Main menu
HOT NEWS
adv
အလုံ ဈေးသူဈေးသားများ မူလဆိုင်ခန်းအတိုင်း ပြန်ရရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်

အလုံ ဈေးသူဈေးသားများ မူလဆိုင်ခန်းအတိုင်း ပြန်ရရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ သြဂုတ် ၁၁

မူလဆိုင်ခန်း နေရာနှင့်အကျယ်ဝန်းအတိုင်းပြန်လည်ရရှိရေး အလုံဈေးသူဈေးသား ၁ဝဝ ခန့်လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့သည်။ သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီအချိန်တွင် အလုံမြို့နယ်၊ ငုဝါ လမ်းနှင့်သစ်တောလမ်းထောင့်ရှိအလုံဈေး -အလုံမြို့နယ်ဒီချုပ်ရုံး-အလုံဈေးအထိ ဈေးသူဈေးသား ၁ဝဝ ခန့်ကလမ်းလျှောက်ဆန္ဒပြကြခြင်း ဖြစ်သည်။


''ဈေးကိုအသစ်ဆောက်ဖို့ ဖျက်တုန်းက မူလဆိုင်ခန်းပိုင်ရှင်တွေကိုမူလအတိုင်းနေရာအကျယ်အ ဝန်းနဲ့ဆိုင်ခန်းတွေပြန်ပေးမယ်ဆိုပြီး တော့ ပြောခဲ့ပေမယ့် ဇွန် ၆ ရက် က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဈေးများဌာနကတာဝန်ရှိသူတွေလာ ရှင်းပြတော့ အရင်သတ်မှတ်ထားတဲ့အတိုင်းမဟုတ်တော့ဘူးဖြစ်နေ တယ်။ အဲ့ဒါကြောင့်မူလအတိုင်းပြန် ပေးဖို့တောင်းဆိုဆန္ဒထုတ်ဖော်ရတာပါ''ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဆိုင်ခန်းပိုင်ရှင် ကိုသဲမောင် ကပြောသည်။ ဆန္ဒပြရာတွင် ဈေးသူဈေးသား ၁ဝဝ ခန့်က'မူလဆိုင်ခန်းနေရာများ ပြန်လည်ရရှိရေး ဒို့အရေး''အလုံ ဈေးသူဈေးသားများလက်မခံသော ဈေးသစ်အလိုမရှိ' 'အလုံဈေးသစ်တည် ဆောက်ခြင်းအရေးယူတရားမျှတစွာ ဖြေရှင်းပေး'စသည့်ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။ ''မူလဈေးသည်တွေကို မူလ နေရာအတိုင်း ပြန်မရတော့ဘူးဆို တာမပေးနိုင်တော့ဘူးဆိုတာတိကျတဲ့အဖြေရရှိလာတဲ့အတွက် မကျေနပ်ကြလို့ ဆန္ဒပြခြင်းဖြစ်ပါတယ်။မူလဆိုင်ရှင်တွေကိုမြေညီကိုမပေး တော့ဘဲ အပေါ်ကိုတင်မယ်လို့ပြော တဲ့အတွက်လည်းပါတာပေါ့။ ဒါ ကြောင့် ဈေးသူ၊ ဈေးသားတွေက ဆန္ဒ ပြရခြင်းဖြစ်ပါတယ်''ဟု ဆိုင်ခန်းပိုင်ရှင် မကုဋေထွန်းက ပြောသည်။


အဆိုပါဈေးဟောင်းကို ၂ဝ၁၇ ခုနှစ်ဖေဖော်ဝါရီ ၁ဝ ရက်ကစတင် ဖျက်သိမ်းခဲ့ပြီး မတ် ၁ဝ ရက်တွင် ယာယီဈေးဆောက်ပေးကာ အလုံ ဈေးသစ်အဖြစ်စတင်ဆောက်လုပ်ခဲ့သည်။ ယင်းနောက် ဇွန် ၁၉ ရက်တွင် ဈေးသစ်တည်ဆောက်မှုကိုဈေးသူ၊ ဈေးသားများကပွင့်လင်းမြင်သာမှုမရှိဟုဆိုသဖြင့် မြို့တော်ဝန်၏ညွှန် ကြားချက်အရ ယနေ့အချိန်ထိရပ်ဆိုင်းခဲ့ကြောင်း သြဂုတ် ၄ ရက်တွင် ဈေးသူဈေးသားများနှင့်ဈေးများဌာန မှတာဝန်ရှိသူတို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ရာ ဈေးသစ်စီမံကိန်းကို ဆက်လက် ဆောက်လုပ်မည်ဖြစ်ပြီး ယခင်ပြောဆိုခဲ့သည့်အတိုင်းမဟုတ် တော့ကြောင်း စည်ပင်မှထပ်မံပြောဆိုလာသဖြင့် မူလနေရာအကျယ်အဝန်းအတိုင်း ပြန်လည်ရရှိရေး တောင်း ဆိုခြင်းဖြစ်ကြောင်း သိရသည်။


''ဒီနေ့ကျွန်မတို့ရဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ထိလာပြီး ဆန္ဒထုတ်ဖော်ကြတယ်ဆိုတော့ သူ့တို့ရဲ့အခက်အခဲကိုကိုယ်ချင်းစာမိတဲ့အတွက်စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ကျွန်မရဲ့မဲဆန္ဒနယ် မြေမဟုတ်ပေမယ့်အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကို လှမ်းပြီးဆက်သွယ်နေပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေပြည်တော်ကနေ ပြန်ရောက်လာ လို့ ကိုယ်စားလှယ်သုံးဦးဆုံတဲ့ အခါလာမယ့် စနေ(သို့မဟုတ်)တနင်္ဂနွေ လောက်မှာ အစည်းအဝေးထိုင်သွားမှာပါ။ အစည်းအဝေးထိုင်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးချုပ်နဲ့ မြို့တော် စည်ပင်က တာဝန်ရှိသူတွေကို တွေ့ ဆုံပြီး အတတ်နိုင်ဆုံးညှိနှိုင်းသွားပါမယ်''ဟု အလုံမြို့နယ်တိုင်းဒေသကြီး-(၂) ကိုယ်စားလှယ် ဒေါ်နွယ်နွယ် ဝင်းက ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၁၁ ရက်ကပြောသည်။

 

ZLH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191