်။ ပြည်သူကလဲလုပ်နေပါတယ်။ ဘေးမှာ ဆက်စပ်တဲ့ လူမှု ရေးအဖွဲ့တွေရော ပုံမှန်ဖြစ်နေကျ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။ အန္တရာယ်ရှိသည့်အခြေ အနေမျိုးရောက်ပါက ကြိုတင်ရွှေ့ ပြောင်းရန် မြို့နယ်ကော်မတီနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ကော်မတီများရှိနေပြီး ဟင်္သာတ မြို့နယ်နှင့် ဇလွန်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် သတိပေးချက်ကိုလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားကြောင်း သိရသည်။


''စိုးရိမ်ရေမှတ်မရောက် ခင် ရေကတော့ နည်းနည်းပါးပါး ဝင်ရောက်တာတော့ ရှိတာပေါ့။ ဒါကတော့ ဒီအချိန် ဒီအရပ်ဒေသ မှာ ဒီလိုပဲဖြစ်နေကျပါ။ တကယ်လို့ ရေကြီးနစ်မြုပ်မှု ကြုံတွေ့မယ်ဆိုရင် လဲ စားနပ်ရိက္ခာအတွက် အဆင်သင့်ဖြစ်အောင်ဆိုပြီး သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးတွေရော၊ တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွေရောမှာ ရန်ပုံငွေ သီးသန့်ရုံးချုပ်က ဖယ်ပေးထားတာရှိပါတယ်''ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။ ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်းက ဟင်္သာတမြို့တွင် ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်ထက် ၄၇ ဒသမ ၉၅ ပေအထိ မြင့်တက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း ၂၂ စုမှာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၂ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝး၃ဝ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ဟင်္သာတမြို့တွင် စိုးရိမ်ရေ မှတ်အောက် နှစ်ပေခန့်တွင် ရောက် ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

မျိုးမင်းထွန်း( MMK )

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191