Main menu
HOT NEWS
adv
နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်းယာဉ်ပျံဖြင့် လုံခြုံရေးဆောင်ရွက်မည်

နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်းယာဉ်ပျံဖြင့် လုံခြုံရေးဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၁၆

နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အာဇာနည်နေ့အခမ်းအနားကျင်းပနေချိန်၌ ဒရုန်း(drone) ယာဉ်ပျံဖြင့် လုံခြုံ ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်မှသိရသည်။ အဆိုပါဒရုန်းများသည် လုံခြုံ ရေးအတွက် ကောင်းကင်မှဓာတ်ပုံ ရိုက်ခြင်း၊ သတင်းအချက်အလက်များထောက်လှမ်းရယူခြင်းအပြင် လုံခြုံရေးနှင့်ပတ်သက်သည့်ကိစ္စများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။


ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အာဇာနည်နေ့မတိုင် ခင်ရက်အနည်းငယ်မှာပဲကြိုတင်ပြီး ဒရုန်းတွေနဲ့ လုံခြုံရေးအတွက်ဆောင်ရွက်မှာပါ။ လုံခြုံရေးအတွက် ဒရုန်းအရေအတွက် ဘယ်လောက်အသုံး ပြုသွားမလဲဆိုတာကိုတော့ အတိအကျပြောမရပါဘူး။ လုံခြုံရေးကို သတင်းရရှိတဲ့အနေအထားအပေါ်မူတည် ပြီးဆောင်ရွက်သွားမှာပါ။ နိုင်ငံတော်အဆင့်ရှိသူတွေအတွက် လုံခြုံရေးကိုအတွင်းစည်း၊ အပြင်စည်းဆောင်ရွက်ထားပါတယ်''ဟု ပြောသည်။


အာဇာနည်နေ့မတိုင်မီ နေပြည် တော်၊ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် အခမ်းအနားကျင်းပမည့်နေရာများ နှင့်အနီးတစ်ဝိုက်နေရာများ၌ လုံခြုံ ရေးအတွက် မိုင်းရှာဖွေရေးအဖွဲ့များ၊ ဒရုန်းများ၊ အနံ့ခံခွေးများဖြင့် လုံခြုံ ရေးဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ယာဉ်များကို ရှောင်တခင် ပိတ်ဆို့ရှာဖွေခြင်းနှင့် မြေပြင်သတင်း ထောက်လှမ်းခြင်းတို့ကို တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။ 

 

KMZ

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191